မော်ရင်ဟိုခေတ် ချယ်ဆီးအသင်း ပြန်လည်ဦးမော့လာခြင်း
မော်ရင်ဟိုခေတ် ချယ်ဆီးအသင်း ပြန်လည်ဦးမော့လာခြင်း
ချယ်ဆီးအသင်းအကြောင်းကို ပြောမယ်ဆိုရင် ချန်ထားလို့မရတဲ့ လူနှစ်ယောက်ရှိပါတယ်။ အဲဒီလူတွေကတော့ ချယ်ဆီးအသင်းရဲ့ အသင်းပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ချ်နဲ့ နည်းပြဟောင်းဖြစ်တဲ့ “Special One” လို့ လူသိများတဲ့ ဟိုဆေး မော်ရင်ဟိုတို့ပဲ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ အင်္ဂလန်ဘောလုံးလောကကို ကြီးစိုးထားခဲ့တဲ့ ကာလတစ်ခုမှာ အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်က ချယ်ဆီးအသင်းကို အောက်ခြေကနေ အင်အားကြီးအသင်းတစ်သင်းဖြစ်လာအောင် ပြောင်းလဲပြင်ဆင်မှုများစွာ ပြုလုပ်ပေးခဲ့ပါတယ်။
ပေါ်တိုအသင်းလို အသင်းငယ်တစ်သင်းနဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပြီး ဘောလုံးလောကကို တုန်လှုပ်စေခဲ့တဲ့ နည်းပြ ဟိုဆေး မော်ရင်ဟိုကို စတန်းဖို့ဒ်ဘရစ်ချ်ဆီ ခေါ်ဆောင်နိုင်ခဲ့ခြင်းကလည်း ချယ်ဆီးအသင်းကို ဥရောပအဆင့် အသင်းကြီးတစ်သင်းအဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။
မော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ ကြီးစိုးနေတဲ့ခေတ်မှာ ချယ်ဆီးအသင်းရဲ့ နာမည်ကို အင်္ဂလန်ဘောလုံးလောကရဲ့ ထိပ်တန်းအသင်းစာရင်းထဲ ရေးထိုးပေးနိုင်ခဲ့ပါတယ်။ နာမည်ကျော်ကစားသမား အများအပြားကို စုစည်းပြီး အသင်းတည်ဆောက်ခဲ့တာမျိုးမဟုတ်ဘဲ သူလိုချင်တဲ့ ကစားသမားတွေနဲ့သာ အသင်းကို ကျစ်လစ်ခိုင်မာအောင် တည်ဆောက်ခဲ့ပြီး ဆုဖလားပေါင်းများစွာကို ဆွတ်ခူးပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
မော်ရင်ဟို ချယ်ဆီးအသင်းကို စတင်ကိုင်တွယ်ပြီး မကြာခင်မှာပဲ အသင်းရဲ့ ခံစစ်ပိုင်းက သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ ဂျွန်တယ်ရီနဲ့ ရီကာဒို ကာဗယ်ဟိုတို့ရဲ့ ခံစစ်အတွဲကလည်း အဲဒီခေတ်က ကမ္ဘာ့အကောင်းဆုံး ခံစစ်အတွဲတွေထဲက တစ်တွဲအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
မော်ရင်ဟိုဟာ ချယ်ဆီးအသင်းနဲ့ ပထမဆုံးဘောလုံးရာသီမှာပဲ ကာရာဘောင်းဖလားကို ဆွတ်ခူးနိုင်ခဲ့သလို၊ ချယ်ဆီးအသင်းရဲ့ နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလားကိုလည်း ရမှတ် ၉၅ မှတ်နဲ့ ရယူပေးနိုင်ခဲ့ပါတယ်။
အဲဒီ ၂၀၀၄-၀၅ ရာသီမှာ ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ၃၈ ပွဲအတွင်း ပေးဂိုး ၁၅ ဂိုးသာ ခွင့်ပြုခဲ့ရပြီး ခံစစ်ပိုင်းမှာ ထူးခြားတဲ့ မှတ်တမ်းတစ်ခုကိုလည်း ရေးထိုးနိုင်ခဲ့ပါတယ်။ အဲဒီစွမ်းဆောင်ရည်နဲ့အတူ ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို အောင်အောင်မြင်မြင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အဲဒီနောက် FA ဖလားချန်ပီယံ အာဆင်နယ်အသင်းနဲ့ FA Community Shield အတွက် ရင်ဆိုင်ခဲ့ရပြီး လန်ဒန်ပြိုင်ဘက်ကို ၂-၁ ဂိုးနဲ့ အနိုင်ယူကာ Community Shield ဖလားကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မော်ရင်ဟိုလက်ထက်မှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေကို ဆက်လက်ပြသနိုင်ခဲ့တဲ့ ချယ်ဆီးအသင်းဟာ နောက်ရာသီမှာလည်း ပရီးမီးယားလိဂ်ဖလားကို ထပ်မံဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုက ချယ်ဆီးအသင်းဟာ အင်္ဂလန်ပြည်တွင်းမှာသာမက ဥရောပအဆင့်မှာပါ အင်အားကြီးအသင်းတစ်သင်းဖြစ်လာပြီဆိုတာကို သက်သေပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ချယ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ FA Cup ၁ ကြိမ်၊ League Cup ၃ ကြိမ်နဲ့ FA Community Shield ၁ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဆုဖလားအောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တဲ့ ချယ်ဆီးအသင်းကို အင်္ဂလန်ဘောလုံးလောကရဲ့ လူရိုသေရှင်ရိုသေ အသင်းတစ်သင်းအဖြစ် ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့တာဟာ နည်းပြကြီး ဟိုဆေး မော်ရင်ဟိုရဲ့ အခန်းကဏ္ဍကြောင့်ဆိုရင် ငြင်းလို့မရပါဘူး။
ချယ်ဆီးပရိသတ်တွေအတွက်တော့ မော်ရင်ဟိုဆိုတာ ရိုးရိုးနည်းပြတစ်ယောက်ထက် ပိုပါတယ်။ ချယ်ဆီးအသင်းရဲ့ အောင်မြင်မှုခေတ်သစ်ကို စတင်ပေးခဲ့တဲ့ နည်းပြတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ ရင်ထဲမှာ ယနေ့တိုင် အမှတ်တရရှိနေဆဲ ဖြစ်ပါတယ်။
အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )