အာဆင်နယ်အသင်းရဲ့ အားနည်းနေတဲ့ ၂ နေရာကို ဖြည့်ဆည်းပေးနိုင်တဲ့ကစားသမား ( သို့ ) အက်ဇေ
အာဆင်နယ် အသင်းက နည်းပြ အာတီတာ လက်ထက်မှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုကောင်းမွန်လာတယ် ၊ ပိုမိုတည်ငြိမ်လာတယ် ၊ ပိုပိုပြီးတော့ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ LEVEL ကို ရောက်ရောက်လာခဲ့တယ် ။ ဒါပေမယ့် အာတီတာ အနေနဲ့ အာဆင်နယ် အသင်းကို ကိုင်တွယ်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ပိုမိုတိုးတက်ကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်အောင် တည်ဆောက်နိုင်ခဲ့ပေမယ့် ဆုဖလားတွေ ရရှိအောင်တော့မစွမ်းဆောင်နိုင်ခဲ့ပါဘူး ။ အာဆင်နယ် အသင်းပရိတ်သတ်တွေ တော်တော်များများကလည်း နှစ်အတော်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ဖလားကြီးကို နောက်တစ်ကြိမ် သိမ်းပိုက်တာမြင်ချင်နေပါပြီ ။ အာတီတာ အနေနဲ့လည်း ပရီးမီးယားလိဂ် ကို ဆွတ်ခူးဖို့အတွက် လုံလောက်တဲ့ အချိန်လည်း ယူပြီးသလို ၊ ဒီရာသီ ခေါ်ယူအားဖြည့်ထားတဲ့ ကစားသမားတွေနဲ့ဆိုရင် ဒီချိန်ကပရီးမီးယားလိဂ် ဖလားကြီးကို ဆွတ်ခူးနိုင်ဖို့ အတွက် အကောင်းဆုံးအချိန်တစ်ခုပါပဲ ။ အာဆင်နယ် အသင်းအနေနဲ့ အရှေ့ကသုံးရာသီလောက်ကတည်းက ပရီးမီးယားလိဂ်ဖလားကို သိမ်းပိုက်ဖို့အတွက် အကောင်းဆုံးအခြေအနေတွေရှိခဲ့ပေမယ့် မလိုလားအပ်တဲ့ အမှားတွေကြောင့်သာ အမြဲလိုလို ဒုတိယနေရာနဲ့သာ ကျေနပ်နေရတာပဲဖြစ်ပါတယ် ။
အာဆင်နယ် အသင်းအနေနဲ့ ဒီအပြောင်းအရွှေ့ကာလမှာပြောင်းလဲပြင်ဆင်မှုပေါင်းများစွာပြုလုပ်ခဲ့တယ် ။ အာဆင်နယ် အသင်း ရဲ့ တိုက်စစ် ကို ပြီးခဲ့တဲ့ ရာသီတွေမှာ အမြဲလိုလို ဦးဆောင်ပြီး ထမ်းတင်ပေးနေတာကတော့ လူငယ်ကစားသမားလေး ဆာကာ ပဲဖြစ်ပါတယ် ။ မနှစ်က ရာသီ ကတည်းက အာဆင်နယ် အသင်းမှာ အားနည်းနေတာ တိုက်စစ်နေရာ တစ်နေရာထဲမဟုတ်ပါဘူး ။ အာဆင်နယ် အသင်းရဲ့ အသင်းခေါင်းဆောင် အိုဒီဂတ် က No 10 ကစားသမားတစ်ယောက်မှာ ရှိရမယ့် ဖန်တီးနိုင်စွမ်းတွေ မရှိပါဘူး ။ ဘယ်တောင်ပံ က မာတင်နယ်လီ တစ်ယောက်ကလည်း တစ်နေ့ရွှေ ၊ တစ်နေ့ငွေပါ ။ အဲ့တာကြောင့် အာဆင်နယ် အသင်းအနေနဲ့ အပြောင်းအရွှေ့ကာလမှာ ဘယ်တောင်ပံ နဲ့ NO 10 နေရာမှာအကောင်းဆုံးကစားနိုင်မယ့် ကစားသမားတွေရှာဖွေခဲ့တယ် ။ ဒီရာသီမှာ အသင်းကို ရောက်ရှိလာခဲ့တဲ့ အားကစားဒါရိုက်တာ အန်ဒရေဘာတာ နဲ့ အာတီတာ ရဲ့ ပေါင်းစပ်ခြင်းက သိပ်ကိုကောင်းမွန်ခဲ့ပြီး ဒီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ် အသင်းကို အရင်နဲ့မတူပဲ အရည်အသွေးမြင့်ကစားသမားကောင်းပေါင်းများစွာရောက်ရှိလာခဲ့တယ် ။ အဲ့ထဲမှာ အာဆင်နယ် အသင်းအတွက် အများကြီး အထောက်အကူပြုတဲ့ အပြောင်းအရွှေ့က အက်ဘာရီချီ အက်ဇေ ရဲ့ အပြောင်းအရွှေ့ပဲ ။ အက်ဇေ က အာဆင်နယ် အသင်း အမှန်တကယ်အားနည်းနေပြီး လိုအပ်ချက်ရှိနေတဲ့ ဘယ်တောင်ပံ နဲ့ No 10 နှစ်နေရာလုံးမှာ အကောင်းဆုံးကစားနိုင်တဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ် ။အဲ့တာကြောင့်ပဲ အာဆင်နယ် အသင်းအနေနဲ့ အက်ဇေ ကို တော်တင်ဟမ် စပါး အသင်း နဲ့ မရမက အပြိုင်လုခဲ့တာပဲဖြစ်ပါတယ် ။
အက်ဇေ ရောက်လာတာကြောင့် မာတင်နယ်လီ ၊ အိုဒီဂတ် တို့ အနေနဲ့လည်း သူတို့ရဲ့ အပိုင်စားနေရာကို လက်လွှတ်မဆုံးရှုံးစေဖို့အတွက် ပိုပိုပြီးကြိုးစားလာခဲ့သလို အရင်ကထက် အသင်းကို ပိုပြီး အကျိုးပြုနိုင်လာတာကိုလည်း သတိထားမိတယ် ။ ဒါတွေက အာဆင်နယ် အသင်းကို အက်ဇေ ရောက်ရှိလာခြင်းရဲ့ အကျိုးဆက်တွေပဲ ။ အက်ဇေ အနေနဲ့လည်း သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို အာဆင်နယ် အသင်းမှာ ဆက်လက်ပြသနိုင်ခဲ့တယ် ။ အာဆင်နယ် အသင်းအနေနဲ့ အက်ဇေ ကို အရခေါ်ယူနိုင်လိုက်တာက အားနည်းနေတဲ့ ၂ နေရာအတွက် အကောင်းဆုံးဖြည့်ဆည်းမှု ဖြစ်ခဲ့သလို အသင်းရဲ့ ကစားသမားတွေအတွက်လည်း ပွဲထွက်ခွင့်တစ်နေရာအတွက် ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်လာတာကြောင့် အရင်ကထက် ကြိုးစားလာတဲ့ ကောင်းကျိုးအချို့ကိုလည်း ရရှိခဲ့တယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။၊
#mmmedia
#arsenal
#finnazaz
#midfielder
#attacking
#premierleague
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)