စထရာဘော့စ် အသင်းရဲ့ ကွင်းလယ်ကစားသမား ဘာကို ကို ခေါ်ယူပေးဖိုတေားင်ဆိုလိုက်တဲ့ ရိုစီညာ
စထရာဘော့စ် အသင်းရဲ့ ကွင်းလယ်ကစားသမား ဘာကို ကို ခေါ်ယူပေးဖိုတေားင်ဆိုလိုက်တဲ့ ရိုစီညာ
ချယ်ဆီးအသင်းတာဝန်ရှိသူတွေအနေနဲ့လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလကြရင် ကွင်းလယ်ပိုင်းအတွက် ကစားသမား အသစ်ခေါ်ယူပေးဖို့အတွက် စီစဥ်နေပြီပဲဖြစ်ပါတယ် ။ ချယ်ဆီး အသင်း ရဲ့ ကွင်းလယ်မှာ ပွဲစဥ်တိုင်းလိုလို ဒေါင်ေဒါင်မြည် ကစားနိုင်တာဆိုလို့ အန်ဇိုဖာနန်ဒက် နဲ့ ကိုင်စီဒို နှစ်ယောက်ပဲရှိပါတယ် ။ နည်းပြ အသစ် လီယန် ရိုစီညာ လက်ထပ်ရောက်မှ သူရဲ့ တပည့်အရင်းဖြစ်တဲ့ အန်ဒရီ ဆန်းတို့စ် ကို ယုံယုံကြည်ကြည် နဲ့ နေရာပေးတာကြောင့် ကိုင်စီဒို ၊ အန်ဇို ဖာနန်ဒက် တို့အနေနဲ့ နည်းနည်းပါးပါး သက်သာသွားတာပဲဖြစ်ပါတယ် ။ ကိုင်စီဒို ၊ အန်ဇို တို့မပါဝင်တဲ့ ချယ်ဆီး အသင်းရဲ့ ကွင်းလယ်က တောင့်တင်းမှု မရှိတဲ့ အပြင် တစ်ဖက် အသင်းရဲ့ ကွင်လယ် ကို စိုးမိုးနိုင်ဖို့အတွက်လည်း အမြဲလိုလို ရုန်းကန်ရလေ့ရှိပါတယ် ။ ပြီးတော့ ချယ်ဆီး အသင်းရဲ့ ကွင်းလယ် က အရန်ကစားသမားမရှိတဲ့ ပြဿနာ နဲ့ လည်းရင်ဆိုင်နေရပါတယ်။ အရန်ကစားသမားတွေဖြစ်ကြတဲ့ လာဗီးယား နဲ့ အက်ဆိုဂူတို့က အမြဲလိုလို ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် မလိုလားအပ်ပဲ ကိုင်စီဒို နဲ့ အန်ဇို တို့က ပိုပြီးတော့ ပွဲပန်းရပါတယ်။ အဲ့ပြဿနာတွေကို အကောင်းဆုံး ဖြည့်ဆည်းနိုင်ဖို့အတွက် ချယ်ဆီး အသင်းတာဝန်ရှိသူတွေက လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလကြရင် ကွင်းလယ်ကစားသမား ဝယ်ယူပေးဖို့အတွက် စီစဥ်နေတာပဲဖြစ်ပါတယ် ။ ချယ်ဆီး အသင်း နည်းပြ အသစ်ဖြစ်တဲ့ လီယန် ရိုစင်ညာ အနေနဲ့ကတော့ ချယ်ဆီး အသင်းရဲ့ ကွင်းလယ်ကို အားဖြည့်ဖို့အတွက် စထရာဘော့စ် အသင်းက သူရဲ့ တပည့်ဟောင်းဖြစ်တဲ့ ဘာကို ကို ခေါ်ယူပေးဖို့အတွက် တောင်းဆိုလိုက်တာပဲဖြစ်ပါတယ် ။ ဘာကို က လီယန်ရိုစီညာ ရဲ့ တပည့်အရင်းဖြစ်တဲ့အပြင် စထရာဘော့စ် အသင်းမှာကတည်းက ဘာကို တစ်ယောက် လီယန်ရိုစီညာ တောင်းဆိုတဲ့ ကွင်းလယ်နေရာအထိ အကောင်းဆုံး ပြောင်းလဲကစားပေးနိုင်ခဲ့တာကြောင့် လီယန်ရိုစီညာ ရဲ့ ယုံကြည်မှုကို အပြည့်အဝ ရရှိထားတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ် ။ ဘာကို က အစောပိုင်း အချိန်တွေတုန်းက ဘယ်နောက်ခံနေရာမှာ ကစားတဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် လီယန်ရိုစီညာ ရဲ့ ပြောင်းလဲမှုကြောင့်သာ ကွင်းလယ်နေရာမှာ ဝင်ကစားခဲ့ရတာပဲဖြစ်ပါတယ် ။ လီယန်ရိုစီညာ အနေနဲ့လည်း ဘာကို နဲ့ အလိုက်ဖတ်ဆုံး နေရာတစ်ခုကို ရှာဖွေပေးနိုင်ခဲ့ပြီး ဘာကို ရဲ့ ကစားသမားဘဝကို နောက်တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ လီယန်ရိုစီညာ အနေနဲ့ ကွင်းလယ်ပိုင်းအတွက် အခြားကစားသမားတွေကို ကျော်ပြီး သူရဲ့ တပည့်အရင်းဖြစ်တဲ့ ဘာကို ကိုသာ ခေါ်ယူပေးဖို့အတွက် တောင်းဆိုလိုက်တာပဲဖြစ်ပါတယ် ။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)