ဘယ်အသင်းကို မှ ကြောက်စရာမလိုအောင် ကောင်းမွန်နေတဲ့ အာဆင်နယ် အသင်း
အာတီတာ ရဲ့ အာဆင်နယ် အသင်းက တစ်နှစ်တစ်နှစ် ပိုပိုပြီး ကောင်းမွန်လာခဲ့တာ ဒီနှစ်ဘောလုံးရာသီမှာဆိုရင် ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်လာခဲ့ပြီ ။ အရင်နှစ် ဘောလုံးရာသီတွေကလို အသင်းရဲ့ လိုအပ်ချက်တွေကို လိုက်ဖြည့်နေရတာမဟုတ်တော့ပဲ ဒီနှစ်ဘောလုံးရာသီက ဆုဖလားဆွတ်ခူးဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပြီ ။ ဒီနှစ်အပြောင်းအရွှေ့ကာလထဲက အာတီတာ ရဲ့ အာဆင်နယ် အသင်းက ကစားသမားအင်းအားကို ကောင်းကောင်းကြီးဖြည့်တင်းခဲ့တယ် ။ အာဆင်နယ် အသင်းမှာ အသင်း ၂ သင်းစာ လူစာရင်းရှိနေတာကြောင့် ဒီလို ဒဏ်ရာရ ကစားသမား အရေအတွက်များနေပေမယ့် အာတီတာ အတွက် လုပ်ရကိုင်ရပိုမိုလွယ်ကူစေခဲ့တယ် ။ နိုဝင်ဘာ လအစ တုန်းကဆိုရင် အာဆင်နယ် အသင်း ရဲ့ အဓိကကစားသမားတော်တော်များများက ဒဏ်ရာပြဿနာတွေကြုံတွေခဲ့ကြတယ် ။
ဒါပေမယ့် အာတီတာ အနေနဲ့ သူ့အသင်း ပုံစံကို ပျက်မသွားအောင် အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့တယ် ။ အသင်းရဲ့ အရေးပါဆုံး ကစားသမားဖြစ်တဲ့ ဆာကာ နာနေတဲ့အချိန် မာဒူကီ နဲ့ အကောင်းဆုံးလုပ်ပြခဲ့သလို အသင်းခေါင်းဆောင် အိုဒီဂတ် ဒဏ်ရာပြဿနာကြောင့် အနားယူနေရတဲ့ အချိန်မှာလည်း အက်ဇီ နဲ့ အကောင်းဆုံးလုပ်ပြခဲ့တယ် ။ ပြီးတော့ ဒီနှစ်ဘောလုံးရာသီမှာ အာဆင်နယ် အသင်း သိသိသာသာ တိုးတက်လာတာကိုပြောပြဆိုရင် ခံစစ်ကစားပုံပဲ ။ အာဆင်နယ် အသင်းရဲ့ ခံစစ်က ပြီးခဲ့တဲ့ ဘောလုံးရာသီတွေထက် သိသိသာသာ မာကျောကျစ်လစ်လာခဲ့တယ် ။ ဒါက ဆာလီဘာ ၊ ဂါဗရီရယ် တို့ရဲ့ ကောင်းမွန်မှုကြောင့်ပါဝင်သလို ဇူဘီမန်ဒီ ၊ ဒီကလန် ရိုက် တို့ရဲ့ ခံစစ်ကူပေးနိုင်မှုကြောင့်လည်းပါဝင်တယ် ။ အဲ့မှာ ဂါဗရီရယ် ဒဏ်ရာရရှိသွားတဲ့ အချိန်မှာလည်း ဟင်ကပီ ၊ မော်စကွဲရို တို့အလှည့်ကျဝင်ကစားပေမယ့်လည်း အာဆင်နယ် အသင်းရဲ့ ခံစစ် ကစားပုံက အရင်အတိုင်း ကျစ်လစ်တုန်းပဲ ။ ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း အကောင်းဆုံး အသင်းတွေကို တစ်သင်းပြီးတစ်သင်း ဖြေရှင်းပြနေတာကိုတွေ့မြင်ရတယ် ။
ဒီနှစ်ဘောလုံးရာသီ ရဲ့ အကောင်းဆုံး အသင်းတွေကိုပြောပါဆိုရင် အာတီတာ ရဲ့ အာဆင်နယ် အသင်း နဲ့ ကွန်ပတီ ရဲ့ ဘာယန်မြူးနစ် အသင်းလို့ပဲပြောရမယ် ။ ဘာစီ ၊ ရီးရဲလ် ၊ ပီအက်ဂျီ ၊ မန်စီးတီး ၊ လီပါပူး တို့က ဒီနှစ်ဘောလုံးရာသီမှာ အနည်းငယ် ရုန်းကန်နေရတဲ့ အချိန် အာဆင်နယ် နဲ့ ဘာယန်မြူးနစ် အသင်းက စောင့်ကြည့်ချင်စရာအကောင်းဆုံးအသင်းတွေပဲ ။ အဲ့တာကိုမှ အာဆင်နယ်အသင်းက ဘာယန်မြူးနစ် အသင်းကို ချန်ပီယံလိဂ် ပွဲစဥ်မှာ လွယ်လွယ်ကူကူ ကစားပြီး အနိုင်ယူခဲ့တာက အင်မတန်ကြောက်စရာကောင်းတယ် ။ အခုချိန်မှာ အာတီတာ ရဲ့ အာဆင်နယ် အသင်းက ဘယ်အသင်းကိုမှ ကြောက်စရာမလိုအောင် ကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်လာခဲ့ပါပြီ ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#arsenal
#arteta
#coach
#bayernmuich
#championsleague
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )