အရှေ့တောင်အာရှမှာ အောင်မြင်မှုတွေ ရရှိခဲ့ဖူးတဲ့ အာရှကျားကြီး
အရှေ့တောင်အာရှမှာ အောင်မြင်မှုတွေ ရရှိခဲ့ဖူးတဲ့ အာရှကျားကြီး
အခုလက်ရှိ မြန်မာ အားကစားလောကက အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဥ◌်ရင်တောင် အတော်လေးနိမ့်ကျနေတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဒါပေ့မယ် ဟိုးအရင်ခေတ်က မြန်မာ အားကစားလောက က အခုလို နိမ့်ကျတဲ့ အခြေအနေမျိုးမှာ ရှိခဲ့တာတော့ မဟုတ်ပါဘူး။ ဟိုးအရင်ကဆို မြန်မာ အားကစား နယ်ပယ်အသီးသီး က အောင်မြင်မှု ဆုဖလားတွေနဲ့ ရွှေရောင်လှမ်းခဲ့တာပဲဖြစ်ပါတယ်။ မြန်မာ အားကစားက မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးတဲ့ အချိန်ကစပြီး တစ်ဟုန်ချင်းတိုးတက်လာတာပဲဖြစ်ပါတယ်။ အရင်က ဆို မြန်မာ နိုင်ငံ ကို အာရှကျားလို့တောင် အခေါ်ခံရတဲ့ အထိ ဖြစ်ဖူးတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံလို့ ကြားတာနဲ့ ပြိုင်ဘက်တွေက ရင်ဆိုင်ရဖို့ကို ကြောက်ရွံလောက်တဲ့ အထိ ဖြစ်ခဲ့ဖူးပါတယ်။ မြန်မာ အားကစားလောက က အရင်ကဆို အားကစားနယ်ပယ် အသီးသီးမှာ အောင်မြင်မှုတွေနဲ့ အတူတူ ရွှေရောင်သရဖူ ဆောင်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီလို ရွှေရောင်ထွန်းလင်းနေတဲ့ အားကစားလောကကနေ ပိုမို တိုးတက်ကောင်းမွန်မလာပဲ အခုလို အခြေအနေ အရပ်ရပ်ကနေ ကျဆင်းသွားတဲ့ မြန်မာ အားကစားလောက ကို တွေ့မြင်နေရတာကတော့ အလွန်အံဩဖို့ကောင်းတဲ့ ကိစ္စ တစ်ခုပဲဖြစ်ပါတယ်။ ဟိုး အရင် တစ်ချိန်တုန်းကဆို အာရှ ဖလား ပြိုင်ပွဲမှာလည်း ဂျပန် နဲ့ အီရန် အသင်းတွေကို အကောင်းဆုံးရင်ဆိုင် ကျော်ဖျက်ပြီး ချန်ပီယံ ဆုကို ထိုက်ထိုက်တန်တန် သိမ်းပိုက်ခဲ့ဖူးတာပဲဖြစ်ပါတယ်။ အခုချိန်မှာတော့ အီရန် နဲ့ ဂျပန် တို့ကို အနိုင်ယူကစားနိုင်ဖို့ဆိုတာ အိမ်မက်တစ်ခု သာသာ ဖြစ်သွားခဲ့ရတာပဲဖြစ်ပါတယ်။ မြန်မာတို့ ရွှေရောင် ထွန်းလင်းတောက်ပခဲ့တဲ့ အချိန်ကတော့ အခုချိန် မြန်မာ အသင်း အာရုံစိုက်နေရတဲ့ ဆီးဂိမ်းဆိုတာကို ထည့်တောင်မတွက်ခဲ့တဲ့ ပြိုင်ပွဲ တစ်ခုသက်သက်ပဲဖြစ်ပါတယ်။ တစ်ချိန်က မြန်မာတွေက နိုင်ငံ တကာ အဆင့်မှီ ကျွန်ဆွယ် အားကစား ပြိုင်ပွဲမှာ ဆိုရင်လည်း နိုင်ငံ အလိုက်ဆုတွေတော်တော်များများကို သိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။ အာရှဖလားရဲ့ အကောင်းဆုံး လူစာရင်းမှာ မြန်မာနိုင်ငံက အနည်းဆုံး ကစားသမား ၂ယောက် ၃ ယောက်လောက် အမြဲလိုလို ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့လို ရွှေရောင်ထွန်းတောက်ပြီး အောင်မြင်မှုတွေနဲ့ ပြည့်ဝနေတဲ့ မြန်မာ အားကစားလောကကနေ အခုလို အခြေအနေအရပ်ရပ် က နိမ့်ကျသွားခဲ့တာက အရမ်းကို နှမြောဖို့ကောင်းတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူတွေတော်တော်များများရဲ့ စိတ်ထဲမှာ အားကစား နဲ့ အသက်မွေးဝမ်းကြောင်းလုပ်လို့မရဖူး လို့ပါ တွေးနေကြပြီဖြစ်ပါတယ်။ အဲ့ဒီ စိတ်တွေကြောင့်ပဲ အားကစားမှာ ထူးချွန်ပြီး အားကစားကို အတော်လေး ဝါသနာပါတဲ့ လူငယ်တွေက သူတို့ရဲ့ အိမ်မက်တွေကို စွန့်လွှတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ အရင် ဘယ်ချိန်ထပြိုင်ပြိုင် အမြဲလိုလို သာသာယာယာလေး အနိုင်ယူဖူးတဲ့ အသင်းတွေကိုတောင် အခုချိန်မှာ အသည်းအသန် နဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ ပြိုင်ဘက် အသင်းတွေရဲ့ အားကစား နယ်ပယ်က တစ်ဖြည်းဖြည်းနဲ့ တိုးတက်ကောင်းမွန်လာခဲ့ပြီး ကျွန်တော် တို့ မြန်မာ အားကစားနယ်ပယ်က တဖြည်းဖြည်းနဲ့ နိမ့်ကျလာတာကြောင့်ပဲဖြစ်ပါတယ်။ အခုချိန်မှာတော့ မြန်မာနိုင်ငံရဲ့ အားကစားလောကက အရင်လို ရွှေရောင် လွှမ်းမိုးတဲ့ အချိန်တွေလို ပြန်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တော့တဲံ ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါအခုတင်ဆက်ပေးသွားတာကတော့ အရှေ့တောင်အာရှမှာ အောင်မြင်မှုတွေ ရရှိခဲ့ဖူးတဲ့ အာရှကျားကြီး အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေုးဇူးအများကြီး တင်ရှိပါတယ်။
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )