လူတွေမသိသေးတဲ့ လူးဝစ်ဗန်ဟားရဲ့ နည်းပြဘဝအကြောင်း
လူတွေမသိသေးတဲ့ လူးဝစ်ဗန်ဟားရဲ့ နည်းပြဘဝအကြောင်း
လူးဝစ်ဗန်ဟားဆိုတာ ဘယ်လိုနည်းပြမျိုးလဲ ။ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးလား ။ ဒါမှမဟုတ် ပျင်းစရာကောင်းတဲ့ ရိုးရိုးရှင်းရှင်း ကစားကွတ်တွေနဲ့ အမြဲလိုလို ကစားတက်တဲ့ နည်းပြတစ်ယောက်လား။ ဘယ်လို နည်းပြမျိုးပဲဖြစ်ဖြစ် လူးဝစ်ဗန်ဟားက သူရဲ့ နည်းပြဘဝကို ရရှိဖို့အတွက် ပင်ပင်ပန်းပန်း နဲ့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။ ဘာလို့လဲဆိုတော့ လူးဝစ်ဗန်ဟား က သူရဲ့ ကစားသမား ဘဝ မှာ အောင်မြင်တဲ့ ကစားသမား တစ်ယောက်မဖြစ်ခဲ့ဘူး။ သူရဲ့ ငယ်ဘဝ အသင်းဖြစ်တဲ့ sparta rotterdam အသင်းမှာ ကစားခဲ့တဲ့ အချိန်တုန်းကဆိုရင် မနက်ပိုင်းမှာ အသင်းရဲ့ ကလေးတွေ အတွက် PE ဆရာ တစ်ယောက်အဖြစ်လုပ်ကိုင်ခဲ့ရပြီး ညနေပိုင်းမှာဆိုရင် sparta rotterdam အသင်းအတွက် ထရိန်နင် ဆင်းရပြန်တယ်။ ညပိုင်းရောက်တဲ့ အခါမှာတော့ သူရဲ့ နည်းပြဘဝ အတွက် လိုအပ်မယ့် အထောက်အကူ ဖြေစေမယ့် စာတွေ ၊ နည်းစနစ်တွေကို ကြိုးကြိုးစားစားလေ့လာခဲ့ရတယ်။ အဲ့တာကြောင့် လူးဝစ်ဗန်ဟား က သူရဲ့ နည်းပြဘဝ ကိုတော့ လွယ်လွယ်ကူကူရရှိခဲ့တာတော့ မဟုတ်ပါဘူး။ လူးဝစ်ဗန်ဟား ကြိုးစားမှုရဲ့ ရလဒ်အဖြစ် အေဂျက် အသင်းရဲ့ မန်နေဂျာ ဖြစ်လာခဲ့တယ်။ ဒါက လူးဝစ်ဗန်ဟား ပင်ပင်ပန်းပန် ရုန်းကုန်ကြိုးစားခဲ့ရလို့ ပြန်ရရှိတဲ့ အသီးအပွင့်ပဲ ။ လူးဝစ်ဗန်ဟား ရဲ့ အဓိက အားသာတဲ့ အချက်က လူငယ်တွေကို ယုံယုံကြည်ကြည်နဲ့နေရာပေးတယ် ။ သူမွေးထုပ်ပေးပြီး စင်တင်ပေးလိုက်တဲ့ ဒိတ်ဒိတ်ကြဲ ကစားသမားတွေက ကမ္ဘာ့ဘောလုံးလောကမှာ ရှမ်းရှမ်းတောက် အောင်မြင်ခဲ့ကြတယ်။ ဒီလိုနဲ့ပဲ သိပ်မကြာခင် အချိန်မှာပဲ လူးဝစ်ဗန်ဟား က အေဂျက် အသင်းနဲ့ အတူ ဥရောပ ဆုဖလားအပါအဝင် အခြားဆုဖလားတွေကိုလည်း ဆွတ်ခူးလာနိုင်ခဲ့တယ်။ လူးဝစ်ဗန်ဟား က ၂၀၀၀ ခုနှစ် အရှေ့ပိုင်း ကာလတွေမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ နည်းပြတစ်ယောက်လို့ ဆိုရမယ်။ လူးဝစ်ဗန်ဟား က သူရဲ့ ကစားကွတ် သူရဲ့ system ကို တော်တော်လေးအလေးထားတဲ့နည်းပြတစ်ယောက်လည်းဖြစ်ပါတယ်။၂၀၀၀ ခုနှစ် အရှေ့ပိုင်းကာလတွေမှာ အောင်မြင်မှုရရှိခဲ့ပေမယ့် ၂၁ ရာစုရောက်ရှိလာတဲ့ အချိန်မှာတော့ လူးဝစ်ဗန်ဟား ရဲ့ အောင်မြင်မှုတွေက အရင်လောက်မကြီးမားတော့ဘူး။ ဘာစီလိုနာ ၊ နယ်သာလန် ၊ အေဂျက် စတဲ့ အသင်းတွေကို ကိုင်တွယ်ပြီး ၂၀၀၈ ခုနှစ် အရောက်မှာတော့ Az Alkmaar အသင်းကို ကိုင်တွယ်ခဲ့ပြီး Az Alkmaar အသင်းနဲ့အတူ အကောင်းဆုံးပြန်လည်တောက်ပလာနိုင်ခဲ့တယ်။ Az Alkmaar အသင်းရဲ့ အသင်းသမိုင်းကြောင်းတစ်လျောက် ဒုတိယမြောက် အမှတ်ပေးဖလားကို ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တယ်။ အဲ့နောက်ဂျာမန် ဘီလူးကြီး ဘာယန်မြူးနစ် အသင်းကို ကိုင်တွယ်ခဲ့ပြီး ပြည်တွင်းဖလားအားလုံးကို ၂ နှစ်အတွင်းသိမ်းပိုက်နိုင်ခဲ့တယ်။ အဲ့နောက် နယ်သာလန် လက်ရွေးစင်အသင်းကို နောက်တစ်ကြိမ် နည်းပြခဲ့တယ်။ ၂၀၀၂ ခုနှစ် တုန်းက မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြကြီး ဖာဂူဆန်က အနားယူတော့မယ်လို့ သတင်းအချို့ထွက်ပေါ်လာခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူတွေက လူးဝစ်ဗန်ဟား ကို ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ် နည်းပြကြီး ဖာဂူဆန် အသင်းကနေ မထွက်ဖြစ်ခဲ့တာကြောင့် လူးဝစ်ဗန်ဟား က မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်မလာခဲ့တာပါ။ ၂၀၁၄ ခုနှစ် အရောက်မှာတော့ ဖာဂူဆန် အနားယူပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဒေးဗစ် မိုရက် က စွမ်းဆောင်ရည်ကောင်းတွေမပြသနိုင်ပဲ အသင်းရဲ့ ရလဒ်တွေဆိုးဝါးနေတာကြောင့် အသင်းကနေ ထုပ်ပယ်ခဲ့ပြီးနောက် လူးဝစ်ဗန်ဟား က မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြတစ်ယောက်ဖြစ်လာခဲ့တယ်။ လူးဝစ်ဗန်ဟား က ပြောင်းလဲပြင်ဆင်မှုတွေပြုလုပ်ပြီး သွေးသစ်လောင်းဖို့ လိုအပ်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို ဒီမာရီယာ လို ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေပြီး အရမ်းကို နာမည်ကြီးနေတဲ့ ကစားသမားကို ခေါ်ယူပြီး အသင်းကို အခြေချခဲ့တယ်။ အဲ့တာအပြင် လူးဝစ်ဗန်ဟား က မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရောက်ချင်းရာသီမှာပဲ ကစားကွတ်ပေါင်းများစွာနဲ့ စမ်းသပ်မှုပေါင်းများစွာပြုလုပ်ခဲ့တယ်။ လူးဝစ်ဗန်ဟား က သူရဲ့ အားကိုးတကြီးခေါ်ယူထားတဲ့ ဒီမာရီယာ ကလည်း အစပိုင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး အဆင်ပြေချောမွေ့တဲ့ အချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ရတယ်။ အဲ့နောက်တော့ ဒီမာရီယာ က ပြသာနာပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ခြေစွမ်းမပြနိုင်တော့တာကြောင့် လူးဝစ်ဗန်ဟား က သူအားကိုးတကြီးခေါ်ယူထားတဲ့ ကစားသမားကို ဆုံးရှုံးခဲ့တာကြောင့် အသင်းကို အကောင်းဆုံး ပြန်လည်တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပြီး လူငယ်ကစားသမားတွေကိုယုံယုံကြည်ကြည်နေနေရာပေးလာခဲ့ကြတယ်။ အလားအလာကောင်းတွေပိုင်ဆိုင်ထားတဲ့ လူငယ် ကစားသမားတွေကို ခေါ်ယူခဲ့ကြတယ် ။ ဒီလိုနဲ့ လူးဝစ်ဗန်ဟား ရဲ့ မန်ချက်စတာယူနိုက်တက် အသင်းက တဖြည်းဖြည်းနဲ့ အသားကျလာခဲ့ပြီး နိုင်ပွဲတွေဆက်လာခဲ့တယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ အသင်းရဲ့ ကစားသမားတွေ ယုံကြည်မှုတွေပျောက်ဆုံးပြီး အသင်းက ရလဒ်တွေဆိုးဝါလာခဲ့တဲ့ အပြင် ချန်ပီယံလိဂ် ကနေလည်း ထွက်ခဲ့ရတယ်။ ဒါပေမယ့် အဲ့ရာသီ အဆုံးမှာတော့ ဒဏ်ရာရ ကစားသမားတွေ ရှိနေတာတောင် FA ဖလားကို ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းက လူးဝစ်ဗန်ဟား ကိူ FA ဖလားဆွတ်ခူးပြီး ၅ ရက် အကြာမှာ ရာထူးကနေထုပ်ပယ်ခဲ့တယ်။ အဲ့နောက် လူးဝစ်ဗန်ဟား က သူရဲ့ နည်းပြဘဝကို ခနအနားယူခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ နယ်သာလန် အသင်းအတွက် တတိယ အကြိမ် နည်းပြ တာဝန်ဆက်ယူခဲ့တာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ လူတွေမသိသေးတဲ့ လူးဝစ်ဗန်ဟားရဲ့ နည်းပြဘဝအကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )