လီပါပူး အသင်း က ထွက်ခွာသွားပြီး ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိခဲ့ကြတဲ့ ကစားသမား ၅ ယောက်
လီပါပူး အသင်း က ထွက်ခွာသွားပြီး ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိခဲ့ကြတဲ့ ကစားသမား ၅ ယောက်
လီပါပူး အသင်း ဆိုတာကတော့ ကစားသမားကောင်းများစွာကို မွေးထုပ်နိုင်တဲ့ အသင်းတစ်သင်းဖြစ်ပြီး ကစားသမားတွေဆီက အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ထုပ်ယူနိုင်တဲ့ အသင်းတစ်သင်းလဲဖြစ်ပါတယ်။ မထင်မခြားနဲ့ လူမသိသူမသိ ကစားသမားတွေကို ခေါ်ယူပြီး ကမ္ဘာ့အဆင့်ကစားသမားတွေဖြစ်အောင် လုပ်ပေးနိုင်တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ လီပါပူး လို့ပြောလိုက်တာနဲ့ အင်္ဂလန်မှာ အအောင်မြင်ဆုံး နဲ့ ကမ္ဘာ့အဆင့် ကစားသမားပေါင်းများစွာကို မွေးထုပ်ပေးနိုင်တဲ့ အသင်းတစ်သင်းဖြစ်တယ်ဆိုတာ သံတယဝင်စရာမလိုတဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ အခုတင်ဆက်ပေးသွားမှာကတော့ လီပါပူး အသင်းမှာ ကမ္ဘာ့အဆင့်ခြေစွမ်းတွေကို အချိန်တစ်ခုအကြာ ပြသနိုင်ခဲ့ပြီး လီပါပူး အသင်းကနေထွက်ခွာ သွားချိန်မှာတော့ ကစားသမား ဘဝ နေဝင်ချိန်တွေကို ရောက်ရှိခဲ့ကြတဲ့ ကစားသမား ၅ ယောက်အကြောင်းပဲဖြစ်ပါတယ်။
၁ .ကော်တင်ဟို
လီပါပူးအသင်းမှာ အအောင်မြင်ဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ကော်တင်ဟိုက လီပါပူး အသင်းမှာရှိစဥ◌်အခါတုန်းက အင်မတန်ကြောက်ဖို့ကောင်းတဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ သူခြေထောက်ဘောလုံးရောက်မှာကို ပြိုင်ဘက်တွေကြောက်နေရပြီး ပြိုင်ဘက် အသင်းတွေအတွက်တော့ နတ်ဆိုးတစ်ကောင်ဖြစ်စေခဲ့ပါတယ်။ ကော်တင်ဟို က ဘရာဇီးသားပီပီ သူရဲ့ အနုပညာဆန်တဲ့ ကစားကွတ်တွေ လှပတဲ့ အဝေးကန်ချက်တွေနဲ့ ကမ္ဘာ့ဘောလုံးလောကကို အချိန်တစ်ခုထိ ဖျော်ဖြေနိုင်ခဲ့တာပဲဖြစ်ပါတယ်။ လီးပါပူး အသင်းရဲ့ တိုက်စစ်အသက်သွေးကြော ကစားသမား တစ်ဦးဖြစ်တဲ့ ကော်တင်ဟိုက စပိန် အသင်းတစ်သင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ ကမ်းလှမ်းချက်ကို ရရှိတဲ့အချိန်မှာတော့ နည်းပြ ယာဂန် ကလော့ တားနေတဲ့ ကြားကတောင့်မခံနိုင်တော့ပဲ ဘာစီလိုနာ အသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေး နဲ့ ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းကို ရောက်ရှိချိန်မှာတော့ ကော်တင်ဟို တစ်ယောက် ကစားကွတ်နဲ့ အသားမကျတာတွေ အပါအဝင် အခြားသောကိစ္စ အရပ်ရပ်ကြောင့် ပုံမှန်ခြေစွမ်းမျိုးပြန်မရတော့ပဲ ရုန်ကန်ခဲ့ရတာပဲဖြစ်ပါတယ်။အဲ့နောက် ဘာယန် ၊ အက်စတွန် ဗီလာ စတဲ့ အသင်းတွေကို အငှားထွက်ရောက်ကစားခဲ့ပေ့မယ် သူရဲ့ပုံမှန်ခြေစွမ်းကို ဘယ်တော့မှပြန်မရတော့တာပဲဖြစ်ပါတယ်။ ယခုအချိန်မှာတော့ မွေးရပ်မြေ ဘရာဇီး ကလပ် အသင်းတစ်သင်းမှာ ကစားနေတာပဲဖြစ်ပါတယ်။
၂. မာနေး
လီပါပူး အသင်းမှာ ကစားသမားဘဝ တောက်ပခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်တဲ့ မာနေးကတော့ ယခုချိန်ထိ လီပါပူး ပရိတ်သတ်တိုင်း လွမ်းဆွတ်နေမယ့်ကစားသမား တစ်ဦးဖြစ်ပါတယ်။ ဖာမီနု ၊ ဆာလတ် တို့နဲ့ အတူ ကမ္ဘာ့အကောင်းဆုံး တိုက်စစ် အတွဲတစ်ခုကို ပုံဖော်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ် ဖလားအပါအဝင် အခြားသော ဆုဖလားပေါင်းများစွာကို လည်းသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ မာနေးက သူရဲ့ လျင်မြန်တဲ့ ပြေးထွက်ပုံတွေ ၊ တိကျသေချာတဲ့ အဆုံးသတ်တွေကြောင့်ဥရောပအသင်းတော်တော်များများကစိတ်ဝင်စားကြပြီး နောက်ဆုံးမှာတော့ ဘွန်ဒက်လီဂါ အသင်းတစ်သင်းဖြစ်တဲ့ ဘာယန်မြူးနစ် အသင်းကိုပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။ ဘာယန်မြူးနစ် အသင်းကို ရောက်ရှိသွားတဲ့ အချိန်ကစပြီး မာနေးတစ်ယောက် လီပါပူးအသင်းကခြေစွမ်းမျိုးကိုတော့ ပြန်မရတော့ပါဘူး။ ကွင်းတွင်းကွင်းပြင် အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သူရဲ့ အကောင်းဆုံးပုံစံတွေနဲ့တော့ ဝေးကွာသွားခဲ့တာပဲဖြစ်ပါတယ်။ အခုချိန်မှာတော့ ဆော်ဒီကလပ် အသင်းတစ်သင်းဖြစ်တဲ့ အယ်နားဆား အသင်းမှာ ကစားနေခဲ့တာပဲဖြစ်ပါတယ်။
၃. ဝစ်နယ်ဒန်
တစ်ချိန်က လီပါပူး အသင်းရဲ့ ကွင်းလယ်မှာ အဓိက အားထားရတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ နယ်သာလန် ကစားသမား ဝစ်နယ်ဒန်က ကလော့လက်ထပ်မှာ တောက်ပလာခဲ့ပြီး အသင်းရဲ့ အရေးပါတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ လီပါပူး အသင်းလိုအပ်ချိန်တိုင်းမှာ အသင်းအတွက် အကောင်းဆုံးပေးဆပ် ကစားတက်တဲ့ ဝစ်နယ်ဒန် ကတော့ နောက်ဆုံးမှာ လီပါပူး အသင်းနဲ့ လစာကိစ္စ အဆင်အပြေဖြစ်ပြီး PSG အသင်းကိုပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။အဲ့နောက်တော့ ရိုးမာကိုပြောင်းရွှေ့သွားခဲ့ပြီး အခုလက်ရှိမှာတော့ ဆော်ဒီလိဂ် မှာ ကစားနေတာပဲဖြစ်ပါတယ်။ လီပါပူး အသင်းကနေထွက်သွားပြီးကတည်းက သူရဲ့ အကောင်းဆုံးပုံစံတွေကို ပြန်မမြင်တွေ့ရတော့ပဲ အရင်လိုခြေစွမ်းမျိုးပြန်လည်ရရှိဖို့ ရုန်းကန်နေရတာပဲဖြစ်ပါတယ် ။
၄. တောရက်စ်
လီပါပူး အသင်းမှာ သူရဲ့ အကောင်းဆုံးပုံစံတွေကို ရရှိခဲ့တဲ့ တောရက်စ် တစ်ယောက် သူက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက်ဖြစ်တယ်ဆိုတာကို လီပါပူး အသင်းမှာ ကစားခဲ့တဲ့ အချိန်တွေရဲ့ ခြေစွမ်းတွေက အကြိမ်ကြိမ်သက်သေ ပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။ တောရက်ရဲ့ လှည့်ကြည့်စရာမလိုတဲ့ အဆုံးအသတ်တွေ ၊ လျင်မြန်တဲ့ ပြေးနှုန်းတွေ ၊ လှပတဲ့ ကစားပုံတွေ က ပြိုင်ဘက် နောက်ခံကစးသမားတွေအတွက်တော့ အိမ်မက်ဆိုးဖြစ်စေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်အရောက်မှာ ကမ္ဘာ့အဆင့် ကစားသမား တစ်ယောက်ခြေစွမ်းကို ပြသနိုင်တဲ့ တောရက်စ်ကို ချယ်ဆီး အသင်းက အရခေါ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီးအသင်းအရောက်မှာတော့ တောရက်စ် က လီပါပူးကတောရက်စ် မဟုတ်တော့ပဲ အခြားတစ်ယောက်ဖြစ်သွားသလို သူရဲ့ ကောင်းပါတဲ့ဆိုတဲ့ ြေခစွမ်းတွေကို လုံးဝ ပြန်မမြင်ရတော့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းနဲ့တော့ ဆုဖလားအောင်မြင်မှုများစွာကို သိမ်းပိုက်နိုင်ခဲ့ပေ့မယ် လီးပါပူးမှာ ပြသခဲ့တဲ့ ခြေစွမ်းကိုတော့ လုံးဝ ပြန်မရရှိတော့တာပဲဖြစ်ပါတယ်။
၅ . အိုဝင်
လီပါပူး အသင်းမှာ Golden Boy ဆုကို ရရှိခဲ့တာ အိုဝင်က လီပါပူး အသင်းမှာ အချိန်တော်တော်ကြာ ကမ္ဘာ့အဆင့်ခြေစွမ်းတွေကို ပြသနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာလည်း တစ်ဦးချင်း ဆုတွေထဲမှာ အကြီးမားဆုံးဆုဖြစ်တဲ့ ဘောလွန်းဒီအော ဆုကို ရရှိခဲ့ပြီး သူရဲ့ ခြေစွမ်းကို အသင်းတိုင်းနီးပါးစိတ်ဝင်စားခဲ့ကြပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ ကြယ်စင်စု အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး သူရဲ့ ကစားသမား ဘဝ အကျပိုင်း အချိန်တွေကို ရောက်ရှိလာခဲ့ပါတယ်။ နောက်ပိုင်းမှာ ခြေစွမ်းပိုင်းကျဆင်းလာတာကြောင့် ရီးရဲလ်ကနေတစ်ဆင့် နယူးကာဆယ် ၊ မန်ချက်စတာယူနိုက်တက် ၊ စတုတ် စတဲ့ အသင်းတွေကို ပြောင်းရွှေ့ကစားခဲ့ပြီး ကစားသမားဘဝ တောက်လျောက်မှာတော့ ဒဏ်ရာပြသနာတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ လီပါပူး အသင်းမှာ ပြသနိုင်ခဲ့တဲ့ ခြေစွမ်းတွေကိုတော့ လုံးဝ ပြန်မမြင်တွေ့ရတော့တာပဲဖြစ်ပါတယ်။
ဟုတ်ကဲ့ပါအခုတင်ဆက်ပေးသွားတာကတော့ လီပါပူး အသင်း က ထွက်ခွာသွားပြီး ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိခဲ့ကြတဲ့ ကစားသမား ၅ ယောက် အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )