အီတလီ ဂန္ဓဝင် ဂိုးသမားကြီး ဘူဖွန်
အီတလီ ရဲ့ ဂန္ဓဝင် ဂိုးသမားကြီး ဘူဖွန်
ဘူဖွန်လို့ ပြောလိုက်တာနဲ့ ပထမဆုံး အတွေးဝင်လာတာကတော့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ယောက် ၊ သစ္စာတရားကို တန်ဖိုးထားတက်တဲ့ လူတစ်ယောက်ဆိုတဲ့ အတွေးက ပထမဆုံးဝင်လာခဲ့တာပဲဖြစ်ပါတယ်။ ဘောလုံးလောကရဲ့ ထာဝရ အကောင်းဆုံး ဂိုးသမားတစ်ယောက်ဖြစ်တဲ့ ဘူဖွန်က သူ့ကစားသမားဘဝ မှာ အံဩစရာကောင်းတဲ့ လက်စွမ်းတွေ ၊ ဘောလုံးကစားတာမှာ တစ်ဦးချင်းအောင်မြင်မှုတွေထက် သစ္စာတရား ကို အဓိကတန်ဖိုးထားပြီး ပေးဆပ်ကစားခဲ့တာတွေ နဲ့ အကောင်းဆုံးဂိုးသမားတစ်ယောက်ဖြစ်တယ်ဆိုတာ အကြိမ်ကြိမ် သက်သေပြပြီးပြီ ပဲဖြစ်ပါတယ်။ ကစားသမားဘဝ တစ်လျောက်လုံး ပြိုင်ဘက်ကင်းတဲ့ လက်စွမ်းတွေနဲ့ အတူ အသက် ၄၅ နှစ်အထိ သူချစ်မြတ်နိုးတဲ့ ဘောလုံး ကို ကစားခဲ့တာပဲဖြစ်ပါတယ်။ ဘူဖွန်ကို ၁၉၇၈ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ က အီတလီနိုင်ငံ Carrara မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ ဘူဖွန်တို့ရဲ့ မိသားစုဝင်တွေ အားလုံးနီးပါက အားကစားသမားတွေဖြစ်ကြပြီး ဘူဖွန်က ငယ်စဥ◌်ကတည်း ဘောလုံးအားကစားအပြင် ၊ Table တန်းနစ် အားကစားကို အလွန်နှစ်သက်ခဲ့တာပဲဖြစ်ပါတယ်။ ဘူဇွန်က အသက် ၁၃ နှစ်အရွယ်မှာ ဘောလုံးကစားသမားဘဝကို စတင်ဖို့အတွက် ဖီအိုတီးနား ၊ ဘိုလော့နာ ၊ မီလန် စတဲ့ အသင်းတွေမှာ သွားရောက်ရွေးချယ်ခံခဲ့ပေမယ့် ရွေးချယ်ခြင်းတော့ မခံခဲ့ရပါဘူး။ ဒီလိုနဲ့ပဲ ပါးမားအသင်းမှာ ရွေးချယ်ခံခဲ့ရပြီး သူရဲ့ လူငယ်ကစားသမား ဘဝကို ပါးမား အသင်းမှာ စတင်ခဲ့တာပဲဖြစ်ပါတယ်။ ဘူဖွန်က ကစားသမားဘဝ အစကိုတော့ ဂိုးသမားအဖြစ်စတင်ခဲ့တာမဟုတ်ပဲ ကွင်းလယ်ကစားသမား တစ်ယောက်အနေနဲ့သာစတင်ခဲ့တာပဲဖြစ်ပါတယ်။ အသင်းရဲ့ ဂိုးသမား နှစ်ဦးစလုံးက ဒဏ်ရာပြသာနာ ရုတ်တရက် ရရှိခဲ့တာကြောင့် နည်းပြက ဘူဖွန် ကို အရပ်ရှည်ပြီး ဂိုးသမား တစ်ယောက်လက္ခဏတွေနဲ့ ပြည့်စုံတယ်လို့ယူဆပြီး ဂိုးသမားနေရာကို ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။ ဘူဖွန်က ဂိုးသမားနေရာမှာ အကောင်းဆုံးလက်စွမ်းပြသနိုင်ခဲ့တာကြောင့် အချိန်တိုလေးအတွင်းမှာပဲ ပါးမားလူငယ် အသင်းရဲ့ အဓိက ဂိုးသမား တစ်ဦးဖြစ်လာခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်အရောက်မှာတော့ ဘူဖွန်က အသက် ၁၇ နှစ်သာရှိသေးပေမယ့် ပါးမားအသင်းကြီးမှာ ကစားခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ အဲ့တာက စီးရီးအေရဲ့ အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရရှိခဲ့တဲ့ စံချိန်လည်းဖြစ်ပါတယ်။ ဘူဖွန်က ပါးမား အသင်းမှာ ၅ နှစ်ကြာကစားခဲ့ပြီး UEFA ဖလားနဲ့ အီတလီ စူပါဖလားတို့ရရှိအောင် အကောင်းဆုံးလက်စွမ်းပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ စီးရီးအေ အသင်းကြီးတစ်သင်းဖြစ်တဲ့ ဂျူဗင်ဒက် အသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေး ၅၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ ဂျူဗင်ဒက်အသင်းမှာ ကစားသမား ဘဝ အတောက်ပဆုံးအချိန်တွေကို ဖြတ်သန်းခဲ့ရပြီး ဂျူဗင်ဒက်အသင်းနဲ့ အတူ စီးရီးအေဖလား ၁၀ ကြိမ်တိုင်တိုင် သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။၂၀၀၆ ခုနှစ်တုန်းက ဘူဖွန် ဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲကတစ်ဦးအဖြစ်သတ်မှတ်ခံထားရပြီး အဲ့ဒီ့နှစ်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားကိုလည်း အီတလီ အသင်းနဲ့အတူ အကောင်းဆုံးလက်စွမ်းပြကာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူ့ရဲ့အသက် (28) နှစ်အရွယ်ပဲရှိသေးပြီး ဒါဟာ ကစားသမားဘဝရဲ့အကောင်းဆုံးအရွယ်ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ဘလွန်းဒီအောဆုကိုသမိုင်းတစ်လျှောက်မှာပထမဆုံးရရှိနိုင်မယ့် ဂိုးသမားအဖြစ်လည်း ရေပန်းစားနေတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ့နှစ်တုန်းက စီးရီးအေလုပ်ပွဲအရှုပ်တော်ပုံမှာ ဂျူဗီတပ်စ် အသင်းက လည်း ပါဝင်ပက်သက်နေတာကြောင့် စီးရီးဘီ ကိုတန်းဆင်းခဲ့ရတယ်။ ဘူဖွန် ကိုခေါ်ယူမယ့်အသင်းတွေအများအပြားပေါ်လာခဲ့ပြီးအသင်းကြီးတော်တော်များများကလည်း ဘူဖွန်ကို ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့တယ်။ တကယ်လို့ ဘူဖွန် သာ သူ့ရဲ့အကောင်းဆုံးအချိန်မှာ ဥရောပကလပ်အသင်းကြီးတွေဆီကိုပြောင်းရွှေ့ခဲ့ရင် အဲ့ဒီ့နှစ်တုန်းက ကမ္ဘာ့ဖလားလည်းရရှိထားတဲ့အတွက် သေချာပေါက် ဘလွန်းဒီအောဆုကိုရရှိဖို့အခွင့်အရေးများပါတယ်။ ဒါပေမယ့် သူကတော့ ဂျူဗီတပ်စ် အသင်းအပေါ်မှာသစ္စာရှိခဲ့ပြီး တန်းဆင်းသွားတဲ့ စီးရီးဘီ ကိုသာလိုက်သွားခဲ့တယ်။ဂျူဗင်ဒက် အသင်းရဲ့ နာမည်ကြီးကစားသမား တော်တော်များများ အသင်းကနေထွက်ခွာခဲ့ပေမယ့် ဘူဖွန်က ဂျူဗင်ဒက် အသင်းပေါ်ထားတဲ့ သစ္စာတရားကြောင့် စီးရီဘီကို လိုက်ပါကစားခဲ့တယ်။ ဘူဖွန် က နိုင်ငံလက်ရွေးစင် အီတလီ အသင်းမှာလည်း အကောင်းဆုံး ပြိုင်ဘက်ကင်းလက်စွမ်းတွေနဲ့ ကမ္ဘာ့ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အရောက်မှာတော့ ဘူဖွန်က ဂျူဗင်ဒက် အသင်းနဲ့ လမ်းခွဲခဲ့ပြီး သူရဲ့ ကစားသမားဘဝ စတင်ခဲ့တဲ့ ပါးမားအသင်းကို ပြောင်းရွှေ့ကစားခဲ့ပြီး အသက် ၄၅ နှစ် အရွယ်မှာတော့ ကစားသမား ဘဝကနေ အနားယူသွားခဲ့တာပဲဖြစ်ပါတယ် ။ ဘူဖွန်ဟာ ကလပ် နဲ့ နိုင်ငံအသင်းအတွက် စုစုပေါင်း (၁၁၅၁) ပွဲကစားပေးခဲ့ပြီး ဆုဖလား (၂၉) လုံးရရှိခဲ့ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ အီတလီ ရဲ့ ဂန္ဓဝင် ဂိုးသမားကြီး ဘူဖွန် အကြောင်းပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )