အဆုတ် ၂ ခုနဲ့လူသား သို့ ပက်ဒရို နက်တို
အဆုတ် ၂ ခုနဲ့လူသား ( သို့ ) ပက်ဒရို နက်တို
အရင်တစ်ချိန်တုန်း က မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကစားသမား ပက်ကျိစံ ၊ ချဲလ်ဆီး အသင်းရဲ့ ကစားသမား အန်ကိုလို ကန်တီ တို့က မိနစ် ၉၀ လုံးကို မမောနိုင်မပန်းနိုင် သက်လုံကောင်းကောင်း နဲ့ ကစားသမားပြီး သက်ဆိုင်ရာ အသင်းတွေကို အထောက်အကူအများကြီးဖြစ်စေခဲ့တာကြောင့် ဒီကစားသမားတွေကို အဆုတ် ၂ ခုနဲ့ လူသားလို့ တင်စားခဲ့ကြတယ်မလား ။ အဲ့စာရင်းထဲမှာ လက်ရှိ ချဲလ်ဆီး အသင်းရဲ့ ပေါ်တူဂီ တောင်ပံ ကစားသမား ပက်ဒရို နက်တိုကိုလည်း ထည့်သွင်းပြီး ပြောဆိုရတော့မှာပဲဖြစ်ပါတယ် ။ ပက်ဒရို နက်တို အနေနဲ့ ချဲလ်ဆီး အသင်းကို စတင်ရောက်ရှိလာတဲ့ အချိန်ကတည်းက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ဆက်တိုက်ဆိုသလို ပြသနေခဲ့ပြီး ချဲလ်ဆီး အသင်းအတွက်လည်း မရှိမဖြစ် ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ် ။ ပက်ဒရို နက်တို ရဲ့ တိုးအား ၊ ရုန်းအား ၊ တစ်ဦးချင်းကျော်ဖြတ်ပုံတွေက သိပ်ကို ကြောက်စရာကောင်းမွန်ပြီး တစ်ဖက်ခံစစ် ကစားသမားတွေအတွက် တော်တော်လေးအလုပ်ရှုပ်စေပါတယ် ။ နက်တို က တိုက်စစ်ပိုင်းအတွက်လည်း စိတ်ချရသလို ခံစစ်ကို ပြန်လည်ကူညီပေးတဲ့ အပိုင်းမှာလည်း ပြောစရာမလိုပါဘူး ။ ဘယ်တောင်ပံ ၊ ညာတောင်ပံ နှစ်နေရာလုံးမှာ အကောင်းဆုံးကစားနိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်သလို သူကစားတဲ့ တောင်ပံ တစ်လျောက် အတက်အဆင်းမှန်မှန် နဲ့ အသင်းကိုအများကြီး အကျိုးပြုနေတဲ့ ကစားသမား တစ်ဦးပဲဖြစ်ပါတယ် ။ ပွဲစဥ်တိုင်း ကို လုပ်အားနှုန်း ပြည့်ပြည့်ဝဝ သုံးကာ တစ်ပွဲလုံးကို မခိုမကပ်ပဲ မမောနိုင် မပန်းနိုင် ကစားသမား တက်တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ် ။ အန်ကိုလို ကန်တီ ၊ ပက်ကျီစံ တို့လို ကွင်းရဲ့ ဘယ်နေရာမဆို မရှိနေနိုင်ပေမယ် နက်တို ကစားတဲ့ တောင်ပံ တစ်လျောက်မှာတော့ နက်တို ရဲ့ လုပ်ကွက်တွေကြီးပါပဲ ။ တိုက်စစ် ၊ ခံစစ် မျှတအောင် ကစားနိုင်သလို အသင်းအတွက်ဆို ပေးဆပ်ချင်စိတ် အပြည့်အဝရှိတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ် ။ ကွင်းလယ် အတွက် အန်ဇို နဲ့ ကိုင်စီဒို က မရှိမဖြစ် ကစားသမားတွေဖြစ်သလို တောင်ပံနေရာတွေအတွက်မှာလည်း နက်တို က မရှိမဖြစ်ကစားသမား တစ်ဦးပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းက နက်တို လှုပ်ရင်လှုပ်သလောက် ၊ ခြေစွမ်းပြရင် ပြသလောက် တိုက်စစ်လမ်းကြောင်းတွေပွင့်တယ် ၊ ဂိုးတွေပိုမို ရရှိတယ်ဆိုတာ မနှစ်ကဘောလုံးရာသီတုန်းက တွေ့မြင်ပြီးသားဖြစ်ပါတယ် ။ တိုက်စစ် ထက် ခံစစ်ကို ပိုမိုအားပြုရမယ့် ပွဲတွေကြရင်လည်း နက်တို တစ်ယောက် လုပ်အားနှုန်းအပြည့် နဲ့ ခံစစ်အတွက် အကူအညီအများကြီးပေးနိုင်သလို တန်ပြန်တိုက်စစ်ဆင်တဲ့ အချိန်မှကြရင်လည်း မခိုမကပ် ပဲ လျင်လျင်မြန်မြန် နဲ့ တိုက်စစ်ကို လိုက်ပါ အားဖြည့်နိုင်ပြန်တယ် ။ ဒီလို တောင်ပံကစားသမားတစ်ဦး က ရှားပါတယ် ။ တစ်ပွဲလုံး ကို မခိုမကပ်ပဲ တိုက်စစ် ခံစစ် မျှတအောင် ကစားနိုင်တဲ့ နက်တိုလို အဆုတ် ၂ ခုနဲ့ ကစားသမားတစ်ယောက်ကို ချဲလ်ဆီး အသင်း ပိုင်ဆိုင်နိုင်လိုက်တာက သိပ်ကို ကောင်းမွန်တဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းကို ရောက်ရှိပြီးမှ သွင်းဂိုး နဲ့ ဂိုးဖန်တီးမှုတွေ ပိုမိုများပြားလာတဲ့ နက်တိုတစ်ယောက် ဒီရာသီမှာလည်း အသင်းကို ဘယ်လိုထမ်းတင်သွားမလဲဆိုတာစောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ် ။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )