Champion League မရဖူးတဲ့ အကောင်းဆုံး ကစားသမား ( ၅ ) ယောက်
Champion League မရဖူးတဲ့ အကောင်းဆုံး ကစားသမား ( ၅ ) ယောက်
ဥရောပဖလားတွေထဲမှာ တန်ဖိုးအမြင့်ဆုံးနဲ့ အရေးပါဆုံးသော ဆုဖလားတစ်ခု အဖြစ် ချန်ပီယံဖလားကို သတ်မှတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ကလပ် အတိုင်းတိုင်းရဲ့ အကြီးမားဆုံးသော အောင်မြင်မှုဖြစ်တဲ့ ချန်ပီယံလိဂ် ဖလားကို သိမ်းပိုက်နိုင်မယ့် အိမ်မက်က အသင်းတိုင်းလိုလိုမှာရှိကြတာပဲဖြစ်ပါတယ်။လက်ရှိ အကောင်းဆုံးဘောလုံး အသင်းတွေ အကြောင်းပြောရင် ချန်ပီယ့လိဂ် မရရှိဖူးတဲ့ အသင်းတွေကို အသင်းကြီးအဖြစ်သတ်မှတ်ဖို့ ကခက်ခဲ့တဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ အာကြောင့် အသင်းတိုင်းနီးပါးက ချန်ပီယံလိဂ် ဝင်ရောက်ယှဥ◌်ပြိုင်နိုင်ဖို့နဲ့ ချန်ပီယံလိဂ် ဆုဖလားကြီးကို သိမ်းပိုက်နိုင်ဖို့အတွက် နှစ်တိုင်းနှစ်တိုင်း အသင်းကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ကစားသမားကောင်းတွေ နည်းပြကောင်းတွေကို အမြဲလိုလို ဖြည့်တင်းနေကြတာပဲဖြစ်ပါတယ်။ ဘောလုံးလောကမှာ ဥရောပဖလားတွေထဲမှာ အကြီးမားဆုံးသော ဖလားတစ်ခုဖြစ်တဲံ ချန်ပီယံလိဂ် ဖလားကိုသိမ်းပိုက်နိုင်ခဲ့ကြတဲ့ ကစားသမားကောင်းများစွာရှိသလိုချန်ပီယံလိဂ် ဖလားကို မကိုင်မြှောက်ဖူးတဲ့ ကစားသမားကောင်းများစွာလည်းရှိပါတယ်။ အခုတင်ဆက်ပေးသွားမှာကတော့ ကစားသမား ကောင်းတစ်ယောက်ဖြစ်ပေ့မယ်လည်း ကစားသမားဘဝ ချန်ပီယံလိဂ် ဖလားကို မရရှိခဲ့ကြတဲ့ ကစားသမားတွေထဲကမှ ၅ ယောက်အကြောင်းပဲဖြစ်ပါတယ်။
၁. ဇလာတန်
ဘောလုံးလောကရဲ့ နတ်ဘုရားကြီး ဇလာတန်က ကစားသမားကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာ သူရဲ့ လှပသေသပ်တဲ့ ဂီုးတွေနဲ့ အကြိမ်ကြိမ်သက်သေပြပြီးပြီပဲဖြစ်ပါတယ်။ ဇလာတန်က ကစားသမားဘဝ ကို ဘာကာ ၊ မန်ယူ ၊ အေစီ ၊ PSG ၊အင်တာ သတဲ့ ဥရောပ အသင်းကြီးတွေမှာ ကျင်လည်ခဲ့ပေ့မယ် ချန်ပီယ့လိဂ်ဖလားကိုတော့ မရရှိဖူးတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။
၂. အဂဲရိုလ်
ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုးတွေထဲကတစ်ဦးဖြစ်တဲ့ အဂဲရိုလ် ကလည်း ချန်ပီယံလိဂ် ဖလားကို မရရှိဖူးဆဲ့ ကစားသမားတွေထဲ ကတစ်ယောက်ပဲဖြစ်ပါတယ်။ အဂဲရိုလ် က ကစားသမားဘဝ ချန်ပီယ့လိဂ်ပွဲပေါင်း ၇၉ ပွဲ ကစားခဲ့ဖူးပြီး ၄၁ ဂိုးသွင်းကာ ၉ ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဂဲရိုလ် က ချန်ပီယံလိဂ် ဆုဖလားကိုသိမ်းပိုက်နိုင်ဖို့ မန်စီးတီဂ အသင်းနဲ့ အတူ အကြိမ်ကြိမ် ကြိုးစားခဲ့ပေ့မယ်မရရှိခဲ့ပါတယ်။ အဂဲရိုလ် ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့သွားတဲ့ ဘောလုံးရာသီကြမှ မန်စီးတီး အသင်း က ချန်ပီယ့လိဂ် ဆုဖလားကြီးကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် အဂဲရိုလ် တစ်ယောက် ကံဆိုးခဲ့တယ်ပဲ ပြောရမှာဖြစ်ပါတယ်။
၃. ဖာဘရီ ကတ်
သူခေတ်သူအခါမှာ အကောင်းဆုံးကွင်းလယ် ကစားသမား တစ်ဦးဖြစ်ခဲ့ပြီး ကစားခဲ့တဲ့ အသင်းတိုင်းအတွက် မရှိမဖြစ်ကစားသမား တစ်ဦးဖြစ်ခဲ့တဲ့ ဖာဘရီ ကတ် က လည်း ချန်ပီယံလိဂ် ဖလား မရရှိဖူးတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ခြေစွမ်းကောင်းတွေပြသနိုင်တာကြောင့် အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်းဖြစ်လာခဲ့တဲ့ ဖာဘရီကတ်ကလဲ ချန်ပီယ့လိဂ်ဖလားနဲ့ ကံမဆပ်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ ဘာစီ ၊ ချယ်ဆီး ၊ အာဆင်နယ် စတဲ့ အသင်းကြီးတွေမျာ ကစားခဲ့ပေ့မယ် ချန်ပီယ့လိဂ် ဆုဖလားကြီးနဲ့တော့ ဝေးကွာခဲ့ရတာပဲဖြစ်ပါတယ်။
၄. ရော်နယ်ဒို နာဇာရီယို
1990 မျိုးဆက်ရဲ့ အကောင်းဆုံး တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဒိုကြီးကလည်း တစ်ဦးတစ်ယောက်ချင်းဆုတွေထဲမှာ အကြီးကျယ်အခမ်းနားဆုံးသော ဘောလွန်ဒီအောဆု ကို ၂ ကြိမ်တိုင်တိုင် ရရှိဖူးတဲ့ အပြင် နိုင်ငံ အသင်းဖြစ်တဲ့ ဘရာဇီး အသင်းနဲ့ပါ အောင်မြင်မှုများစွာရရှိထားတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ အေစီ ၊ အင်တာ ၊ ရီးရဲလ် ၊ ဘာစီ စတဲ့ ဥရောပအသင်းကြီးတွေမှာ ကစားသမား ဘဝ ကို ဖြတ်သန်းခဲ့ပေ့မယ် ကစားသမား ဘဝတစ်လျောက် ချန်ပီယံလိဂ် ဖလားကို တော့ မဆွတ်ခူးနိုင်ခဲံပါဘူး ။
၅. ဘူဇွန်
ဂျူဗင်တပ် အသင်းရဲ့ ဂန္ဓဝင်ဂိုးသမား ကြီး ဘူဖွန်ကတော့ ကမ္ဘာ့အကောင်းဆုံးလက်စွမ်းတွေကို ကလပ်အသင်းတွေမှာရော နိုင်ငံအသင်းမှာပါ ပြသခဲ့ပြီး ဆုဖလားပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆိုတဲ့ ဂုဏ်ပုဒ် တစ်ခုကို အချိန်တစ်ခုကြာအောင် အကောင်းဆုံးလက်စွမ်းတွေနဲ့ ထိန်းသိမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ နိုင်ငံ အသင်းနဲ့လည်း ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပေ့မယ့်လည်း သူ့ရဲ့ ကစားသမား ဘဝကတော့ ချန်ပီယံလိဂ် ဖလားကြီးဆွတ်ခူးဖို့ကံမပါလာခဲ့တာပဲဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာတော့ ကစားသမား ဘဝ တောက်လျောက် အကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့ပြီး ဆုဖလားများစွာကို သိမ်းပိုက်နိုင်ခဲ့ပေ့မယ် ချန်ပီယ့လိဂ် ဖလားကို မဆွတ်ခူးနိုင်ခဲ့ကြတဲ့ နာမည်ကျော် ကစားသမားတွေထဲကမှ ၅ ယောက် အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )