အာဆင်နယ် အသင်းကို အသက်ရှူကြပ်စေမယ့် မန်စီးတီး ရဲ့ နိုင်ပွဲ
၂၀၂၅ ရဲ့နောက်ဆုံး အင်တာနေရှင်နယ် ဘရိတ် မတိုင်ခင် နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဥ်မှာ မနှစ်ကဘောလုံးရာသီ အကျပိုင်းကို ရောက်သွားခဲ့တဲ့ ပက် ရဲ့ မန်စီးတီး အသင်း နဲ့ နောက်ပိုင်းပွဲစဥ်တွေမှာ ရလဒ်ကောင်းတွေပြန်လည်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ လက်ရှိပရီးမီးယားလိဂ် ချန်ပီယံ လီပါပူး တို့ ထိပ်တိုက်တွေ့ဆုံမှာဖြစ်တာကြောင့် ဘောလုံးပရိတ်သတ်တွေ တော်တော်များများ စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြတယ် ။ ပက်ရဲ့ မန်စီးတီး အသင်းက လွန်ခဲ့တဲ့ နှစ်တွေမှာ ခက်ခဲပါတယ်ဆိုတဲ့ ပရီးမီးယားလိဂ် ဖလားကြီး ကို အကြိမ်ကြိမ်သိမ်းပိုက်ပြီး ပရီးမီးယားလိဂ် ကို ကြီးစိုးခဲ့ပေမယ့် မနှစ်ကဘောလုံးရာသီမှာတော့ အသင်းက အကျပိုင်းကို ရောက်ရှိသွားခဲ့ပြီး ဆုဖလားလက်မဲ့ ရာသီ တစ်ခုကို ဖြတ်ကျော်လိုက်ရတာပဲဖြစ်ပါတယ် ။ ဒါပေမယ့် ဒီရာသီမှာ ပက် အနေနဲ့ ကစားသမား အစုအဖွဲ့ အသစ် တစ်ခု ၊ ကစားပုံ ၊ ကစားကွက် အသစ်တစ်မျိုး နဲ့ အကောင်းဆုံးပုံစံတွေကို ပြသနေတာပဲဖြစ်ပါတယ် ။
တစ်ဖက် လီပါပူး အသင်းအနေနဲ့ကတော့ မနှစ်ကဘောလုံးရာသီ အသင်းကို ကစားသမား ဖြည့်တင်းမှုတွေ မရှိခဲ့တာတောင် အာနေးစလော့ အနေနဲ့ သူ့ရဲ့ နည်းပြ ဘဝ ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ် ဖလားကြီးကို ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ် ။ ပထမဆုံး ရာသီမှာတင် အကောင်းမွန်ဆုံး ပုံစံတွေ ကိုပြသနိုင်ခဲ့တဲ့ အာနေးစလော့ ကို လီပါပူး အသင်း တာဝန်ရှိသူတွေအနေနဲ့ ဒီအပြောင်းအရွှေ့ကာလမှာ ကလပ် စံချိန်တင် အသုံးစရိတ်သုံးကာ ကောင်းလှပါတယ်ဆိုတဲ့ ကစားသမားတွေပဲခေါ်ယူခဲ့တယ် ။ ဒါပေမယ့် ကစားသမားအသစ်တွေ အနေနဲ့ အာနေးစလော့ ရဲ့ ကစားကွက်မှာ အံဝင်ဖို့ ရုန်းကန်နေရပြီး ရလဒ်တွေ ဆိုးဝါးနေတာပဲဖြစ်ပါတယ် ။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့ အချိန်မှာ နိုင်တဲ့ အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာကို တက်သွားမှာဖြစ်သလို ရှုံးတဲ့ အသင်းကတော့ အဆင့် ၇ ၊ ၈ လောက်ကို ရောက်သွားမှာပဲဖြစ်ပါတယ် ။ နှစ်သင်းလုံး အတွက် အမှားခံလို့မရတာကြောင့် နှစ်သင်းလုံးက အကောင်းဆုံး လူစာရင်း နဲ့ ပွဲထွက်လာခဲ့တယ် ။ အာနေးစလော့ အနေနဲ့ ဒီနောက်ပိုင်း ပုံစံကောင်းတွေပြသနေတဲ့ ကစားပုံ ၊ ကစားကွက် ကိုသာ ဆက်လက် အသုံးပြုခဲ့ပေမယ့် သူ့ရဲ့ system တစ်ခုလုံးကို မန်စီးတီး အသင်းရဲ့ တောင်ပံကစားသမား ဒိုကူ က ဖျက်စီးလိုက်တာပဲဖြစ်ပါတယ် ။
ဒီပွဲစဥ်မှာ ဒိုကူ တစ်ယောက် ထိန်းမနိုင်အောင်ကောင်းခဲ့ပြီး လီပါပူး အသင်းရဲ့ ညာခြမ်းကို တော်တော်လေး ဒုက္ခပေးနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ လီပါပူး အသင်း အနေနဲ့ ဒိုကူ တစ်ယောက်ကို ထိန်းနေရတာနဲ့ အခြားလုပ်ရမယ့် အလုပ်တွေကို မေ့လျော့ခဲ့ပြီး နောင်ဆုံးမှာတော့ ၃ ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ် နဲ့ အရှုံးပေးခဲ့ရတာပဲဖြစ်ပါတယ် ။ မန်စီးတီး အသင်းအနေနဲ့ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အဆင့် ၂ နေရာကို ရောက်ရှိခဲ့သလို အဆင့် ၁ နေရာက အာဆင်နယ် အသင်းအနေနဲ့ကလည်း နောက်ဆုံးပွဲစဥ်မှာ ရမှတ်ဆုံးရှုံးခဲ့တာကြောင့် မန်စီးတီး အသင်းကို ၄ မှတ်သာဖြတ်ထားနိုင်တော့တာပဲဖြစ်ပါတယ် ။ ပက် ရဲ့ မန်စီးတီး အသင်းက အခုလို ဖိအားလိုက်ပေးနေတာက အာတီတာ ရဲ့ အာဆင်နယ် အသင်းအတွက်တော့ အတော်လေးကို အသက်ရှူကြပ်စေမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#arsenal
#manchestercity
#pepguardiola
#coach
#internationalbreak
#premierleague
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)