လွန်ခဲ့တဲ့ ၂၅ နှစ်က ဘောလုံးလောကရဲ့ ကြီးမားတဲ့ လှုပ်ခတ်မှုကြီးတစ်ခု
လွန်ခဲ့တဲ့ ၂၅ နှစ် ဒီလိုအချိန်လောက်မှာ ဘောလုံးလောက တစ်ခုလုံးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေမယ့် အကြောင်းအရာတစ်ခုရှိခဲ့တယ် ။ အဲ့ဒီ ဘောလုံးလောကတစ်ခုလုံးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေခဲ့တဲ့အကြောင်းအရာရဲ့ ဇာတ်လိုက်ကတော့ ပေါ်တူဂီ ကစားသမား လူးဝစ် ဖီဂို ပဲ ဖြစ်ပါတယ် ။ လွန်ခဲ့တဲ့ ၂၅ နှစ်ဆိုတော့ ၂၀၀၀ ပြည့်နှစ်လောက်ပေါ့ ။ အဲ့ချိန်တုန်းက လူးဝစ် ဖီဂို က ဘာစီလိုနာ အသင်းအတွက် မရှိမဖြစ်ကစားသမားတစ်ယောက်လို့ဆိုရမယ် ။ အသင်းကို ဦးစီးဦးဆောင်လုပ်ပြီး ကစားနိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်သလို၊ ဘာစီလိုနာ အသင်းပရိတ်သတ်တွေရဲ့အချစ်တော်ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ် ။
ရှင်းရှင်းပြောရရင် အဲ့ချိန်တုန်းကတော့ ဖီဂိုက Camp Nou ရဲ့ အရှင်သခင် လည်းဖြစ်ခဲ့တယ် ။ လီယိုနယ် မက်ဆီ ၊ ရော်နယ်ဒင်ဟိုတို့လောက်က ဘာစီလိုနာ အသင်း ပရိတ်သတ်တွေက ရဲ့အချစ်တော်ကစားသမားတစ်ယောက်ဖြစ်ခဲ့တယ် ။ ပြီးတော့ ကစားသမားတစ်ယောက်အတွက်အကြီးကျယ်ဆုံး နဲ့ အခမ်းနားဆုံးဆုဖြစ်တဲ့ ဘောလွန်းဒီအော ကိုလည်း ဘာစီလိုနာအသင်း နဲ့အတူ သိမ်းပိုက်နိုင်ခဲ့တာကြောင့် အဲ့ချိန်တုန်းက ဖီဂို က ကမ္ဘာ့အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတယ် ။ ဒီလို ဘာစီလိုနာ အသင်းမှာ ကစားသမားဘဝ အကောင်းဆုံး အချိန်တွေကို ပိုင်ဆိုင်ထားနေရဲ့သားနဲ့ လူးဝစ် ဖီဂို တစ်ယောက် သိပ်မကြာခင် အချိန်အတွင်းမှာပဲ ရုတ်တရက်ဆိုသလို အဲ့ချိန်တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ နဲ့ ဘာစီလိုနာ အသင်းရဲ့ အခါးသီးဆုံး နဲ့ အဓိက ပြိုင်ဘက်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကိုပြောင်းရွှေ့သွားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီလို ဘာစီလိုနာ အသင်း ကို အဓိက ထမ်းတင်ပေးပြီး အသင်းကို ဦးဆောင်နေတဲ့ ကစားသမားတစ်ယောက်က အသင်းနဲ့ အတူ အောင်မြင်မှုတွေကို သိမ်းပိုက်ပြီးပြီးခြင်းမှာ အခြားသောကလပ် အသင်းတွေကိုတောင် ပြောင်းရွှေ့သွားတာမဟုတ်ပဲ ဘာစီလိုနာ အသင်း ရဲ့ အဓိက ပြိုင်ဘက်လဲဖြစ် အခါးသီးဆုံး ပြိုင်ဘက်လည်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့သွားခဲ့တာကြောင့် ဒီသတင်းက ဘောလုံးလောကထဲမှာ တော်တော်လေးကို ဆူဆူညံညံ ဖြစ်သွားခဲ့တယ် ။
လူးဝစ် ဖီးဂို တစ်ယောက်လည်း ဘာစီလိုနာ ပရိတ်သတ်တွေရဲ့ အမုန်းတရား ကို တော်တော်လေးခံလိုက်ရတယ် ။ ဒီလိုနဲ့ပဲ လူးဝစ် ဖီးဂို တစ်ယောက် ဘာစီလိုနာ အသင်းပရိတ်သတ်တွေရဲ့ အချစ်တော်ကစားသမား တစ်ယောက်အဖြစ်ကနေ အချိန်တိုလေးအတွင်းမှာပဲ ဘာစီလိုနာ အသင်းပရိတ်သတ်တွေ ရဲ့ အမုန်းဆုံးကစားသမားတွေထဲက တစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ် ။ ဒီ လူးဝစ် ဖီဂို ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့သွားတဲ့ သတင်းက လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က ဘောလုံးရပ်ဝန်း တစ်ခုလုံးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့ပါတယ် ။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#barcelona
#realmadrid
#luisfigo
#winger
#former
#footballer
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )