ခက်ခက်ခဲခဲ ကစားပြီး FA Cup နောက်တစ်ဆင့်ကို တက်လှမ်းသွားတဲ့ ချယ်ဆီးအသင်း
ခက်ခက်ခဲခဲ ကစားပြီး FA Cup နောက်တစ်ဆင့်ကို တက်လှမ်းသွားတဲ့ ချယ်ဆီးအသင်း
ချယ်ဆီး အသင်းက FA Cup ပွဲစဥ်မှာ ချန်ပီယံရှစ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရက်ဟမ်းစ် အသင်းနဲ့ ထိုက်တိုက်ရင်ဆိုင်ခဲ့ရတယ် ။ ချယ်ဆီး အသင်းနည်းပြဖြစ်တဲ့ လီယန် ရိုစင်ညာ က နောက်လာမယ့် ချန်ပီယံလိဂ် PSG အသင်းနဲ့ ပွဲစဥ် အတွက် အသင်းရဲ့ မရှိမဖြစ်ကစားသမားတွေဖြစ်ကြတဲ့ အန်ဇိုဖာနန်ဒက် ၊ ကိုင်စီဒို နဲ့ ပါးမား တို့ကို အရန်လူစာရင်းမှာတောင် ထည့်မထားခဲ့ပဲ ပြည့်ပြည့်ဝဝ ကို အနားပေးခဲ့တယ် ။ ပြီးတော့ Line UP 11 ယောက်စာရင်းမှာလည်း အရန်ကစားသမား အများစုကို နေရာပေးခဲ့တယ် ။ တိုဆင် ၊မာမာဒူ ဆား ၊ဘတ်တီရာရှီုး တို့နဲ့ 3 ယောက်တန်းခံစစ် နဲ့ ထူးထူးဆန်းဆန်းပွဲထွက်လာခဲ့ပြီး Wingback နှစ် ေနရာမှာေတာ့ ေနာက်ပိုင်းပွဲစဥ် ေတွမှာ ေခြစွမ်းမှန်လာတဲ့ ဟာတို နဲ့ အာချဥ်ပေါင် တို့ကို ပွဲထွက်ကစားစေခဲ့တယ် ။ ကွင်းလယ် ကိုင်စီဒို နဲ့ အန်ဇို နေရာအတွက်တော့ အန်ဒရီ ဆန်းတို့စ် နဲ့ လာဗီးယား တို့ကို ပွဲထွက်စေခဲ့တယ် ။ တိုက်စစ်ပိုင်းကိုတော့ ဂါနာချို ၊ နက်တို နဲ့ ဒီလပ် တို့က ဦးဆောင်ပြီးကစားခဲ့တယ် ။ ပွဲစဥ် အစောပိုင်းမှာပဲ အမြဲလိုလို ပြိုင်ဘက်နဲ့ ယှဥ်ရင် အားနည်းနေတဲ့ ချယ်ဆီး အသင်းရဲ့ ခံစစ် က ပြိုင်ဘက် အသင်းရဲ့ တန်ပြန်တိုက်စစ် ဘောလုံးကို ဖြတ်ထုပ်ဖို့အတွက် တွေဝေနေခဲ့ပြီး စောစောစီးစီး ဦးဆောင်ခြင်းခံခဲ့ရတယ် ။ ကွင်းလယ် ကစားသမားတွေဖြစ်ကြတဲ့ လာဗီးယား နဲ့ အန်ဒရီ ဆန်းတို့စ် နှစ်ယောက်စလုံးက သာမန် Pass တွေနဲ့ သာ နောက်တန်းနဲ့ ချိတ်ဆက်ကစားနေပြီး တိုက်စစ် ကို အထောက်အကူပြုစေမယ့် ဘောလုံးပေးပို့မှုတွေကို တစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့ပါဘူး ။ 3 ယောက်တန်း ခံစစ် ကလည်း က ထူးထူးခြားခြား ပြောင်းလာသွားတာမရှိပဲ အရင်အတိုင်း အားနည်းနေဆဲဖြစ်ပါတယ် ။ ဂါနာချို အနေနဲ့ သူရဲ့ အကောင်းဆုံး ခြေစွမ်းကို နောက်တစ်ကြိမ် ပြသခဲ့ပြီး အသင်းကို တော်တော်လေး အထောက်အကူပြုနိုင်ခဲ့ပါတယ် ။ ဒီလပ် နဲ့ နက်တို တို့ကတော့ ခြေစွမ်းပြသဖို့အတွက် ရုန်းကန်နေရဆဲပဲဖြစ်ပါတယ် ။ ဒီပွဲစဥ်မှာ ပြိုင်ဘက် ရက်ဟမ်း အသင်းရဲ့ နိုင်လိုစိတ် နဲ့ တိုက်ပွဲဝင်စိတ်က ကြောက်စရာကောင်းလှပါတယ် ။ ကစားသမားတိုင်းက ရေကုန်ရေခမ်း ပေးဆပ်ကစားကြပြီး ချယ်ဆီး အသင်းကို တော်တော်လေးအခက်တွေ့အောင် ကစားနိုင်ခဲ့ပါတယ် ။ အချိန်ပိုအထိ လုပ်အားနှုန်းကောင်းကောင်း ၊ နိုင်လိုစိတ် ပြင်းပြင်းပြပြနဲ့ ချယ်ဆီး အသင်းကို ဒုက္ခတွေပေးနိုင်ခဲ့ပါတယ် ။ ဒီပွဲစဥ်မှာ ချာလိုဘာ ၊ ဖိုဖာနာ ၊ ရီစီ ဂျိမ်း ၊ အန်ဇို ၊ ကိုင်စီဒို ၊ ပါးမား တို့လို အသင်းရဲ့ အရေးပါတဲ့ ကစားသမားတွေကို ကောင်းကောင်းအနားပေးခဲ့ပြီး နိုင်ပွဲယူကာ နောက်ဆင့်တစ်လှမ်းသွားနိုင်တယ်ဆိုတဲ့ ကောင်းတဲ့ အချက်ဖြစ်ပေမယ့် ချန်ပီယံရှစ် အသင်းတစ်သင်းကို အောက်ကနေ အသဲအသန် လိုက်ကစားပြီး ခက်ခက်ခဲခဲ ဒုက္ခ ရောက်ခဲ့တာကတော့ ကောင်းတဲ့ အချက်တစ်ချက်မဟုတ်ပါဘူး ။ ချယ်ဆီး အသင်းက ထောက်တိုင် ကစားသမားတွေ မပါတာနဲ့ တော်တော်လေးကို ဒုက္ခရောက်သွားတဲ့ အခြေအနေတစ်ခုကို မြင်တွေ့လိုက်ရတာပဲဖြစ်ပါတယ် ။
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )