ချယ်ဆီး အသင်းရဲ့ သမိုင်းကြောင်းကို ပြောင်းလဲစေခဲ့တဲ့ ၂၀၁၁-၁၂ ချန်ပီယံလိဂ်ဖလား
ချယ်ဆီး အသင်းရဲ့ သမိုင်းကြောင်းကို ပြောင်းလဲစေခဲ့တဲ့ ၂၀၁၁-၁၂ ချန်ပီယံလိဂ်ဖလား
ချယ်ဆီး အသင်းက လန်ဒန် အသင်းတွေထဲမှာ ချန်ပီယံလိဂ် ဖလားကိုကိုင်မြှောက်ဖူးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်တဲ့ အပြင် ချယ်ဆီး အသင်းက လန်ဒန် ရဲ့ ဥရောပ အအောင်မြင်ဆုံး အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ဥရောပဖလားစုံသိမ်းပိုက်ထားတဲ့ အသင်းတစ်သင်းလည်းဖြစ်တာကြောင့် ချယ်ဆီး အသင်းရဲ့ သမိုင်းကြောင်းကလှပသွားစေခဲ့ပါတယ်။ ဒါပေမယ့် အဲ့အောင်မြင်မှု သမိုင်းကြောင်းတွေရဲ့ အစ ချယ်ဆီး အသင်းရဲ့ ပထမဆုံး ချန်ပီယံလိဂ် ဖလား သိမ်းပိုက်တဲ့လမ်းကြောင်းတစ်လျောက်မှာတော့ ချယ်ဆီး အသင်းက အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပြောချင်တာက ချန်ပီယံလိဂ်ဖလားကို လွယ်လွယ်ကူကူ နဲ့ အေးအေးဆေးဆေး ရခဲ့တာမျိုးမဟုတ်ပဲ အစွမ်းကုန်ရုန်းကန်ပြီး သိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီဘောလုံးရာသီက ၂၀၁၁-၁၂ ဘောလုံးရာသီပေါ့ ။ ချယ်ဆီး အသင်းက ၂၀၁၁-၁၂ ဘောလုံးရာသီမှာပဲ ပေါ်တို နည်းပြ ဘိုရက်စ် ကို ၃ ရာသီစာချုပ်ချုပ်ဆိုကာ ချယ်ဆီး အသင်းရဲ့ နည်းပြ အဖြစ်ခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ချိန်ကချယ်ဆီး အသင်းရဲ့ အသင်းခေါင်းဆောင် က ဂျွန်တယ်ရီ ဖြစ်ပေမယ့် တကယ်တော့ ချယ်ဆီး အသင်းကို စီနီယာကစားသမားတွေဖြစ်တဲ့ ပီတာချက် ၊ ဂျွန်တယ်ရီ ၊ လမ်းပတ် ၊ ဒရော့ဘာ စတဲ့ ကစားသမား ၄ ယောက်က အုပ်ချုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီစီနီယာ ကစားသမားတွေနဲ့ နည်းပြ ဘိုရက်စ် နဲ့ကြား ရာသီအကြို ခြေစမ်းပွဲမှာပဲ အမြင်မကြည်တာတွေ ၊ အဆင်မပြေတာတွေ စတင်ဖြစ်ပေါ်ခဲ့တယ်။ ချယ်ဆီး အသင်းရဲ့ ရလဒ်တွေကလည်း ဆိုးဝါးခဲ့ပြီး ဘိုရက်စ် ရဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန် ဆုံးဖြတ်ချက်တွေကြောင့် ချယ်ဆီး အသင်း ကစားသမားတွေနဲ့ နည်းပြကြား အချေအတင်ဖြစ်မှုတွေက ပိုမိုဆိုးဝါးလာခဲ့ပြီး အဝတ်လဲခန်း စည်းလုံးမှုပြိုကွဲမှုတွေကိုလည်း စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့တာကြောင့် အချိန်တိုလေးအတွင်းမှာပဲ ဘိုရက်စ် ကို ချယ်ဆီး အသင်းရဲ့ နည်းပြ ရာထူးကနေထုတ်ပယ်ပြီး လက်ထောက်နည်းပြ ဒီမက်ဒီယို ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တယ်။ အဲ့ချိန်တုန်းက ချယ်ဆီး အသင်းရဲ့ အခြေအနေတွေကတော်တော်လေးကို ဆိုးဝါးနေပြီး ပရီးမီးယားလိး်ဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် အမှတ်ကွာဟချက်ကြောင့် ဘယ်လိုမှမဖြစ်နိုင်တော့သလို ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာလည်း နာပိုလီ အသင်းကို အဝေးကွင်းမှာ ၃ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ထားတာကြောင့် မျှော်လင့်ချက်တော်တော်လေးကို နည်းပါးခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် နာပိုလီ အသင်းနဲ့ ရင်ဆိုင်ရတဲ့ ဒုတိယ အကျော့ ပွဲစဥ◌်မှာ ချယ်ဆီး အသင်းကစားသမားတွေရဲ့ ရုန်းအား ၊ နိုင်လိုစိတ် ၊ လွယ်လွယ်နဲ့ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ခဲ့ရပြီး အိမ်ကွင်းမှာ နာပိုလီ အသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် အချိန်ပိုကစားခဲ့ရပြီး အိုင်ဗာနိုဗစ် ရဲ့ သွင်းဂိုးနဲ့ အတူ နောက်တဆင့်ကိုတက်လှမ်းနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ အံဩစရာကောင်းလောက်တဲ့ COMEBACK တစ်ခုကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ် ။ ကွာတားဖိုင်နယ် အဆင့်မှာလည်း ဘင်ဖီကာအသင်းကိုနှစ်ကျော့ပေါင်း ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ် အဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါတယ် ။ ဆီးမီးဖိုင်နယ်အဆင့်မှာတော့ ဘာစီလိုနာ အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ချယ်ဆီးအသင်းအတွက် တော်တော်လေးကို ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်ခဲ့ပါတယ် ၊ အဲ့ချိန်တုန်းက ဘာစီလိုနာ အသင်းက အင်မတန်ကြောက်စရာကောင်းတဲ့ အသင်းတစ်သင်းဖြစ်နေတာလေ ။ အဲ့တုန်းက ပက် ဂွာဒီယိုလာ ကိုင်တွယ်နေတဲ့ ဘာစီလိုနာ ၊ မက်စီ ရဲ့ အကောင်းဆုံး အချိန်ပေါ့။ ချယ်ဆီး အသင်းက အိမ်ကွင်းမှာ ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို အသည်းအသန် တားဆီးခဲ့ရပြီး ဒရော့ဘာရဲ့ တစ်လုံးတည်းသောသွင်းဂိုး နဲ့ အိမ်ကွင်းမှာ အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒုတိယကျော့ အဝေးကွင်းပွဲစဥ◌်မှာလည်း ဘာစီလိုနာ အသင်းက ချယ်ဆီး အသင်းကို မြင်မကောင်းအောင် တိုက်စစ်ဆင်ခဲ့ပြီး ချယ်ဆီး အသင်းရဲ့ ဂိုးပေါက်ကိုလည်း အကြိမ်ကြိမ် ဒုက္ခပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီကြားထဲ ချယ်ဆီး အသင်းရဲ့ ခေါင်းဆောင် ဂျွန်တယ်ရီ ကလည်း အနီကဒ်နဲ့ ထုပ်ပယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ပီတာချက် ကလည်း အကြိမ်ကြိမ် သူရဲ့ အကောင်းဆုံးလက်စွမ်းတွေနဲ့ ဘာစီလိုနာ အသင်းရဲ့ ကန်သွင်းချက်တိုင်းကို ကာကွယ်ခဲ့ပြီး နောက်ဆုံးမှာတော့ မယုံနိုင်စရာကောင်းတဲ့ comeback တစ်ခုကို ထပ်မံပြသခဲ့တာပဲဖြစ်ပါတယ်။ပွဲပြီးဆုံးချိန်မှာ နှစ်ကျော့ပေါင် ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ချယ်ဆီး အသင်းက ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ ဖိုင်နယ်ပွဲစဥ◌်မှာ ဂျာမနီ ကလပ် အသင်းတစ်သင်းဖြစ် အိမ်ရှင်အသင်းတစ်သင်းလည်းဖြစ်တဲ့ ဘာယန်မြုးနစ် အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ချယ်ဆီးအသင်းရဲ့ လူစာရင်းမှာ အဓိက အရေးပါတဲ့ ဂျွန်တယ်ရီ တို့ အိုင်ဗာနိုဗစ် တို့ မပါဝင်ခဲ့ပါဘူး ။ ဘာယန် မြူးနစ် အသင်းအနေနဲ့ကတော့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့တာပဲဖြစ်ပါတယ်။ ဘာယန်မြုးနစ် အသင်းက လူစာရင်းအသာ ၊ ပရိတ်သတ်အား အသာ ၊ အိမ်းကွင်းအားသာချက်တွေနဲ့ တစ်ပွဲလုံးကို ထိန်းချုပ်ကစားနေပြီး ပွဲချိန် ၈၂ မိနစ် အရောက်မှာတော့ ဘာယန် အသင်းက ဦးဆောင်ဂိုးရရှိခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်း ပြန်မလာနိုင်တော့ဘူးလို့ ထင်နေကြတဲ့ အချိန် ပွဲချိန် ၈၈ မိနစ်မှာ ဒရော့ဘာ က ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံးအသုံးချကာ ခေါင်းတိုက်ပြီး ချေပဂိုး သွင်းယူပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ၁-၁ ဆိုတဲ့ ရလဒ်နဲ့ ပွဲချိန်ပြီးဆုံးခဲ့တာကြောင့် အချိန်ပိုကစားခဲ့ရပြီး အချိန်ပိုမှာ ဘာယန်မြူးနစ် အသင်းတို့ ပင်နယ်တီ ရရှိခဲ့ပြီး ပီတာချက်က အကောင်းဆုံးလက်စွမ်းပြပြီး ကာကွယ်ခဲ့တာကြောင့် ချယ်ဆီး အသင်းတို့ သက်သာခွင့်ရရှိခဲ့တယ်။ ဒီလို နဲ့ ပင်နယ်တီ အဆုံးအဖြတ်ထိကို ရောက်ရှိခဲ့ပြီး နောက်ဆုံးအချိန်မှာတော့ ချယ်ဆီး အသင်းက ချန်ပီယံလိဂ် ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီ ချန်ပီယံလိဂ် ဖလားကြောင့် ချယ်ဆီး အသင်းရဲ့ သမိုင်းကြောင်းက ပြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီးအသင်းက ဒီသမိုင်းကြောင်းနဲ့ မှတ်တိုင်တွေ ကို လွယ်လွယ်ကူကူနဲ့ ရရှိခဲ့တာမျိုးမဟုတ်ပဲ ချယ်ဆီး အသင်းရဲ့ ကစားသမားတွေ နည်းပြအဖွဲ့ဝင်တွေရဲ့ ကြိုးစားအားထုတ်မှု ၊ လွယ်လွယ်နဲ့ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေကြောင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ချယ်ဆီး အသင်းရဲ့ သမိုင်းကြောင်းကို ပြောင်းလဲစေခဲ့တဲ့ ၂၀၁၁-၁၂ ချန်ပီယံလိဂ်ဖလား အကြောင်ပဲဖြစ်ပါတယ်။ ဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )