ချယ်ဆီး အသင်းရဲ့ တိုက်စစ်အတွက် မရှိမဖြစ် ကစားသမား ( သို ) ဂျာအို ပက်ဒရို 

Published 2w ago
Article Premier League
ချယ်ဆီး အသင်းရဲ့ တိုက်စစ်အတွက် မရှိမဖြစ် ကစားသမား ( သို ) ဂျာအို ပက်ဒရို 

ချယ်ဆီး အသင်းရဲ့ တိုက်စစ်အတွက် မရှိမဖြစ် ကစားသမား ( သို ) ဂျာအို ပက်ဒရို 




   ချဲလ်ဆီး အသင်း က ဒီနှစ်ဘောလုံးရာသီမှာ အသင်းရဲ့ တိုက်စစ်အတွက် အပြောင်းအလဲတော်တော်လေးပြုလုပ်ခဲ့တယ် ။ မနှစ်ကဘောလုံးရာသီ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်တဲ့ နီကိုလပ် ဂျက်ဆင် ၊ အန်ကူကူ တို့ကို အသင်းကနေရောင်းချခဲ့ပြီး တိုက်စစ်မှူး အသစ်တွေဖြစ်တဲ့ လီယန် ဒီလပ် ၊ ဂျာအို ပက်ဒရို တို့နဲ့ အသင်းရဲ့ တိုက်စ်ပိုင်းကို တော်တော်လေး ပြောင်းလဲပြင်ဆင်ခဲ့တယ် ။ အန်ဇိုမာရက်စကာ လက်ထပ်မှာ ဒီတိုက်စစ် ပြောင်းလဲပြင်ဆင်မှု‌ေတွက သိသိသာသာတိုးတက်မှု မရှိခဲ့ပေမယ့် နည်းပြအသစ် လီယန်ရိုစီညာ ရဲ့ လက်ထပ်မှာတော့ တော်တော်လေးကို သိသိသာသာပြောင်းလဲသွားခဲ့တယ် ။ အထောင်တိုက်စစ်မှူးနေရာက နည်းပြအသစ် လီယန်ရိုစီညာ လက်ထပ်မှာတော့ တော်တော်လေးကို အသက်ဝင်လာခဲ့တယ်  ။ အရင်ထက် အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားတဲ့ ပိုင်းမှာ ပိုမိုသက်သောင့်သက်သာရှိလာခဲ့သလို ၊ ဂိုးသွင်းဖို့ အခွင့်အရေးတွေလည်း အရင်ပိုပြီး များများစားစားရရှိလာခဲ့တယ် ။ ဒီလို ရရှိတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချကာ ချယ်ဆီး အသင်းကို အမြဲလိုလို အကျိုးပြုနေတဲ့ ကစားသမားကတော့ ဂျာအိုပက်ဒရိုပဲဖြစ်ပါတယ် ။ အခုချိန် ချယ်ဆီး အသင်းတိုက်စစ်မှာ မရှိမဖြစ် အရေးပါနေတဲ့ ကစားသမားကတော့ ဂျာအိုပက်ဒရို လို့ပြောရင် ငြင်းမယ်မထင်ပါဘူး ။ အခုနောက်ပိုင်းပွဲစဥ်တွေမှာ ဂျာအို ပက်ဒရို ရဲ့ အသင်းနဲ့ လိုက်ပါစီးမျောနိုင်မှုက ပိုမိုကောင်းမွန်လာခဲ့ပြီး ရရှိလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချကာ ချယ်ဆီး အသင်းကို ပွဲတိုင်းလိုလို ကယ်တင်ပေးနေတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ် ။ ဒီနှစ်ပရီးမီးယားလိဂ် ထိပ်သီးကလပ် အသင်းတော်တ်ောများများက တိုက်စစ်မှုးနေရာတွေကို ငွေအမြောက်အများသုံးစွဲပြီး အရည်အသွေးမြင့်ကစားသမားတွေကိုပဲအရခေါ်ယူခဲ့ကြတယ် ။ အချို့ကစားသမားတွေ က အသင်းနဲ့ အသားကျဖို့ နဲ့ ပရီးမီးယားလိဂ် ခက်ခဲတဲ့ လိဂ်ကြီးမှာ အသားကျဖို့ရုန်းကန်နေရပေမယ့် အချို့ကစားသမားတွေကတော့ ဒီနှစ်ဘောလုံးရာသီမှာပဲ အသင်းကို အတော်လေးအကျိုးပြုနေကြတယ် ။ဂျာအိုပက်ဒရို က ပြိုင်ပွဲစုံ 39 ပွဲကစားပြီးတဲ့ အချိန်မှာ 18 ဂိုးအထိ သွင်းယူပေးထားပြီး 6 ဂိုးအထိ ဂိူးဖန်တီမှုး ပြုလုပ်ထားနိုင်ထားပဲဖြစ်ပါတယ် ။ ဒီနှစ် အပြောင်းအရွှေ့ကာလမှာ ခေါ်ယူအားဖြည့်ခဲ့ကြတဲ့ ကစားသမားတွေအားလုံးထဲမှာ ဂိုးပါဝင်ပတ်သတ်မှု အများဆုံးကစားသမားတစ်ဦးလည်းဖြစ်ပါတယ် ။ တိုက်စစ်မှူးနေရာနဲ့ ပတ်သတ်ရင် အမြဲလိုလို တိုင်ပတ်တက်တဲ့ ချယ်ဆီး အသင်းအနေနဲ့ကတော့ ဂျာအိုပက်ဒရို လို ကစားသမားကို အရခေါ်ယူနိုင်ခဲ့တာက သိပ့်ကိုကောင်းမွန်တဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ် ။ အခုချိန် ချယ်ဆီး အသင်း တိုက်စစ်အတွက် မရှိမဖြစ်ကစားသမားကိုပြောပါဆိုရင် ဂျာအိုပက်ဒရို ကိုပဲ ပြောရမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။


Leave a reply

💬 Join our Telegram
📢 Hello!! You can ask directly to the admin for more information...