တစ်ချိန်က ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းမုဆိုးဖြစ်ခဲ့တဲ့ ရော်ဘင်ဗန်ပါစီ
တစ်ချိန်ကပရီးမီးယားလိဂ်အသင်းတိုင်းကြောက်ရတဲ့တိုက်စစ်မှူးတစ်ယောက်ရှိခဲ့ဖူးပါတယ်။ ဘယ်ခြေ နဲ့ ဂိုးသွင်းပေးရမလား ၊ ညာခြေနဲ့ပဲ ဂိုးသွင်းပေးရမလား ၊ ခေါင်းတိုက်ပဲသွင်းပြရမလား သူ့ဆီ ရောက်လာတဲ့ ဘောလုံး ကို ကြုံရင်ကြုံသလို ဂိုးသွင်းနိုင်ပြီး အဆုံးသတ် သေချာ တဲ့ တိုက်စစ် မှူး တစ်ဦးလည်းဖြစ်ပါတယ်။ အဲ့ဒိ ပြိုင်ဘက် ခံစစ် ကစားသမားတွေနဲ့ ဂိုးသမားတွေကို သွေးပျက် တုန်လှုပ်ခြောက်ခြားစေတဲ့ ကစားသမား ကတော့ ရော်ဗင် ဗန်ဗာစီ ပဲ ဖြစ်ပါတယ်။ အာဆင်နယ် အသင်း က ဗန်ဗာစီ ထွက်သွားပြီး ကတည်း က အသင်းရဲ့ တိုက်စစ် ဗန်ဗာစီ နေရာမှာ လက်ကာဇက် ၊ အူဘာမီယန် တို့နဲ့ အစားထိုးခဲ့ သလို ဂျီရူး ၊ ဂျေဆူး တို့နဲ့ကလဲ ဗန်ဗာစီ ရဲ့ နေရာ ကို အပြည့်အဝ အစားမထိုးနိုင်ခဲ့ပါဘူး ။ ဗန်ဗာစီ ထွက်သွားပြီး ကတည်းက အာဆင်နယ် အသင်းမှာ ဒေါင်ဒေါင်မြည် တိုက်စစ် ကစားသမားမျိုး က လုံးဝ ပျောက်ဆုံးသွားခဲ့တာပဲဖြစ်ပါတယ် ။
အာဆင်နယ် အသင်းပဲလားဆိုတော့ မဟုတ်သေးပဲ မန်ယူချက်စတာ အသင်းရဲ့ ဂန္ထဝင် နည်းပြကြီးဖြစ်တဲ့ ဆာအဲလက်ဖာကူဆန် ရဲ့ နောက်ဆုံးခေါ် ယူခဲ့တဲ့ တိုက်စစ် မှူးလဲဖြစ်ပါတယ်။ ဗန်ဗာစီထွက်သွားပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက် အသင်းက ပြိုင်ဘက်ခံစစ် ကသားသမားတွေ အတွက် အိမ် မက်ဆိုးဖြစ်တဲ့ ဗန်ဗာစီ လို တိုက်စစ်မှူး မရှိတော့တာပဲဖြစ်ပါတယ်။ ရော်ဘင် ဗန်ဗာစီ ကို 1983 ခုနှစ် ဩဂုတ် လ 6 ရက်နေ့ ရော့တာဒမ် မှာ မွေးခဲ့တာပဲဖြစ်ပာတယ်။ ငယ်စဥ် ကတည်းက ဘောလုံး ကစားနည်း ကိုဝါသနာ ပါခဲ့ပြီး အသက် 5 နှစ် အရွယ်မှာပဲ ပြည်တွင်းကလပ် အသင်းတစ်သင်းဖြစ်တဲ့ Excelsior အသင်းရဲ့ လူငယ် အသင်းမှာ စတင်ကစားခဲ့တာပဲဖြစ်ပါတယ်။ ဗန်ဗာစီ က ကစားသမားဘဝ အစပိုင်းမှာ တောင်ပံကစားသမား တစ်ယောက်အနေနဲ့ ကစားခဲ့တာပဲဖြစ်ပါတယ်။ 2001-02 ရာသီမှာ ဗန်ဗာစီက ဖီယင်နု လူငယ် အသင်းကို ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ ဖီယင်နု လူငယ် အသင်းမှာ ကစားနေတဲ့ အချိန်မှာပဲ ဖီယင်နု အသင်းကြီး ရဲ့ ကစားသမား အများအပြား ဒဏ်ရာပြသနာတွေ ကြောင့် ဗန်ဗာစီ တစ်ယောက် အသက် 17 နှစ်မှာပဲ ဖီယင်နု အသင်းနဲ့ အတူ ပထမဆုံး ပွဲထွက် ကစားခွင့်ရရှိခဲ့ပါတယ်။ ဖီယင်နု အသင်းမှာ အကောင်းဆုံးခြေစွမ်းပြကာ ဖီယင်နု အသင်း နဲ့ အတူ ယူအီးအက်ဖ်အေဖလား တစ်ကြိမ်၊ knvb ဖလားတစ်ကြိမ်၊ Johan Cruyff Shield တစ်ကြိမ် တို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 2004 ခုနှစ် မှာ အာဆင်နယ် အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ် ကစားသမား ဒန်းနစ် ဘားကမ့် ရဲ့ နေရာမှာ အစားထိုးရန် အတွက် ဖီယင်နု အသင်းရဲ့ တောင်ပံကစားသမား ဖြစ်တဲ့ ရော်ဘင်ဘန်ဗာစီ ကို ပြောင်းရွှေ့ကြေး ပေါင် 5 သန်း နဲ့ ခေါ် ယူခဲ့တာပဲဖြစ်ပါတယ်။
အာဆင်နယ် အသင်းရဲ့ ဂန္ထဝင် နည်းပြ ကြီး အာဆင်ဝင်းဂါး က ရော်ဘင်ဗန်ဗာစီ ကို အထောင်တိုက်စစ်မှူး အဖြစ်ပြောင်းလဲ ကစားစေခဲ့ပြီး အသင်းတိုင်းကြောက်ရတဲ့ ဂိုးသွင်း မုဆိုး တစ်ယောက် ဖြစ်အောင် လုပ်ပေးနိုင်ခဲ့ ပါတယ်။ဗန်ဗာစီ အသင်း က အာဆင်နယ် အသင်းရဲ့ ပထမဆုံး ရာသီမှာတော့ ဒဏ်ရာပြသနာတွေကြောင့်ရော တိုက်စစ် ကစားသမားတစ်ယောက် အဖြစ် ပြောင်းလဲကစားရတာကြောင့် အခက်အခဲ အများကြီး နဲ့ ရင်ဆိုင်ခဲ့ရပြီး အဆိုးဝါးဆုံး ရာသီ တစ်ခု ကို ဖျက်ကျော် ခဲ့ရပါတယ်။ 2005 -06 ရာသီမှာတော့ ဗန်ဗာစီ က အကောင်းဆုံး ပုံစံတွေ နဲ့ ပြန်လာနိုင်လာခဲ့ပြီး နိုဝင်ဘာလ ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုလဲ ရရှိခဲ့တာပဲဖြစ်ပါတယ်။ နိုဝင်ဘာလ မှာ 8ပွဲ ကစားပြီး ဗန်ဗာစီ က 8 ဂိုးအထိ သွင်းယူနိုင်ခဲ့တာလဲဖြစ်ပါတယ်။ 2007-08 ရာသီမှာ သီရာဂို အွန်နရီ က ဘာစီလိုနာ အသင်းကိုပြောင်းရွှေ့သွားတာကြောင့် ဗန်ဗာစီက အာဆင်နယ် အသင်းရဲ့ တိုက်စစ် ကို အဓိက ဦးဆောင်ခဲ့ရပါတယ်။ ဗန်ဘာစီ က အာဆင်နယ် အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေ နဲ့ အတူ သူ့ရဲ့ နည်းစနစ်ပိုင်း ကောင်းမွန်မှူ ၊ vision ၊ အဆုံးသတ်ပိုင်းကောင်းမွန်မှုတို့ကြောင့် ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံးတိုက်စစ် မှုး တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဗန်ဗာစီ က 2011 - 12 ရာသီမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ အတူ သွင်းဂိုး 30 အထိ သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ရဲ့ သွင်းဂိုးအများဆုံးရွှေဖိနပ်ဆု ရရှိခဲ့ရုံသာ မက အာဆင်နယ် အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ကိုလည်း ရရှိခဲ့ပါတယ်။ ဗန်ဗာစီ က 2012 - 13 ရာသီမှာ ဆုဖလားအောင်မြင်မှုတွေ ပိုမို ရရှိချင်တာကြောင့် ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဗန်ဗာစီ က အာဆင်နယ် အသင်းနဲ့ အတူ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံးတိုက်စစ်မှုးတစ်ယောက်ဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပြီး အာဆင်နယ် အသင်းနဲ့ အတူ FAဖလားတစ်ကြိမ် ၊ FA ကွန်မြူနတီဒိုင်းတစ်ကြိမ် တို့ကို ရရှိခဲ့ ပါတယ်။
ဗန်ဗာစီက 2012 ခုနှစ် ဩဂုတ် လ 17 ရက်နေ့မှာ ပြောင်းရွှေ့ကြေး ပေါင် 22.5 သန်းဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။ ဗန်ဗာစီ က ပြောင်းရွှေ့ခဲ့တဲ့ ပထမဆုံး ရာသီမှာ ပဲ အကောင်းဆုံးခြေစွမ်းတွေနဲ့ အတူ သူ့ရဲ့ ကစားသမား ဘဝ ဒု တိယ မြောက် ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံးရွှေဖိနပ်ဆု ကို 26 ဂိုးအထိ သွင်းယူပြီး ရရှိခဲ့တဲ့ အပြင် သူ့ရဲ့ ကစားသမား ဘဝ မှာသိပ်ကိုလိုချင်နေတဲ့ ပရီးမီးယားလိဂ် ဖလားကိုလည်းရရှိခဲ့ပါတယ်။ မန်ယူ အသင်းမှာ 3 ရာသီ ကြာ ကစားခဲ့ပြီး FA ကွန်မြူနတီ ဒိုင်းကိုလည်းရရှိခဲ့ပါတယ်။2015 ခုနှစ် ဇူလိုင် လ 14 ရက်နေ့မှာ မန် ချက်စတာယူနိုက်တက် အသင်း ဖီနာဘာဂျီ အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး 2018 ခုနှစ်မှာတော့ အသင်းဟောင်းဖြစ်တဲ့ ဖီယနု အသင်း ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ အခုတင်ဆက်ပေးသွားတာကတော့ ကစားသမား ဘဝ ကို ပရီးမီးယားလိဂ် မှာ ဂိုးသွင်းမုဆိုး အဖြစ် ဖြတ်သန်းခဲ့တဲ့ ရော်ဘင်ဗန်ဗာစီ အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ကြည့်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီ တိုင်းကို ကျေးဇူး အများကြီးတင်ရှိပါတယ်။
#mmmedia
#robinvanpersie
#strikers
#formerfootballer
#arsenal
#manchesterunited
#facommunityshield
#uefacup
#knvbcup
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)