Ac Milan နဲ့ inter နှစ်သင်းလုံးမှာ ကစားဖူးတဲ့ ကစားသမား ၅ ယောက်
Ac Milan နဲ့ inter နှစ်သင်းလုံးမှာ ကစားဖူးတဲ့ ကစားသမား ၅ ယောက်
Ac Milan နဲ့ Inter Milan အသင်းတို့က ဘောလုံးသမိုင်းတစ်လျောက် အကောင်းဆုံး ဒါဘီ ပြိုင်ဘက်တွေဖြစ်တယ်ဆိုတာ သူတို့နှစ်သင်းတွေ့ဆုံတိုင်း ပြင်းထန်တဲ့ အားပြိုင်မှုတွေ ၊ ရေကုန်ရေခန်းကစားတက်တာတွေ ၊ အနိုင်မခံ အရှုံးမပေးပဲ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်တာတွေက ကောင်းကောင်းကြီး သက်သေပြပြီးပြီပဲ ဖြစ်ပါတယ်။ Milan မြို့မှာ တည်ရှိတဲ့ အသင်းနှစ်သင်းဖြစ်ပြီး Ac Milan နဲ့ inter နှစ်သင်းလုံး က San Siro Stadium ကို အိမ်ကွင်း အဖြစ် တူတူ မျှဝေသုံးနေတာပဲဖြစ်ပါတယ်။Derby della Madonnina (Milan Derby) ဆိုတဲ့ သူတို့နှစ်သင်းရဲ့ အားပြိုင်မှုက အီတလီ ဘောလုံးလောကရဲ့ အကောင်းဆုံး ဒါဘီတွေထဲကတစ်ခု ဖြစ်ပါတယ်။Ac Milan အသင်းကို ၁၈၉၉ ခုနှစ်က အင်္ဂလိပ် ကစားသမားတွေနဲ့ အီတလီ ကစားသမားတွေ ပေါင်းပြီး စတင်တည်ထောင်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပေမယ့် ၁၉၀၈ ခုနှစ် အရောက်မှာတော့ Ac Milan အသင်းနဲ့ အဆင်မပြေတဲ့ ကစားသမားတွေက Ac Milan အသင်းက ထွက်ခွာပြီး Inter Milan အသင်းကို စတင်တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါဘီ ပြိုင်ဘက်တွေဖြစ်ကြပေ့မယ့် နှစ်သင်းလုံးမှာ ကစားခဲ့ဖူးတဲ့ ကစားသမား အရေအတွက်က အခြားဒါဘီတွေထက် သိသိသာသာ ပိုမိုများပြားနေတာပဲဖြစ်ပါတယ်။ဒီနေ့တင်ဆက်ပေးသွားမှာကတော့ Ac Milan နဲ့ inter နှစ်သင်းလုံးမှာ ကစားခဲ့ဖူးတဲ့ ကစားသမားတွေထဲကမှ ကစားသမား ၅ ယောက် အကြောင်းပဲဖြစ်ပါတယ်။
၁. ပီယာလို
ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး playmaker တွေထဲကတစ်ယောက်ဖြစ်တဲ့ ပီယာလိုက အေစီ နဲ့ အင်တာ နှစ်သင်းလုံးမှာ အကောင်းဆုံး ကမ္ဘာ့အဆင့်ခြေစွမ်းတွေကို ပြသနိုင်ခဲ့ပါတယ်။ ပီယာလိုက အင်တာမီလန် အသင်းမှာ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်ထိ ကစားခဲ့ပြီးတဲ့နောက်မှာတော့ အေစီမီလန် အသင်းကို ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။အေစီမီလန်မှာ ၂၀၀၁ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ထိ ကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို ၂ ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။အေစီမီလန်မှာ ၁၀ နှစ်ကြာဖြတ်သန်းခဲ့ပြီး ကမ္ဘာ့အဆင့်ခြေစွမ်းတွေနဲ့ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာကို အကြိမ်ကြိမ် သက်သေပြခဲ့တာပဲဖြစ်ပါတယ်။
၂. ဇလာတန် အီဗရာမိုဗစ်
ကမ္ဘာ့ဘောလုံးလောကရဲ့ လေနတ်ဘုရားကြီးလို့ ခေါ်ဝေါ်ကြတဲ့ ဇလာတန် အီဗရာမိုဗစ် ကလဲ အေစီ နဲ့ အင်တာ နှစ်သင်းလုံးမှာ ကစားခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ နှစ်သင်းလုံးနဲ့ အောင်မြင်မှု များစွာကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဇလာတန်ကလည်း ဘောလုံးလောကရဲ့ အကောင်းဆုံးတိုက်စစ် ကစားသမားတွေထဲကတစ်ယောက်ပဲဖြစ်ပါတယ်။ ဇလာတန်က အင်တာမီလန် အသင်းမှာ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့ပြီး စီးရီးအေ ဖလားကို ၃ ကြိမ်တိုင်တိုင် သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ အေစီမီလန် အသင်းကို ရောက်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ စီးရီးအေ ဖလားကို အေစီ အသင်းနဲ့ အတူ နောက်တစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ အေစီ အသင်းကနေ ထွက်ခွာသွားခဲ့ပေမယ့် ၂၀၂၀ ခုနှစ်မှာ အေစီမီလန် အသင်းကို နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာခဲ့ပြီး သူက အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတာကို ၂၀၂၂ ခုနှစ်ရဲ့ စီးရီးအေ ဖလားကို ဆွတ်ခူးပြီး ကောင်းကောင်းကြီး သက်သေပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။
၃. စီးဒေါ့
Physical ကောင်းကောင်းနဲ့ long-range shots နဲ့ passing accuracy တွေကို ထိထိရောက်ရောက် ပေးနိုင်ပြီး ကွင်းလယ်နေရာစုံမှာ ကစားနိုင်တဲ့ နယ်သာလန် ကစားသမားကြီး စီးဒေါ့ကလည်း အေစီ နဲ့ အင်တာ နှစ်သင်းလုံးမှာ ကစားခဲ့ဖူးတဲ့ကစားသမား တစ်ယောက်ဖြစ်ပါတယ်။စီးဒေါ့ အင်တာ အသင်းမှာ ၂ နှစ်ကြာ ကစားခဲ့ပေ့မယ် သူရဲ့ အကောင်းဆုံး အချိန်တွေကိုတော့ အေစီ အသင်းနဲ့ ဖြတ်သန်းခဲ့ရတာပဲဖြစ်ပါတယ်။ အေစီ အသင်းနဲ့ အတူ ချန်ပီယံလိဂ် နှစ်ကြိမ် နဲ့ စီးရီးအေ ဖလား နှစ်ကြိမ်တို့ကို အရယူနိုင်ခဲ့တဲ့ legend ကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။
၄. ရော်နယ်ဒို ( R9 )
ဘောလုံးလောကရဲ့ အကောင်းဆုံး Striker တစ်ဦးဖြစ်တဲ့ ဒိုကြီး ကလည်း အေစီမှာရော အင်တာ မှာရော ကစားခဲ့ဖူးတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ အင်တာ အသင်းမှာ ကစားသမားဘဝ အကောင်းဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ပြီး အင်တာမီလန် အသင်းမှာ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်ထိ ကစားခဲ့တာပဲဖြစ်ပါတယ်။ အင်တာမီလန်မှာ ကစားခဲ့တဲ့ အချိန်အတွင်း ဘောလွန်ဒီအော ကို ၂ ကြိမ်တိုင်တိုင် ထိုက်ထိုက်တန်တန် ရရှိခဲ့တာပဲဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ အေစီမီလန် အသင်းကို ရောက်ရှိခဲ့ပြီး ဒဏ်ရာပြသာနာတွေကြောင့်ပဲ ခြေစွမ်းကောင်းကောင်းမပြနိုင်ပဲ အေစီမှာ တစ်ရာသီသာ ကစားခဲ့တာပဲဖြစ်ပါတယ်။
၅. ဘာလော့တယ်ရီ
ဘလော့တယ်ရီ ရဲ့ Finishing ၊ Strength ၊ Speed ၊ Ball Control ၊ Dribbling ပိုင်းတွေမှာ ဘာမှ အပြစ်ပြောစရာမရှိတဲ့ Striker တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ ထူးထူးဆန်းဆန်း အောင်ပွဲခံပုံတွေ ၊ မထင်မှတ်ထားတဲ့ လုပ်ရပ်တွေကြောင့် လူသိများပေမယ့် သူရဲ့ ခြေစွမ်းပိုင်းကလည်း မေးခွန်းထုပ်စရာမလိုအောင် ကောင်းမွန်တဲ့ ကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။ အင်တာမီလန် မှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် အထိ ကစားခဲ့ပြီး ကမ္ဘာ့အဆင့်ခြေစွမ်း ပြသကာ ချန်ပီယံလိဂ် ဆုဖလားကိုလဲဆွတ်ခူးနိုင်ခဲ့ပါတယ်။ အေစီမီလန် အသင်းကို ၂၀၁၃ ကနေ ၂၀၁၄ နဲ့ ၂၀၁၅ ကနေ ၂၀၁၆ အထိ ကစားခဲ့ဖူးတာပဲဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ ဒီနေ့တင်ဆက်ပေးသွားတာကတော့ Ac Milan နဲ့ inter နှစ်သင်းလုံးမှာ ကစားခဲ့ဖူးတဲ့ ကစားသမားတွေထဲကမှ ၅ ယောက်အကြောင်းပဲဖြစ်ပါတယ်။အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )