တစ်ချိန်က ဘာစီလိုနာ ကွင်းလယ်ရဲ့ အင်ဂျင်တစ်လုံးအဖြစ် မောင်းနှင်ပေးနိုင်ခဲ့တဲ့  ဇာဗီ နဲ့ အင်နီရီစတာ 

Published 1mo ago
Article
တစ်ချိန်က ဘာစီလိုနာ ကွင်းလယ်ရဲ့ အင်ဂျင်တစ်လုံးအဖြစ် မောင်းနှင်ပေးနိုင်ခဲ့တဲ့  ဇာဗီ နဲ့ အင်နီရီစတာ 

တစ်ချိန်က ဘာစီလိုနာ ကွင်းလယ်ရဲ့ အင်ဂျင်တစ်လုံးအဖြစ် မောင်းနှင်ပေးနိုင်ခဲ့တဲ့  ဇာဗီ နဲ့ အင်နီရီစတာ 



ဘာစီလိုနာ အသင်းရဲ့ ကွင်းလယ် ကို အကောင်းဆုံးမောင်းနှင်ခဲ့တဲ့ ကွင်းလယ် အတွဲ ၊ ဘာစီ အသင်းရဲ့  တီကီတာကာ ကစားကွက် မှာ အဓိက နေရာ ကပါဝင်ခဲ့တဲ့ ကွင်းလယ် ကစားသမားနှစ်ယောက်၊ ကလပ် အသင်းမှာ ရော နိုင်ငံ အသင်းဖြစ်တဲ့ စပိန် အသင်းရဲ့ ဆုဖလားတွေ သိမ်းပိုက်ခဲ့တဲ့ ကာလတွေမှာ အဓိက ထောက်တိုင်ဖြစ်ခဲ့ တဲ့ ကစားသမားနှစ်ယောက် ၊ ပြိုင်ဘက် အသင်းတွေ ရဲ့ လေးစားမှု ကို အပြည့်အဝ ရရှိခဲ့တဲ့ ကစားသမား နှစ်ယောက် ၊ လာမာစီလီ ယာ ရဲ့  အကောင်းဆုံထုပ်ကုန် နှစ်ယောက် ဟုတ်ပါတယ် အဲ့ဒိ ကစားသမားနှစ်ယောက် ကတော့ ဇာဗီ နဲ့ အင်နီရီစတာ ပဲဖြစ်ပါတယ်။   ဘာစီလိုနာ ရဲ့ အကယ်ဒမီ ဖြစ်တဲ့ လာမာစီယာ ကထွက် တဲ့ ကစားသမားနှစ်ယောက် ဖြစ်တဲ့ ဇာဗီ နဲ့ အင်နီရီစတာ  နှစ်ယောက်ကတော့ ဘာစီလိုနာ အသင်းရဲ့ ရွှေခေတ် တစ်လျောက်မှာ အကောင်းဆုံး ကွင်းလယ် ကို မောင်းနှင်ခဲ့တယ်။ နည်းပြ ဂွာဒီရိုလာ လက်ထပ် မှာ ဆုဖလားများစွာ ကို သိမ်းပိုက် ရာ မှာ အဓိက ကျတဲ့  ကွင်းလယ် ကို မောင်းနှင်နိုင်ခဲ့ပါတယ်။  ဇာဗီ နဲ့ အင်နီရီစတာ ဦးဆောင်တဲ့ ကွင်းလယ်ဟာ အခြာအသင်း ကွင်းလယ် တွေကို ကောင်းကောင်းထိန်းချုပ်  ကစားနိုင်ပြီး ဘာစီလိုနာ  အသင်း ရဲ့  တီကီတာကာ ကစားကွတ် မှာ အဓိက ကျတဲ့ အခန်းကဏ္ဌ က ပါဝင်ကစားခဲ့ပြီး ဆုဖလားများစွာကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဇာဗီ အင်နီရီစတာ ရဲ့ ကွင်းလယ် က အသင်းရဲ့ တိုက်စစ် ကို ကောင်းကောင်းအထောက်အကူပြုနိုင်ပြီး လိုအပ်ရင်လိုအပ်သလို ဂိုးတွေလဲသွင်းပေးနိုင်ခဲ့ပါတယ်။ ဇာဗီ ကို  ၁၉၈၀ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့  ကာတာလိုနီးယား မှာ မွေးဖွားခဲ့ပါတယ်။ဇာဗီ က  အသက်  ၁၁ နှစ်မှာ ဘာစီလိုနာ အကယ်ဒမီ လာမာစီယာ ကို ရောက်ရှိခဲ့ပြီး ၁၉၉၈ ခုနှစ် ဩဂုတ်လမှာ ကစားခဲ့တဲ့ မာရော့ကာနဲ့ ပွဲစဥ် က ကစားသမားဘဝ ပထမဆုံး ပွဲ စဥ် လည်းဖြစ်ပါတယ်။ ဇာဗီ က ဘာစီလိုနာ အသင်းအတွက် ၇၆၇ ပွဲ ကစားခဲ့ ပြီး ၈၅ ဂိုးအထိ သွင်းယူ နိုင်ခဲ့ပြီး ဘာစီလိုနာ သမိုင်းတလျောက် ဥရောပ ပွဲစဥ◌် များနှင့်  ဖီဇာကမ္ဘာ့ဖလား ပွဲစဥ် စုစုပေါင်း ၁၅၀ ကစားခဲ့တဲ့ ပထမ ဆုံးကစားသမား ပဲဖြစ်ပါတယ်။ဘာစီလိုနာ အသင်းနဲ့ အတူ  စပိန် လာလီကာ ဖလား ( ၈ )ကြိမ် ၊ ကိုပါဒယ်ရေးဖလား ( ၃ )ကြိမ် ၊  Supercopa de Espana ( ၆ ) ကြိမ် ၊ ချန်ပီယံလိဂ် ဖလား ( ၄ )ကြိမ် ၊ စူပါကပ်  ( ၂ )ကြိမ် နှင့်  ကမ္ဘာကပ်ဖလား ( ၂ )ကြိမ် တို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဇာဗီ  က ၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာ အသင်း မှ ကာတာ ကလပ် အယ်လ်ဆက်ဒ် အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ကစားသမားဘဝ အနားယူသွားခဲ့ပါတယ်။ အင်နီရီစတာ ကို ၁၉၈၄ ခုနှစ် မေ လ မှာ စပိန်နိုင်ငံ ရွာလေးတစ်ရွာ မှာမွေးဖွားခဲ့ပါတယ်။ အင်နီရီစတာ က အသက် ၁၂ နှစ်အရွယ် တွင် အငယ်တန်း ဘောလုံးပွဲများကစားခဲ့ ကာ သတင်းထောက် များစွာရဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရပြီး  သူ့မိဘတွေကလည်း ဘာစီလိုနာလူငယ်အသင်းနည်းပြနဲ့ရင်းနှီးတာမို့ အင်နီယေစတာ ကို ဘာစီလိုနာအကယ်ဒမီ ကို ရောက်ရှိခဲ့ပါတယ်။ ထို့နောက် လာမာစီယာဆီရောက်လာပြီး ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် အကယ်ဒမီမှာ ဘောလုံးပညာတွေသင်ကြားပြီးနောက် အသက် 18 နှစ် ၊ 2002 ခုနှစ်တွင်ဘာစီလိုနာအသင်းကြီး အတွက်ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ အင်နီယေစတာ အသင်းသို့ရောက်ရှိပြီးနောက် ဘာစီလိုနာအသင်းခေါင်းဆောင် ပတ်ဂွာဒီယိုလာက အသင်းဖော်ဖြစ်သူ ဇာဗီကို “ သူကငါ့ကိုအနားယူစေတော့မယ် ၊ ငါတို့အားလုံးကိုအနားယူစေတော့မယ် “ လို့ အင်နီယေစတာရဲ့ ခြေစွမ်းအပေါ်မှာအတော်လေးအထင်ကြီးခဲ့ပါတယ်။အဲ့ဒီနောက် 2004/2005 ဘောလုံးရာသီမှာပုံမှန်ပွဲထွက်ခွင့် တွေရရှိခဲ့ပြီး 2018 ခုနှစ်ထိကစားကာ ဘာစီလိုနာရဲ့ နှစ်ကြိမ်တိုင်တိုင် တစ်နှစ်အတွင်းဆုဖလား 3 လုံးအောင်ပွဲခံမှုတွေနဲ့အတူ ဆုဖလား 35 လုံးထိနဲ့ပိုင်ဆိုင်နိုင်ခဲ့သည်။ ဘာစီလိုနာပြီးတော့ ဂျေဝမ်းကလပ် ဗစ်ဆယ်ကိုဘီ မှာ 6 နှစ်ကစား ပြီးတော့ 2023/2024 မှာ သူ့ရဲ့နောက်ဆုံးကလပ်ဖြစ်တဲ့ ယူအေအီးပရိုလိဂ် က အမ်းမရိတ် ကိုပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။ပွဲပေါင်း 1,000 ကျော်တဲ့အထိ အနီကဒ်တစ်ကြိမ်တစ်ခါ မှမရရှိဖူးပဲ အခါးသီးဆုံးမြို့ခံပြိုင်ဘက်တွေကတောင် လေးစားခြင်းကိုခံခဲ့ရတဲ့ဘောလုံးကစားသမားတစ်ယောက်ဖြစ်ပါတယ်။အင်နီရီစတာ က ဘာစီလိုနာ အသင်းနဲ့ အတူ စပိန် လာလီကာ ဖလား ( ၉ )ကြိမ် ၊ ကိုပါဒယ်ရေးဖလား ( ၆ )ကြိမ် ၊  Supercopa de Espana ( ၆ ) ကြိမ် ၊ ချန်ပီယံလိဂ် ဖလား ( ၄ )ကြိမ် ၊ စူပါကပ်  ( ၂ )ကြိမ် နှင့်  ကမ္ဘာကပ်ဖလား ( ၃ )ကြိမ် တို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာ အသင်းနဲ့အတူ အောင်မြင်မှုများစွာကိုသိမ်းပိုက်နိုင်ခဲ့ပြီး အသင်းရဲ့ ရွှေရောင်တစ်ခေတ် မှာ အသင်းရဲ့ ကွင်းလယ် ကို အကောင်းဆုံးမောင်းနှင်နိုင်ခဲ့ပါတယ်။အဆုံးထိ ဝင်ရောက်ကြည့်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။ 


Leave a reply

💬 Join our Telegram
📢 Hello!! You can ask directly to the admin for more information...