ဘောလွန်းဒီအော ရော ကမ္ဘာ့ဖလား နှစ်ခုစလုံးကို တစ်နှစ်ထဲမှာ ရခဲ့တဲ့ ကစားသမား ၅ ဦး
ဘောလွန်းဒီအော ရော ကမ္ဘာ့ဖလား နှစ်ခုစလုံးကို တစ်နှစ်ထဲမှာ ရခဲ့တဲ့ ကစားသမား ၅ ဦး
ဘောလုံးလောကမှာ ကစားသမား တစ်ယောက် ရရှိနိုင်တဲ့ ဂုဏ်သိက္ခာ အရှိဆုံးနဲ့ အကြီးကျယ်အခမ်းနားဆုံး ဆု ၂ ခု ရှိပါတယ်။ အဲ့ဒိ ဆု ၂ ခုကတော့ ပြက္ခဒိန် တစ်နှစ်အတွင်း ကစားသမား အားလုံးထဲကမှ အကောင်းဆုံး ကစားသမား တစ်ယောက်ထဲ ကိုသာ ပေးတဲ့ ဘောလွန်းဒီအော နဲ့ ၄ နှစ်မှ တစ်ကြိမ်ကျင်းပပြီး ကစားသမား တိုင်းလိုလို နိုင်ငံကိုယ်စားပြုပြီး ဆွတ်ခူးချင်ကြတဲ့ ကမ္ဘာ့ဖလားပဲဖြစ်ပါတယ်။ ဘောလုံးလောကမှာ ဒီဆု ၂ ခုစလုံးကို ဆွတ်ခူးဖူးတဲ့ ကစားသမားက အနည်းငယ်သာရှိပါတယ်။ နှစ်တစ်နှစ်ထဲ မှာ ဒီဆု ၂ ခုစလုံးကို ရရှိဖူးတဲ့ ကစားသမားဆိုရင် ပိုလိုတောင်နည်းသေးတာပဲဖြစ်ပါတဘ်။ဒီနေ့တင်ဆက်ပေးသွားမှာကတော့ ဘောလွန်ဒီအော နဲ့ ကမ္ဘာ့ဖလားလိုအကြီးကျယ်အခမ်းနားဆုံး ဆုတံဆိပ် နှစ်ခုစလုံးကို တစ်နှစ်ထဲမှာ ဆွတ်ခူးနိုင်ခဲ့ကြတဲ့ ကစားသမား ၅ ယောက် အကြောင်းပဲဖြစ်ပါတယ်။
၁. လီယိုနယ် မက်ဆီ
၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ မယုံနိုင်စရာ အခိုက်အတန့်တွေ ၊ အသက်အရွယ်နဲ့ မလိုက်တဲ့ နိုင်ပွဲဆာလောင်မှုတွေနဲ့ လီယိုနယ်မက်စီက သူ့ရဲ့ ကစားသမားဘဝ လိုအပ်နေတဲ့ တစ်ခုတည်းသော ကမ္ဘာ့ဖလား ကို သူရဲ့ အာဂျင်တီးနား အသင်းကို အကောင်းဆုံး ဦးဆောင်ပြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မက်စီက ကမ္ဘာ့ဖလား ပြိုင်ပွဲတောက်လျောက် သူရဲ့ အကောင်းဆုံးခြေစွမ်းတွေ ၊ အသင်းပေါ် ဦးဆောင်နိုင်မှုတွေ ကြောင့် ကမ္ဘာ့ဖလား ကြီးကို ဆွတ်ခူးပြီး သူရဲ့ ကစားသမား ဘဝ ၈ ခုမြောက်ဖြစ်မယ့် ဘောလွန်ဒီအော ဆု ကိုလည်း အဲ့နှစ်မှာပဲ ရရှိခဲ့ပါတယ်။
၂. ဇီဒန်း
ရီးရဲလိမက်ဒရစ် အသင်းရဲ့ ဂန္ဓဝင်ကစားသမား တစ်ဦးဖြစ်ပြီး ပြင်သစ် ကွင်းလယ်အတွက် မရှိမဖြစ်ကစားသမား တစ်ဦးဖြစ်တဲ့ ဇီးဒန်းကလည်း ၁၉၈၈ ခုနှစ်မှာ ပြင်သစ်အသင်းနဲ့ အတူ ကောင်းမွန်လှပတယ်ဆိုတဲ့ ဘရာဇီး အသင်းကို ဖြုတ်ချပြီး ကမ္ဘာ့ဖလားကိုဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဇီဒန်းက ဘရာဇီး အသင်းနဲ့ ဖိုင်နယ်ပွဲစဥ◌်မှာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အကောင်းဆုံး ကစားသမားလည်းဖြစ်ခဲ့ပါတယ်။ဇီးဒန်း ရဲ့ ကမ္ဘာ့ဖလားမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အဲ့နှစ်ရဲ့ ဘောလွန်ဒီအော ကို လဲ ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။
၃. ကနာဘာရိုး
နောက်ခံ ကစားသမား တစ်ယောက်က တစ်နှစ်အတွင်းမှာ ကမ္ဘာ့ဖလားရော ဘောလွန်းဒီအော ဆု နှစ်ဆုလုံးကို ရရှိဖို့ဆိုတာ အင်မတန်ကို ခက်ခဲတဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ဒါပေ့မယ် ဘောလုံးလောကမှာ နောက်တန်းကစားသမားတစ်ဦးဖြစ်ပေ့မယ် ကမ္ဘာ့ဖလားရော ဘောလွန်းဒီအော ဆု နှစ်ခုစလုံးကို တစ်ရာသီထဲမှာပဲသိမ်းပိုက်နိုင်ထားတဲ့ကစားသမားတစ်ဦးတော့ရှိပါတယ်။အဲ့ဒိကစားသမားကတော့ ကနာဘာရိုးပဲဖြစ်ပါတယ်။ ကနာဘားရိုးက ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားမှာ အီတလီ အသင်းအတွက် အသင်းခေါင်းဆောင်လက်ပတ်ကို ပတ်ပြီး အကောင်းဆုံးပေးဆပ်ကစားရင်း ကမ္ဘာ့ဖလားဆုကြီးကို ထိုက်ထိုက်တန်တန်သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒါအပြင် တစ်နှစ်တာ အကောင်းဆုံးကစားသမား ကိုပေးတဲ့ ဘောလွန်ဒီအော ဆုကိုလည်း ကနာဘားရိုးက ဆွတ်ခူးနိုင်ခဲ့ပြီး မဖြစ်နိုင်ဘူးဆိုတာတွေကို လုပ်ပြခဲ့တာပဲဖြစ်ပါတယ်။
၄ .ရော်နယ်ဒို နာဇာရီယို
ရော်နယ်ဒို နာဇာရီယိုက သူရဲ့ ကမ္ဘာ့အဆင့်ခြေစွမ်းကို ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားတုန်းက တကမ္ဘာ့လုံးကိုပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဘရာဇီး အသင်းရဲ့ ဆုဖလားစိန်ခေါ်ရာ လမ်းကြောင်းတစ်လျောက်မှာ အသင်းအတွက် အရေးပါဆုံးသော ကစားသမား တစ်ဦးဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာ့ဖလား တစ်ခုလုံးမှာ ရော်နယ်ဒို ရဲ့ ခြေစွမ်းက အပေါ်လွင်ဆုံးဖြစ်ပြီး သူရဲ့ အကောင်းဆုံးခြေစွမ်းတွေကြောင့် ဘောလွန်းဒီယော ဆုကို ရရှိရုံသာမက ကြယ်စင်စု အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ခေါ်ယူခြင်းကိုပါ ခံခဲ့ရတာပဲဖြစ်ပါတယ်။
၅. ဆာဘော်ဘီ ချာတန်
မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္ဓဝင်ကစားသမား ကြီး ဆာဘော်ဘီ ချာတန်ကတော့ ၁၉၆၆ ခုနှစ် အင်္ဂလန်နိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲတလျောက် ၃ ဂိုးအထိ သွင်းယူကာ အင်္ဂလန်အသင်းကလည်း ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆာဘော်ဘီ ချာတန်ရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် အဲ့နှစ်ရဲ့ အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ဘောလွန်ဒီအော ဆုကလဲ ဆာဘော်ဘီ ချာတန် အတွက်ပဲဖြစ်ခဲ့ပါတယ်။ ဆာဘော်ဘီ ချာတန် က ကမ္ဘာ့ဖလားရော ဘောလွန်းဒီအော နှစ်ခုစလုံးကို တစ်နှစ်ထဲမှာ ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ဘောလွန်းဒီအော နဲ့ ကမ္ဘာ့ဖလား နှစ်ခုစလုံးကို တစ်နှစ်ထဲမှာ ရခဲ့တဲ့ ကစားသမား ၅ ဦး
အကြောင်းပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )