မြန်မာ့ဘောလုံးလောက ရဲ့ ရုပ်ဆိုးအကျည်းတန်ဆုံး ဝဏ္ဏသိဒိ္ဓ ကွင်းထဲက ရန်ပွဲ
မြန်မာ့ဘောလုံးလောက ရဲ့ ရုပ်ဆိုးအကျည်းတန်ဆုံး ဝဏ္ဏသိဒိ္ဓ ကွင်းထဲက ရန်ပွဲ
မြန်မာ့ဘောလုံးလောကမှာ ရုပ်ဆိုးအကျည်းတန်ဆုံး ရန်ပွဲကြီး တစ်ခုရှိခဲ့ပါတယ်။ အဲ့ဒိရန်ပွဲကြီးကတော့ ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲကြီး မကျင်းပခင် ဝဏ္ဏသိဒ္ဓိကွင်းဖွင့်ပွဲအနေနဲ့ ၂၀၁၃ မြန်မာနေရှင်နယ်လိဂ်ရဲ့ နောက်ဆုံးပွဲစဥ◌်ဖြစ်တဲ့ နေပြည်တော် FC အသင်းနဲ့ ရန်ကုန်ယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဥ◌်ကိုကျင်းပခဲ့ပါတယ်။ အဲ့ချိန်တုန်းက နေပြည်တော် FC အသင်းက သူတို့ရဲ့ အိမ်ကွင်းအဖြစ် ပေါင်းလောင်းကွင်းကိုသာ အသုံးပြုနေပေ့မယ် ဒီပွဲစဥ◌်မတိုင်ခင် နေပြည်တော် FC အသင်းနဲ့ ရန်ကုန်ယူနိုက်တက် အသင်းတို့ရဲ့ ချန်ပီယံအားပြိုင်မှုက အင်မတန်ပြင်းထန်နေတာကတစ်ကြောင်း ၊ ဝဏ္ဏသိဒ္ဓိကွင်း ကြီးကို ဖွင့်ပွဲအနေနဲ့ ကျင်းပချင်တာကြောင့်နဲ့ နေပြည်တော် FC အသင်းနဲ့ ရန်ကုန်ယူနိုက်တက် အသင်းတို့ရဲ့ ဖလားလုမယ့်နောက်ဆုံး ပွဲစဥ◌်ကို ဝဏ္ဏသိဒ္ဓိကွင်း ကွင်းကြီးထဲမှာ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ ဒါပေ့မယ် စီစဥ◌်ထားတဲ့ အတိုင်း ဖလားလူပွဲကြီးတစ်ခုတော့ မဖြစ်ခဲ့ပဲ နေပြည်တော် FCအသင်းက ဒီပြိုင်ပွဲမတိုင်ခင် ဇေယျာရွှေမြေ အသင်းနဲ့ ကစားရာမှာ တစ်ဖတ်တစ်ဂိုးစီနဲ့ သရေကျခဲ့တာကြောင့် နောက်ဆုံးပြိုင်ပွဲမတိုင်ခင်မှာ ပဲ အမှတ်ကွာဟ ချက်နဲ့ ရန်ကုန်ယူနိုက်တက် အသင်းက ချန်ပီယံ ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ နောက်ဆုံးဖလားရမယ့် ရက်ဖြစ်တာကြောင့် ရန်ကုန်ပရိတ်သတ်တွေတော်တော်များများကလည်းလိုက်ပါအားပေးခဲ့ကြပြီး ဝဏ္ဏသိဒ္ဓိကွင်းကြီးထဲမှာ ရန်ကုန် အသင်းပရိတ်သတ်တွေရော နေပြည်တော် အသင်းရဲ့ ပရိတ်သတ်တွေရော ကွင်းအပြညိ့အလျံရှိနေခဲ့တာပဲဖြစ်ပါတယ်။ ချန်ပီယံဆုဖလား အတွက် မျော်လင့်ချက်မရှိတော့ပေမယ့် နေပြည် အသင်းရဲ့ ပရိတ်သတ်အင်အားကမထင်မှတ်ထားလောက်အောင် သိသိသာသာ များပြားနေတာကပြဖြစ်ပါတယ်။ ကွင်းဝင်ကြေးကို အခမဲ့ သတ်မှတ်ပေးလိုက်တာကလည်း ပရိတ်သတ်အင်အားတိုးစေတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဘောလုံးပွဲမစခင်ကတည်းက ပရိတ်သတ်တွေရဲ့ အားပြိုင်မှုက ပြင်းထန်ခဲ့ပြီး ပရိတ်သတ်အချို့က အတော်လေးမူးရစ်နေကြပြီး ရမ်းကားနေကြတဲ့ အခြေအနေ တွေ့ကို တွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။ ပွဲကစားဖို့နီးစပ်နေတဲ့အချိန်မှာ မြန်မာနေရှင်နယ် ပြိုင်ပွဲတွေရဲ့ထုံးစံ အတိုင်း ပရိတ်သတ်အချင်းချင်း ဆဲဆိုနေကြပြီး ပွဲကစားဖို့နီးစပ်လာတာအတဲ့ အမျှ ပရိတ်သတ်အင်အားက များပြားလာခဲ့ပြီး လူ ၃ သောင်းကျော်ဝင်ဆံတဲ့ ဝဏ္ဏသိဒ္ဓိကွင်း ကြီးထဲမှာ ပရိတ်သတ်စုစုပေါင်း ၃ သောင်းလောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ ပြိုင်ပွဲ စတဲ့အချိန်မှာတော့ နေပြည်ပရိသတ်တွေရဲ့ အားပြိုင်မှုက အတော်လေးကြမ်းခဲံပြီး ဒိုင်လူကြီးဆုံးဖြတ်ချက် တစ်ခုချတိုင်း ဆဲဆိုသံတွေက ဝဏ္ဏသိဒ္ဓိကွင်းကြီးထဲမှာ ပျံနှံနေတာပဲဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက် အသင်းပွဲကစားချိန်အတွင်းမှာ ပင်နယ်တီ အခွင့်အရေးတစ်ကြိမ်ရရှိခဲ့ပြီး အဲ့ဒိ ပင်နယ်တီ အဆုံးအဖြတ်ကြောင့်ပဲ ပြိုင်ပွဲက ပိုမို ကြမ်းတမ်းလာခဲ့ပါတယ်။ ပင်နယ်တီ ပေးလိုက်ချိန်မှာ နေပြည်တော် ပရိတ်သတ်အချို့က ကွင်းအတွင်းကို ဝင်ရောက်ခဲ့ပြီး ကွင်းလယ်ဒိုင်ကို ပြသာနာရှာခဲ့ကြတာပဲဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက် အသင်းက ရရှိလာတဲ့ပင်နယ်တီ အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပြီး ၁-၀ ဦးဆောင်နိုင်ခဲ့ပါတယ်။ ရန်ကုန် ယူနိုက်တက် အသင်း ဦးဆောင်ဂိုး ရရှိခဲ့တဲ့ အချိန်မှာ ကွင်းတွင်း ကစားသမားတွေနဲ့ ပရိတ်သတ်တွေရဲ့ ပြိုင်ဆိုင်မှုတွေကပိုမိုပြင်းထန်လာခဲ့ပြီး ကစားချိန်အတွင်း နေပြည်တော် ကစားသမားတစ်ဦးဖြစ်တဲ့ ခိုင်ထူး က ရန်ကုန်ယူနိုက်တက် အသင်းရဲ့ နောက်ခံကစားသမား ရန်အောင်ကျော် မျက်နှာ ကို ကွန်ဖူးကစ်နဲ့ ကန်ခဲ့ရာကနေ ပြသနာတွေစဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ ပြသာနာတွေက တော်တော်လေးကြီးမားခဲ့ပြီး နေပြည်တော်ပရိတ်သတ်တွေက ကွင်းအတွင်းကို ဝင်လာခဲ့ပြီး ရန်ကုန်ကစားသမားတွေကို လိုက်ရိုက် နည်ပြအဖွဲ့ဝင်အချို့ကလည်းထွက်ပြေးခဲ့ပြီး အချို့ကလည်း ပြန်လည်ခုခံခဲ့ကြတာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေက ပွဲကြည်စင်က ထိုင်ခုံတွေရိုက်ချိုးပြီး ဘောလုံးပွဲ ကတော်တော်လေး ရုပ်ပျက်ခဲ့ရပါတယ်။ ကစားသမား တစ်ချို့ကလည်း ရန်ပွဲမှာ ပါခဲ့ပြီး မြန်မာ့ဘောလုံးလောကမှာ အမဲစက်ကြီးတစ်ခုဖြစ်ခဲ့ရပါတယ်။ ဟုတ်ကဲ့ပါဒိနေ့တင်ဆက်ပေးသွားတာကတော့ အချိန်အားဖြင့် ၁၀ စုနှစ် တစ်ခု ကြာခဲ့ပြီဖြစ်ပေ့မယ် ယနေ့အချိန်ထိ မမေ့နိုင်သေးတဲ့ မြန်မာဘောလုံးလောကမှာ ရုပ်ဆိုးအကျည်းတန်ခဲ့တဲ့ သမိုင်းဝင်ရန်ပွဲ တစ်ခုဖြစ်တဲ့ ဝဏ္ဏသိဒ္ဓိကွင်း ထဲကရန်ပွဲ အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )