လူသိနည်းတဲ့ One Championship CEO ချက်ထရီ ရဲ့ ဘဝနောက်ကြောင်း
လူသိနည်းတဲ့ One Championship CEO ချက်ထရီ ရဲ့ ဘဝနောက်ကြောင်း
One Championship လို့ပြောလိုက်တာနဲ့ တကမ္ဘာ့လုံးမှာ မသိတဲ့ လူ မရှိသလောက်ပါပဲ ။ ကမ္ဘာ့ပေါ်မှာ အအောင်မြင်ဆုံးနဲ့ လူကြိုက်အများဆုံး ပြိုင်ပွဲ တစ်ခုဖြစ်တဲ့ One Championship ဟာ လွယ်လွယ်ကူကူ နဲ့တည်ထောင်ထားခဲ့တာတော့ မဟုတ်ပါဘူး။ One Championship ရဲ့ CEO ဖြစ်သူ ချက်ထရီ က One Championship ကို အခက်အခဲတွေကြားထဲကနေ ဒုက္ခပေါင်း သောင်းခြောက်ထောင်ကို ကြံကြံခိုင် ရင်ဆိုင်ပြီး တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။ ချက်စရီ ဆိုတာ One Championship ကို တည်ထောင်ခဲ့တဲ့သူဖြစ်ပြီး ၁၉၇၁ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ထိုင်းနိုင်ငံ မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ် ။ ချက်ထရီ ရဲ့ ဖခင်က စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်ပြီး ချက်ထရီ တို့မိသာစုက စီးပွားရေးပြေလည်တဲ့ မိသားစုတစ်စုဖြစ်ခဲ့ပါတယ် ။ ငယ်စဥ◌်ကတည်းက ချက်ထရီက ကျောင်းစာတွေကို စိတ်မဝင်စားပဲ ရန်ပွဲတွေမှာသာ ကျင်လည်ခဲ့တယ်။ ချက်ထရီ အသက် ၉ နှစ် အရွယ်မှာ ချက်ထရီရဲ့ ဖခင်က ချကထရီနဲ့ အတူ မွှေ့ထိုင်း ပြိုင်ပွဲတစ်ခုကို သွားကြည့်ခဲ့တယ် ။ အဲ့ချိန်ကတည်းက ချက်ထရီရဲ့ အသွေးအသားထဲမှာ မွှေ့ထိုင်းဆိုတာကို စွဲသွားခဲ့တယ်။ ဒီလိုနဲ့ပဲ ချက်ထရီ က မွှေ့ထိုင်းပညာကို လေ့လာဖို့အတွက် မိဘတွေဆီကို ခွင့်တောင်းခဲ့ပြီး ချက်ထရီ အသက် ၉ နှစ်ကနေ အသက် ၂၀ အထိ မွှေ့ထိုင်းပညာတစ်ခုထဲကို သာ တစိုက်မက်မက် ကြိုးစားသင်ယူခဲ့တယ် ။ ဒီလိုနဲ့ပဲ ချက်ထရီတို့ အိမ်ရဲ့ စီးပွားရေးက တဖြည်းဖြည်းနဲ့ အကျပိုင်းကို ရောက်ရှိခဲ့တယ်။ ၁၉၉၇ ခုနှစ် အာရှဘဏ္ဌရေး အကြပ်အတည်းကြောင့် စီးပွားရေးလုပ်ငန်းရှင်တော်တော်များများ ဒေဝါလီခံခဲ့ရပြီး ချက်ထရီရဲ့ ဖခင်ရဲ့ လုပ်ငန်းလဲ ဒေဝါလီ ခံရတဲ့ အထဲ ပါဝင်ခဲ့တယ်။ အဲ့ဒိ အချိန်မှာပဲ ချက်ထရီရဲ့ ဖခင်က ချက်ထရီနဲ့ ချက်ထရီရဲ့ မိခင်ကို ထားပစ်ခဲ့တယ်။ ချမ်းသာကြွယ်ဝတဲ့ မိသားစုမှာ ကြီးပြင်းလာခဲ့တဲ့ ချက်ထရီ နဲ့ ချက်ထရီ ရဲ့ အတွက်ကတော့ ခက်ခဲတဲ့ အချိန်ကာလတစ်ခုဖြစ်ခဲ့တယ်။ ဒီလိုနဲ့ပဲ ချက်ထရီ အမေရဲ့ တောင်းဆိုမှုကြောင့် ချက်ထရီ တစ်ယောက် ဟားဗက် စီးပွားရေး တက္ကသိုလ်ကို အခက်အခဲတွေကြားကနေ တက်ရောက်ခဲ့ပြီး နောက်ဆုံးမှာ MBA ဘွဲ့ကို ရရှိခဲ့တယ်။ ဟားဗက် တက္ကသိုလ် တက်နေတဲ့ အချိန်တွေက ချက်ထရီတို့ မိသားစု အတွက်တော့ တော်တော်လေးကို ခက်ခဲတဲ့ အချိန်တွေဖြစ်ခဲ့တယ်။ ဘွဲ့ရရှိပြီးတဲ့အချိန်မှာ ဒေါ်လာသန်းပေါင်းများစွာ ရရှိမယ့် အလုပ်တွေက ချက်ထရီကို ကမ်းလှမ်းခဲ့ပေမယ့် ချက်ထရီက အဲ့ ကမ်းလှမ်းချက်တွေကို ငြင်းဆိုပြီး သူ့သူငယ်ချင်းနဲ့ အတူ software company တစ်ခုကို တည်ထောင်ခဲ့ပြီး အချိန်တိုလေးအတွင်းမှာပဲ တစ်ဟုတ်ချင်းတိုးတက်လာခဲ့တယ်။ ဒီလိုနဲ့ပဲ ချက်ထရီတို့က အောင်မြင်တဲ့ software company ကို ရောင်းချခဲ့ပြီး အမြတ်တွေကို ခွဲဝေ ယူကာ ချက်ထရီ တစ်ယောက်ကတော့ wall street ကို ရောက်ရှိခဲ့ပြီး hedge Fund Manager အဖြစ် လုပ်ကိုင်ခဲ့တယ်။ အဲ့နောက်တော့ ချက်ထရီက ငယ်စဥ◌်ကတည်းက သူ့ရဲ့ အသွေးထဲ အသားထဲမှာ စီးမျောနေတဲ့ မွေးထိုင်း အားကစားနဲ့ပတ်သတ်ပြီး စီးပွားရေး တစ်ခုလုပ်မယ်လို့ ငယ်စဥ◌်ကတည်းကဆုံးဖြတ်ထားတာကြောင့် သူရဲ့ ဝင်ငွေ ၈၀ ရာခိုင်နှုန်းလောက်ကို အသုံးပြုပြီး ၂၀၁၁ ခုနှစ်မှာ One Championship ကို တည်ထောင်ခဲ့တယ်။ အဲ့ချိန်တွေက နာမည်ကြီးနေတဲ့ ufc က us မှာ နာမည်အကြီးဆုံး ပြိုင်ပွဲတစ်ခုဖြစ်ပြီး us ရဲ့ ပရိတ်သတ်တွေကို သိမ်းပိုက်ထားတယ်။ ဒီလိုနဲ့ ချက်ထရီက Martial art တွေရဲ့ မြစ်ဖျားခံရာ အာရုပိုင်းမှာ သူရဲ့ One Championship ကို စတင်ခဲ့တယ်။ အစပိုင်း တည်ထောင်ပြီးချင်း ၃ နှစ်လောက်မှာ ဆက်တိုက်အရှုံးပေါ်ခဲ့ပြီး One Championship လုပ်ငန်းကို အခြားသူငှေးတစ်ယောက် အရှုံးခံပြီး ရောင်းချဖို့ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် ချက်ထရီရဲ့ အမေက တားခဲ့တာကြောင့် One Championship ကို မရောင်းချတော့ပဲ ဆက်လက်အောင်မြင်အောင်ကြိုးစားခဲ့တယ်။ ၂၀၁၁ ခုနှစ် One Championship စတင်တည်ထောင်ပြီး အချိန်ကတည်းကနေ အခုချိန်ထိ ချက်ထရီက ဘယ်တော့မှ လက်မလျော့ပဲ အကောင်းဆုံးကြိုးစားကာ ကမ္ဘာ့ပေါ်မှာ နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံး ပြိုင်ပွဲတစ်ခုဖြစ်အောင်တည်ထောင်နိုင်ခဲ့ပြီး ချက်ထရီရဲ့ ပိုင်ဆိုင်မှုတွေကလည်း မယုံနိုင်စရာကောင်းအောင် တိုးတက်လာခဲ့တာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ လူသိနည်းတဲ့ One Championship CEO ချက်ထရီ ရဲ့ ဘဝနောက်ကြောင်း ပဲဖြစ်ပါတယ် ။ အဆုံးထိ ဝင်ရောက်ကြည့်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေုးဇူးအများကြီး တင်ရှိပါတယ်။
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )