မြန်မာတွေ အတွက်မေ့မရနိုင်တဲ့ မြန်မာ U19 အသင်း
မြန်မာတွေ အတွက်မေ့မရနိုင်တဲ့ မြန်မာ U19 အသင်း
ဒီလိုအချိန်နဲ့ ၁၀ နှစ် လောက်အကွာတုန်းက ဖြစ်ပျက်ခဲ့တဲ့ မြန်မာဘောလုံးလောကအတွက် တက်ကြွလှုပ်ရှားစရာဖြစ်ရပ် တွေကို လှမ်းပြီး ပြန်ကြည့်မိပြန်ပါတယ်။ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေတုန်းက အရာတွေပေါ့။ မြန် မာ ယူ ၁၉ အသင်း အာရှ ယူ ၁၉ မှာ ဆီမီးဖိုင်နယ်တက်ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သွားခဲ့ချိန်နဲ့ ယူ ၂၀ ကမ္ဘာ့ဖလားကို ဝင်ရောက်ဆင်နွှဲနေချိန်တွေဆိုရင်လည်း မမှားပါဘူး။နည်းပြကြီး ဂက်ဖရိုင်းဒရစ်က ပြောစမှတ်တွင်တဲ့ နည်းပြတစ်ယောက်ဖြစ်သွားပြီဆိုပေမဲ့ သူ့ ရောက် လာလာချင်းကာလတုန်းကဒီလောက်အထိတော့လူသိများခဲ့တာမဟုတ်ပါဘူး။ ယူ ၁၉ မျိုးဆက်ကို ကိုင်တွယ်နေတုန်းက သူ့အတွက် အထောက်အပံ့တွေ ကောင်းကောင်းတောင် မရခဲ့သေးဘူး။ကစားသမားတွေရဲ့လေ့ကျင့်ရေးကွင်းနဲ့ အထွေထွေမပြည့်စုံမှုတွေ၊ မြန်မာ့လက်ရွေးစင်လူငယ်အသင်း တိုင်း ကြုံနေကျ မအောင်မြင်ခင် နွမ်းပါးတဲ့အခြေအနေတွေ၊ ထောက်ပံ့မှုအားနည်းတာတွေကြားက နေပဲ သူက ဒီအသင်းလေးကို အခြေကနေ စတင်တည်ဆောက်လာခဲ့တာပါ။ ူ ၁၉ အသင်းအတွက် အလှည့်အပြောင်းကတော့ ၂၀၁၄ ဩဂုတ်ထဲမှာ ကစားခဲ့တဲ့ ဘရူနိုင်းဘုရင့် ဖလားပါပဲ။ အဲဒီမှာ မြန်မာက ထိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ အရှေ့တီမောတိုနဲ့တစ်အုပ်စုတည်းကျရောက် ခဲ့ပြီး ၄ ပွဲကစား ၄ ပွဲနိုင် အုပ်စုပထမနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့တာကနေ သတိထားမိစရာဖြစ်လာ ခဲ့ပြီး ဆီမီးမှာ မလေးကို ဂိုးပြတ်နိုင် ဖိုင်နယ်မှာ ဗီယက်နမ်ကို နိုင်လိုက်ရာကနေ သူတိုအသင်း စပြီး ပရိသတ်ရှေ့ရောက်လာပါတော့တယ်။ ဒီအချိန်လောက်မှာတော့ ထောက်ပံ့မှုတွေက စပြီး အပြောင်း အလဲဖြစ်စပြုပါပြီ။ မြန်မာအသင်းဟာ အာရှ ယူ ၁၉ မှာ ထိုင်း၊ ယီမင်၊ အီရန်တိုနဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ယီမင် နဲ့သရေ၊ ထိုင်းကိုနိုင်၊ အီရန်ကို ရှုးပြီးအုပ်စု ဒုတိယနဲ့ ကွာတားကို တက်လာနိုင်ခဲ့ပါတယ်။ကွာတားဖိုင်နယ်ကို ကျော်ရင် ဆီမီးရောက်တာနဲ့ ယူ ၂၀ ကမ္ဘာ့ဖလားဝင်ခွင့်ရမှာပဲဖြစ်ပါတယ်။ ။ အဲဒီပွဲကိုတော့ အထူးပြောနေဖိုမလို တော့ပါဘူး။ ကွာတာဖိုင်နယ် ပွဲစဥ◌်မှာ ယူအေအီဂ အသင်းကို ငြိမ်းချမ်းအောင်ရဲ့ တွန်းတွန်းတိုက်တိုက်ဖန်တီးချပေးမှုကို သန်းပိုင်က ပိတ်သွင်းသွားတဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ပွဲချိန်ပြည့် ခံစစ်ကစားသွားခဲ့ပြီး ကမ္ဘာ့ဖလားဝင်ခွင့်အရယူနိုင်ခဲ့တာပါ။ ဒီပွဲနဲ့ ထက် ကာတာနဲ့ ကစားခဲ့တဲ့ဆီမီးပွဲစဉ်က အများကြီး ပိုကြည့်ကောင်းခဲ့တာလည်း အမှတ်ရစရာပါပဲ။ ကမ္ဘာဖလားမှာတော့ မြန်မာ ယူ ၂၀ အသင်းဟာ အိမ်ရှင် နယူးဇီလန်၊ အမေရိကန်၊ ယူကရိန်းတိုနဲ့ တစ်အုပ်စုတည်းကျခဲ့ပါ တယ်။ အဖွင့်ပွဲမှာ အမေရိကန်တိုနဲ့ ကစားခဲ့ရတာပါ။မြန်မာ ကစား သမား ရန်နိုင်ဦး ကအဖွင့်ဂိုးသွင်းပေးနိုင်ခဲ့ပေမဲ့ ပွဲအပြီး မှာတော့ ၂-၁ နဲ့ရှုးသွားခဲ့ပါတယ်။
ဒုတိယပွဲမှာတော့ ယူကရိန်းကို ပထမပိုင်း ၀-၀ ဖြစ်အောင် ခံကစားနိုင်ခဲ့ပြီးမှ ဒုတိယပိုင်းမှာ ကြံ့ခိုင် မှုနဲ့ ရုပ်ပိုင်းဆိုင်ရာအားနည်းချက်တွေကြောင့် ဂိုးတွေဆက်တိုက်ပေးခဲ့ရပြီး ၆-၀ အထိဖြစ်သွားခဲ့ပါ တယ်။ နောက်ဆုံးပွဲမှာလည်း အတူတူပါပဲ။ အောင်သူရဲ့လှပတဲ့ ဂိုးနဲ့ ပွဲကို စဖွင့်နိုင်ခဲ့ပေမဲ့ နယူးဇီလန် က ကြံ့ခိုင်မှုအသာ၊ သက်လုံအသာနဲ့ ၅ ဂိုးပြန်သွင်းယူသွားခဲ့တာပါ။
ဒီမတိုင်ခင်မှာ ငြိမ်းချမ်းအောင်ကို ဒဏ်ရာကြောင့် ဆုံးရှုးထားရတာက တော်တော်ကို အထိနာစေ သလို ပထမပွဲထွက် လူစာရင်း ၁၁ ယောက်တည်းကသာ ခြေစွမ်းကောင်းပြီး လူစားဝင်ကစားသမား တွေက အဆင့်တစ်ခု ကွာခြားနေတာကလည်း ပြဿနာတစ်ခုလိုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ထိုက်ထိုက် အောင်၊ နန္ဒကျော်၊ ကျော်မင်းဦး၊ ငြိမ်းချမ်းအောင်၊ မောင်မောင်စိုး၊ သန်းပိုင်၊ မောင်မောင်လွင်၊ အောင် သူ၊ နန်းဝေမင်း၊ ရန်နိုင်ဦး၊ မျိုးကိုထွန်း၊ သီဟထက်အောင် စတဲ့ ကစားသမားအစုအဖွဲကို ဒီမျိုးဆက် က မွေးထုတ်ပေးခဲ့တာကတော့ အမှန်ပါ။
အခုတင်ဆက်ပေးသွားတာကတော့ မြန်မာတွေအတွက် မေ့မရနိုင်တဲ့ မြန်မာ U 19 ဘောလုံးအသင်း အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ကြည့်ရှုပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)