အာဆင်နယ် အသင်းရဲ့ Set Piece ကို ဦးဆောင်နေတဲ့ ဆာလီဘာ နဲ့ ဂါဗရီရယ်
ဒီနှစ်ဘောလုံးရာသီမှာ နေရာအမျိုးမျိုး ၊ ပုံစံ အမျိုးမျိုး နဲ့ သွင်းဂိုးတွေသွင်းယူနိုင်တဲ့ အသင်းတွေထဲမှာ အာဆင်နယ် အသင်းက ဦးဆောင်ကနေတာ မထူးဆန်းပါဘူး ။ အာတီတာ အနေနဲ့ သူ့ရဲ့ အသင်းကို အကောင်းဆုံး တည်ဆောက်လာခဲ့တာ အချိန်တစ်ခုကြာမြင့်နေပါပြီ ။ ကြားထဲမှာ ဆုဖလားတွေဆွတ်ခူးနိုင်လောက်ပေမယ့် ပက်ရဲ့ မန်စီးတီး အသင်းကို ကျော်ဖြတ်ဖို့အတွက်တော့ မဖြစ်နိုင်ခဲ့ပါဘူး ။ ဘာလိုလို နဲ့ အာတီတာ တစ်ယောက် အာဆင်နယ် အသင်းကို ကိုင်တွယ်လာခဲ့တာ ၆ ရာသီလောက်ရှိလာပြီ ။ အာတီတာ လက်ထဲမှာ အာဆင်နယ် အသင်းကလည်း တစ်ရာသီထက် တစ်ရာသီ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သလို ဒီနှစ်ဘောလုံးရာသီမှာဆိုရင် အနိုင်ယူဖို့ ခက်ခဲတဲ့ အသင်းတစ်သင်းအသွင်အဖြစ်ပါပြောင်းလဲသွားခဲ့တယ် ။
အာတီတာ က လွန်ခဲ့တဲ့ နှစ်တွေက ပရီးမီးယားလိဂ် ဖလားကို အဓိက စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းအဖြစ်သာရှိနေသေးပေမယ့် ဒီရာသီမှာတော့ အာတီတာ ရဲ့ အသင်းက ဆုဖလားကို သိမ်းပိုက်နိုင်တဲ့ အသင်းတစ်သင်းအဖြစ်ပြောင်းလဲသွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းရဲ့ ခံစစ်က သိသိသာသာ မာကျောကျစ်လစ်လာသလို တိုက်စစ်ကလည်း သွင်းဂိုးတွေအမြဲလိုလို သွင်းယူပေးနိုင်ပါတယ် ။ အကယ်လို့ တိုက်စစ်က သွင်းဂိုးမယူပေးနိုင်ရင်တောင် လွန်ခဲ့တဲ့ နှစ်တွေကတည်း က အာဆင်နယ် အသင်း ထုပ်သုံးတက်တဲ့ လက်နက်ကြီးတစ်ခုရှိပါတယ် ။ အဲ့တာကတော့ Set Piece သွင်းဂိုးတွေပဲဖြစ်ပါတယ် ။ အာဆင်နယ် အသင်း ရဲ့ Set Piece က လွန်ခဲ့တဲ့ ဘောလုံးရာသီတွေကတည်းက ဘယ်အသင်းနဲ့မှ မတူပဲ စနစ်တကျ ကို တည်ဆောက်ထားတယ်ဆိုတာမြင်နေရတယ် ။ ဒီနှစ်မှာ အာဆင်နယ် အသင်း ရဲ့ Set Piece တွေက ပိုမိုကောင်းမွန်လာခဲ့သလို ၊ လက်ပစ်ဘောတွေပါ ကြောက်စရာကောင်းလာခဲ့တယ် ။ နောက်ထပ်သတိထားမိတာ အာဆင်နယ် အသင်းရဲ့ Set Piece ကို အဓိက ဦးဆောင်နေတာက ဆာလီဘာ နဲ့ ဂါဗရီရယ် ပဲ ။ ဂါဗရီရယ် ဆိုရင် Set Piece တွေကနေ အမြဲလိုလို သွင်းဂိုးရယူပေးနိုင်တဲ့ ဗဟိုခံစစ်ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ် ။ အာဆင်နယ် အသင်းနောက်ဆုံးကစားခဲ့တဲ့ ချဲလ်ဆီး အသင်း နဲ့ လန်ဒန်ဒါဘီပွဲစဥ်မှာ အာဆင်နယ် အသင်း ရဲ့ Set Piece တွေက ထင်ထားသလောက် အလုပ်မဖြစ်ခဲ့ပါဘူး ။
ဒီပွဲစဥ်မှာ အာဆင်နယ် အသင်းရဲ့ အဓိက ခံစစ်ကစားသမား နှစ်ယောက်ဖြစ်တဲ့ ဆာလီဘာ နဲ့ ဂါဗရီရယ် တို့က ဒဏ်ရာပြဿနာကြောင့် ကစားခွင့်မရရှိပဲ အရန်ကစားသမားတွေဖြစ်တဲ့ ဟင်ကပီ နဲ့ မော်စကွဲရား တို့ကသာ အာဆင်နယ် အသင်း ရဲ့ ခံစစ်မှာပွဲထွက်ခဲ့တယ် ။ဒါက ချဲလ်ဆီး အသင်းနည်းပြ အန်ဇိုမာရက်စကာ ရဲ့ အာဆင်နယ် အသင်း Set Piece ကို ကာကွယ်တဲ့ Game Plan က အလုပ်ဖြစ်ခဲ့တာလည်း ပါဝင်သလို ဆာလီဘာ နဲ့ ဂါဗရီရယ် တို့ရဲ့ နေရာကို ဝင်ရောက်ကစားတဲ့ ဟင်ကပီ နဲ့ မော်စကွဲရား နှစ်ယောက်လုံးက Set Piece တွေမှာဆိုရင် ဆာလီဘာ နဲ့ ဂါဗရီရယ် လောက် ကြောက်ဖို့မကောင်းတာကို သိသိသာသာမြင်တွေ့ခဲ့ရတယ် ။ အဲ့တာကြောင့် အာဆင်နယ် အသင်း ရဲ့ Set Piece တိုင်းကို ဆာလီဘာ နဲ့ ဂါဗရီရယ် တို့က အဓိကဦးဆောင်နေကြတာပဲဖြစ်ပါတယ် ၊အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#arsenal
#williamsaliba
#gabriel
#centreback
#premierleague
LATEST NEWS
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)