2009-2010 ရာသီ ရွှေဖိနပ်ဆုကို ခက်ခက်ခဲခဲ သိမ်းပိုက်ပြသွားတဲ့ အာဖရိက ဂိုးသွင်းစက်
2009-2010 ရာသီ ရွှေဖိနပ်ဆုကို ခက်ခက်ခဲခဲ သိမ်းပိုက်ပြသွားတဲ့ အာဖရိက ဂိုးသွင်းစက်
ချယ်ဆီး ပရိတ်သတ်တွေ ရဲ့ အချစ်တော်တွေ အကြောင်းပြောရင် ဒီဒီယာ ဒရော့ဘာ ကို ချန်ထားခဲ့လို့မရပါဘူး။ ချယ်ဆီး အသင်းကို ပိုင်ရှင်အသစ် ဖြစ်တဲ့ ရိုမန် လက်ထပ်မှာ ဟိုးအောက်ခြေကနေ အစအဆုံး ပြင်ဆင်မှုတွေ ပြောင်းလဲမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဒရော့ဘာကို နည်းပြကြီး မော်ရင်ဟိုက ကြိုက်နှစ်သက်ခဲ့တာကကြောင့်မာဆေး အသင်းကနေ ပြောင်းရွှေ့ကြေး ၂၄ သန်းနဲ့ခေါ်ယူခဲ့ပါတယ်။ ဒရော့ဘာ က ချယ်ဆီး အသင်းရဲ့ အတောက်ဆုံးအချိန်တွေမှာ အကောင်းဆုံးပေးဆပ် ကစားခဲ့ပြီး ပြိုင်ဘက်ခံစစ်တွေကြောက်ရတဲ့ ဒေါင်ဒေါင်မြည်တိုက်စစ် ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ချယ်ဆီး အသင်း က တိုက်စစ်မှူး လိုအပ်တဲ့ ပြသာနာ တက်နေတာ အချိန်တော်တော်လေးကြာခဲ့ပါပြီ။ ချယ်ဆီး အသင်းက အသင်းရဲ့ အဓိကအားထားရတဲ့ ဒရော့ဘာလို တိုက်စစ်မှူးမျိူး အသင်းကထွက်ခွာသွားပြီးကတည်းက သူလို ပြိုင်ဘက်ခံစစ်တွေနဲ့ တွန်းတွန်းတိုက်တိုက် ကစားပြီး ၊ ဂိုးတွေ တဒိုင်းဒိုင်းသွင်းနိုင်တဲ့ တိုက်စစ်မှူးဆိုလို့ ဒီရေကို ကော်စတာ တစ်ယောက်လောက်သာ ရှိခဲ့တာဖြစ်ပါတယ်။ ချယ်ဆီး အသင်းက ဒရော့ဘာ အသင်းကထွက်ခွာသွားပြီးကတည်းက ပြောင်းရွှေ့ကြေး အမြောက်အများ အသုံးပြုပြီး အသင်းရဲ့ အကယ်ဒမီ ကစားသမားတွေနဲ့ရော နာမည်ကြီးတိုက်စစ်ကစားသမားတွေနဲ့ရော အကြိမ်ကြိမ် အစားထိုးခဲ့ပေမယ့် အဆင်မပြေခဲ့ပါတယ်။ ဒရော့ဘာ က ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတာကို မဖြစ်နိုင်တဲ့ အခြေအနေတွေကနေ အကြိမ်ကြိမ် သက်သေပြနိုင်ခဲ့ပြီးပြီပဲဖြစ်ပါတယ်။အသင်းလိုအပ် နေချိန် ကျဥ◌်းထဲ ကြပ်ထဲ ရောက်နေ့တဲ့ အချိန်တွေဆို ဒရော့ဘာ က အရမ်းအားကိုရတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာ ဘာယန်မြူးနစ် အသင်း နဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဥ◌်က ဥပမာတစ်ခုပါပဲ။ ၂၀၀၉-၁၀ ဘောလုံးရာသီမှာ ဒရော့ဘာက ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို မယုံနိုင်စရာ ကောင်းအောင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့ရာသီ က ဒရော့ဘာအတွက် အရမ်းကို အဆင်ပြေချောမွေ့ ခဲ့တဲ့ ရာသီတစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ အဲ့ရာသီ ဒရော့ဘာ က ပွဲကစားချိန် တော်တော်များများကို ဆုံးရှုံးခဲ့ပါတယ်။ ဒရော့ဘာက ငှက်ဖျားရောဂါကြောင့် ၃ ပတ် အထိ အနားယူခဲ့ရပြီး အာဖရိကပြိုင်ပွဲကြောင့်လည်း ချယ်ဆီး အသင်းရဲ့ ပွဲစဥ◌်တွေနဲ့ တစ်လတိတိ အနားယူခဲ့ရတယ်။ အဲ့တာအပြင် ချယ်ဆီး အသင်းရဲ့ ပင်နယ်တီ ဒိုင်ခံ ကန်သွင်းတဲ့ ကစားသမားကလည်း ဒရော့ဘာမဟုတ်ခဲ့ပါဘူး။ ချယ်ဆီး အသင်းရဲ့ အဓိက ပင်နယ်တီ ကန်သွင်းတဲ့ ကစားသမား က လမ်းပတ် ဖြစ်ပြီး ချယ်ဆီး အသင်းရရှိတဲ့ ပင်နယ်တီတိုင်းကို ကန်သွင်းပြီး ရာသီပိတ် ဝီဂန် နဲ့ပွဲစဥ◌်က တစ်လုံးတည်းသော ပင်နယ်တီကို သာ ဒရော့ဘာ က ကန်သွင်းခွင့်ရခဲ့တယ်။ ဒီလောက် ပွဲကစားချိန်တွေနည်းပါးလိုက် ၊ နိုင်ငံပွဲတွေကြောင့် တစ်လ လောက်အနားယူရလိုက် ဖြစ်နေတာတောင် ဒရော့ဘာက နောက်ဆုံးမှာ အနီးဆုံး ပြိုင်ဘက် ကစားသမားဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းက ဝိန်းရွန်းနီထက် ၃ ဂိုးအသာ တစ်ရာသီလုံးမှာ ၂၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၂၀၀၉-၂၀၁၀ ရဲ့ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှုးတွေ ထဲကတစ်ယောက်ဖြစ်တဲ့ ဒီဒီယာ ဒရော့ဘာ တစ်ယောက် ၂၀၀၉-၁၀ ရာသီ ပွဲကစားခွင့်တွေ နည်းပါးနေတဲ့ကြားက ရွှေဖိနပ်ဆုကို ခက်ခက်ခဲခဲ သိမ်းပိုက်နိုင်ခဲ့တဲ့ အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
ဒီဆောင်းပါးကို အင်္ဂလိပ် နဲ့ တရုတ် (Simplified Chinese) နှစ်မျိုးစလုံးနဲ့ အဓိပ္
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )