ကစားသမား ဘဝ အဆုံးသတ်ခါနီးကနေ ပြန်လည်တောက်ပလာခဲ့တဲ့ ဒမ်ပီလီ
ကစားသမား ဘဝ အဆုံးသတ်ခါနီးကနေ ပြန်လည်တောက်ပလာခဲ့တဲ့ ဒမ်ပီလီ
ဒမ်ပီလီ က ဒေါ့မွန် အသင်းမှာ သူရဲ့ ကမ္ဘာ့အဆင့် ခြေစွမ်းတွေကို အကောင်းဆုံးပြသနိုင်ခဲ့ပြီး ဘောလုံးပရိတ်သတ်တွေရဲ့ မျက်စိရှေ့ကို ရောက်ရှိလာခဲ့တယ်။ အသက်အရွယ် ငယ်ငယ်လေးနဲ့ အကောင်းဆုံးခြေစွမ်းတွေ ပြသနေတဲ့ ဒမ်ပီလီ ကို ဘာစီလိုနာ အသင်းက စိတ်ဝင်စားလာခဲ့ပါတယ်။အဲ့နောက်တော့ အသင်းကထွက်ခွာသွားတဲ့ နေမာ ရဲ့ နေရာမှာ အစာထိုးဖို့ အတွက် ဒမ်ပီလီ ကို မျှော်လင့်ချက်ကြီးကြီးမားမားထားကာ ပြောင်းရွှေ့ကြေး အမြောက်အများပေးပြီး မရရအောင်ခေါ်ယူခဲ့တယ်။ဒါပေမယ့် ဒမ်ပီလီ က ဘာစီလိုနာ အသင်းရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးခဲ့တယ်။ အသင်းမှာ ဒဏ်ရာပြသာနာတွေ ခနခန ရင်ဆိုင်ခဲ့ရပြီး မြက်ခင်းစိမ်းတွေ ထပ် ဆေးရုံပေါ်မှာ နေရတဲ့ အချိန်ကပိုများခဲ့တယ်။ ဒမ်ပီလီက ဘာစီလိုနာ အသင်းမှာ ကစားခဲ့တဲ့ အချိန်ကာလ အတွင်း ကြွက်သားဒဏ်ရာ နဲ့ ၁၄ ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ရပြီး ၇၈၄ ရက်ကြာ အနားယူခဲ့ရတာပဲဖြစ်ပါတယ်။ ဒမ်ပီလီ က ဘာစီလိုနာ အသင်းမှာ ဒဏ်ရာပြသာနာတွေကြောင့် လက်ညှိုးထိုးစရာဖြစ်ခဲ့ရုံသာမက သူရဲ့ စည်းကမ်းပိုင်း အားနည်းချက်တွေကြောင့်လည်း ခနခန လက်ညှိုးထိုးစရာဖြစ်ခဲ့တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ဒမ်ပီလီ က ၂၀၂၄ ခုနှစ် အရောက်မှာတော့ ပြင်သစ်လိဂ်ဂူး ကလပ် အသင်းတစ်သင်းဖြစ်တဲ့ psg အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ပထမ ရာသီမှာတော့ ထင်သလောက်ခြေစွမ်းမပြသနိုင်ခဲ့ပါဘူး ။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာ psg အသင်းက အဆင့်အတန်းမြှင့်မားတဲ့ လူးဝစ် အမ်ဒရီကေး လို နည်းပြကို ခန့်အပ်ခဲ့ပြီးနောက်မှာတော့ ဒမ်ပီလီ အပါအဝင် အခြား ကစားသမားတွေရဲ့ ခြေစွမ်းက တော်တေ်ာလေးကို တိုးတက်ကောင်းမွန်လာခဲ့တာပဲဖြစ်ပါတယ်။ ဒမ်ပီလီ က psg အသင်းအတွက် ဒီရာသီ ၄၆ ပွဲကစားခဲ့ပြီး ၃၃ ဂိုးသွင်းယူနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ တစ်ချိန် က ဆေးရုံအုပ်ကြီးလို့ လှောင်ပြောင်ခံခဲ့ရတာတွေကို ဒမ်ပီလီ တစ်ယောက်ကောင်းကောင်း အဆုံးသတ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒမ်ပီလီ က လူးဝစ် အမ်ဒရီကေး လက်အောက်မှာ တောင်ပံနေရာတွေမှာပဲ ကစားရတာမျိုးမဟုတ်ပဲ FALSE 9 နေရာမှာ အချိန်တော်တော်များများ ကစားရပြီး အရင်ကထက် သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေကို ပိုမိုပြုလုပ်လာနိုင်တာပဲဖြစ်ပါတယ်။ ဒမ်ပီလီက psg အသင်းနဲ့ အတူ ဒီရာသီ ပြင်သစ် လိဂ်ဂူးဝမ်း ဖလားအပြင် ၊ ပြင်သစ် ဖလား နှစ်ခုစလုံးကို အပိုင်သိမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲထိကို ရောက်ရှိနေပြီ ဖလားသုံးလမ်းကြောင်းပေါ်ကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ psg အသင်းမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ ဒမ်ပီလီ က ၂၀၂၄-၂၅ ဘောလုံးရာသီ ပြင်သစ်လိဂ်ဂူးဝမ်းရဲ့အကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့ပါတယ်။ ဒမ်ပီလီ က ၂၀၁၅-၁၆ ရာသီတုန်းကလည်း Rennes အသင်းမှာ ကစားခဲ့စဥ◌်အချိန်တုန်းကလည်း ပြင်သစ်လိဂ်ဂူးဝမ်းရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒမ်ပီလီ က psg အသင်းနဲ့ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါက ဘောလွန်းဒီအော ဆုအတွက် အတော်လေးကို သေချာသွားပြီပဲဖြစ်ပါတယ်။ တစ်ချိန်က ဒဏ်ရာပြသာနာတွေကြောင့် ကစားသမားဘဝ အဆုံးသတ်တော့မယ့် အခြေအနေထိရောက်ရှိခဲ့တဲ့ ဒမ်ပီလီ က အခုချိန်မှာတော့ အကောင်းဆုံးတောက်ပပြနေတာပဲဖြစ်ပါတယ်။အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )