KickBoxing လောက ရဲ့ အကောင်းဆုံးကစားသမားလို့ တင်စားလို့ ရဖူးတဲ့ ဂျပန်ဖိုက်တာ တန်ရှင်နာဆူကာဝါ
KickBoxing လောက ရဲ့ အကောင်းဆုံးကစားသမားလို့ တင်စားလို့ ရဖူးတဲ့ ဂျပန်ဖိုက်တာ တန်ရှင်နာဆူကာဝါ
ဂျပန်ဖိုက်တာတွေထဲမှာ kickBoxing လောကရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ပြီး မေဝယ်သာနဲ့ ထိုးသတ်ခဲ့ဖူးပြီး ဖိုက်တာလို့ပြောလိုက်တာနဲ့ တန်ရှင်နာဆူကာဝာကို ပြေးမြင်မိမှာပဲဖြစ်ပါတယ်။ ဂျပန်ဖိုက်တာ တန်ရှင်နာဆူကာဝါ က KickBoxing လောက ရဲ့ အကောင်းဆုံးကစားသမား တစ်ယောက်လို့ ထင်ကြေးပေးခံရတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ဂျပန်ဖိုက်တာ တန်ရှင်နာဆူကာဝါ က ထိုင်းမွေ့ထိုင်း အကျော်အမော် ရော့ထန် နဲ့ ဂျပန် ဖိုက်တာ တစ်ဦးဖြစ်တဲ့ တာခဲရုတို့ကို အနိုင်ယူ ထိုးသတ်ခဲ့ဖူးတဲ့ ဖိုက်တာ တစ်ဦးလည်းဖြစ်ပါတယ်။ ဂျပန်ဖိုက်တာ တန်ရှင်နာဆူကာဝါ နဲ့ မေဝယ်တာ တို့ရဲ့ ပွဲစဥ◌်က လူဂုဏ်ထည် လူချမ်းသာတွေကို ဖျော်ဖြေဖို့ အတွက် စီစဥ◌်ခဲ့တဲ့ ပွဲစဥ◌်တစ်ပွဲလည်းဖြစ်ပါတယ်။ ဂျပန် ဖိုက်တာတွေထဲမှာမှ အလားအလာ တွေ အများကြီးရှိပြီး စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက်ပြကာ ရှုံးပွဲမရှိသေးတဲ့ ဂျပန်ဖိုက်တာ တန်ရှင်နာဆူကာဝါ ကို ကမ္ဘာ့ကျော်ကစားသမား မေဝယ်သာနဲ့ ပွဲစီစဥ◌်ပေးခဲ့တာပဲဖြစ်ပါတယ်။ မေဝယ်သာနဲ့ ဂျပန်ဖိုက်တာ တန်ရှင်နာဆူကာဝါ တို့ရဲ့ ပွဲစဥ◌်မှာ မေဝယ်သာကတသာ တစ်ဖက်သတ် အနိုင်ယူကာ ပွဲစပြီး စက္ကန့် ၁၄၀ အတွင်းမှာပဲ အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ မေဝယ်သာနဲ့ ဂျပန်ဖိုက်တာ တန်ရှင်နာဆူကာဝါ တို့ရဲ့ ပွဲစဥ◌်က အရမ်းကို တဖတ်သတ် ဆန်ပြီး ဂျပန်ဖိုက်တာ တန်ရှင်နာဆူကာဝါ က ပထမ အချီမှာပဲ ၃ ကြိမ်ထိ လဲကျပြီး အမှတ် တွက်ခံခဲ့ရတာပဲဖြစ်ပါတယ်။ boxing လောကမှာ ပွဲပေါင်း ၅၀ ကျော်ထိုးသတ်ခဲ့ပြီး ရှုံးပွဲ တစ်ပွဲမှ မရှိသေးတဲ့ မေဝယ်သာ အတွက် ဂျပန်ဖိုက်တာ တန်ရှင်နာဆူကာဝါ ကို အနိုင်းယူဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စ တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ်ပါ ဒီပွဲစဥ◌်က ဖျော်ဖြေဖို့ အတွက်သာ စီစဥ◌်ခဲ့တဲ့ ပွဲစဥ◌်တစ်ပွဲဖြစ်ပြီး ဂျပန်ဖိုက်တာ တန်ရှင်နာဆူကာဝါ က အောင်မြင်မှု လမ်းကြောင်းတစ်ခုကို ကောင်းကောင်းကြီး လျောက်လှမ်းနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ဂျပန်ဖိုက်တာ တန်ရှင်နာဆူကာဝါ ကို ၁၉၉၈ ခုနှစ် ပြီ 18 ရက်နေ့ ခြိဘာစကီမြို့တွင် မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ အသက်၅ နှစ် အရွယ်ထဲမှာ တိုက်ခိုက်ရေး ပညာတွေကို လေ့လာစည်းပူးခဲ့ပြီး သူရဲ့ ပထမဆူံးသော ပရော် ဖက်ရှင်နယ် kickboxing ပွဲစဥ◌်ိကုတော့ ၂၀၁၄ ခုနှစ်မှာ စတင်ထိုးသတ်ခဲ့တာပဲဖြစ်ပါတယ်။ ဂျပန်ဖိုက်တာ တန်ရှင်နာဆူကာဝါ က ကြိူးစားမှု ပြင်းထန်တဲ့ ဖိုက်တာတစ်ဦးဖြစ်တဲ့ အပြင် လေ့လာသင်ပြုမှု အပိုင်းမှာလည်း ကောင်းမွန်တဲ့ဖိုက်တာ တစ်ဦးဖြစ်ပါတယ်။ ဂျပန်ဖိုက်တာ တန်ရှင်နာဆူကာဝါက သူရဲ့ လျင်မြန်တဲ့ လှုပ်ရှားမှုတွေ ၊ သွတ်လတ် မြန်ဆန်တဲ့ လက်သီးထိုးချက်တွေ ၊ တိကျ အားပါတဲ့ ကန်ချက်တွေ ၊ အဆုတ်မနှစ် ကြိုစားအားထုပ်မှုတွေကြောင့် လူသိများလာခဲ့ပြီး လူအများက Wonder Boy လို့တင်စားခေါ်ဝယ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဂျပန်ဖိုက်တာ တန်ရှင်နာဆူကာဝါ က သူရဲ့ ဖိုက်တာ သက်တမ်း တစ်လျောက်မှာ နာမည်ကြီး ဖိုက်တာ တော်တော်များများနဲ့ ရင်ဆိုင်းခဲ့ရပြီး အနိုင်ယူပြထားတာပဲဖြစ်ပါတယ်။ ဂျပန်ဖိုက်တာ တန်ရှင်နာဆူကာဝါ က သူရဲ့ ကစားသမား ဘဝ တစ်လျောက်မှာ KickBoxing ၄၄ ပွဲ ထိုးသတ်ခဲ့ပြီး ၄၄ ပွဲလုံးအနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အလားတူပဲ mma မှာလည်း ၄ ပွဲ ကစားပြီး ၄ ပွဲလုံးကို အနိုင်ယူပြထားတဲ့ အပြင် Boxing ၄ ပွဲမှာလည်း ၄ ပွဲလုံးကို အနိုင်ရရှိအောင် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး ဂျပန်ဖိုက်တာ တန်ရှင်နာဆူကာဝါ က အတောက်ပဆုံးသော ကစားသမား ဘဝ အချိန်တွေကို ဖန်တီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။တန်ရှင်နာဆူကာဝါ က KICKBOXING လောကထဲမှာ ၂၀၁၂ ကနေ ၂၀၂၂ အထိ ၁၀ နှစ်ကြာ ကြင်လည်ခဲ့ပြီး ချန်ပီယံ ဆုပေါင်းများစွာကို သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။တန်ရှင်နာဆူကာဝါ က ၂၀၂၃ ခုနှစ် အရောက်မှာတော့ BOXING လောကထဲကို ဝင်ရောက်သွားခဲ့တာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ KickBoxing လောက ရဲ့ အကောင်းဆုံးကစားသမားလို့ တင်စားလို့ ရဖူးတဲ့ ဂျပန်ဖိုက်တာ တန်ရှင်နာဆူကာဝါ အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ကြည့်ရှုပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )