ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့ ဘွန်ဒက်လီဂါ ကြယ်ပွင့် ၂ ယောက်
ဒီနှစ် အပြောင်းအရွှေ့ကာလမှာ ဘွန်ဒက်လီဂါ ကြယ်ပွင့် နှစ်ယောက် ပရီးမီးယားလိဂ် အသင်းကြီး နှစ်သင်းဆီကို ရောက်ရှိခဲ့ကြတယ် ။ အဲ့ကြယ်ပွင့်ကစားသမား ၂ ယောက်ကတော့ ဇာဗီ ဆီမွန် နဲ့ ဖလော်ရီယန်ဗာ့ဇ် တို့ပဲဖြစ်ပါတယ် ။ ဒီကစားသမား နှစ်ယောက်လုံးက ပြီးခဲ့တဲ့ ရာသီတွေကတည်းက ဘွန်ဒက်လီဂါ မှာ တောက်ပပြီးသား ကစားသမားတွေပဲဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ နှစ်တွေကတည်းက ဇာဗီ ဆီမွန် နဲ့ ဖလော်ရီယန်ဗာ့ဇ် တို့က သက်ဆိုင်ရာ အသင်းတွေရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ အပြင် အနာဂတ် အတွက် မျှော်လင့်ချင်စရာအကောင်းဆုံး ကစားသမားတွေပဲဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလတုန်းက ဒီကစားသမား နှစ်ယောက်က သူတို့ရဲ့ ကစားသမား ဘဝ နောက်တစ်ဆင့်မြှင့်တင်ဖို့အတွက် ကမ္ဘာပေါ်မှာ လူစိတ်ဝင်စားမှု အများဆုံး နဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး လိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ခဲ့ကြတယ် ။
ဖလော်ရီယန်ဗာ့ဇ် အနေနဲ့ မနှစ်ကရာသီ ပရီးမီးယားလိဂ် ဖလားကြီးကို သိမ်းပိုက်နိုင်ခဲ့တဲ့ အပြင် အပြောင်းအရွှေ့ကာလမှာလဲ စံချိန်တင် အသုံးစရိတ်သုံးကာ အသင်းကို အများကြီး ပြောင်းလဲပြင်ဆင်မှုတွေပြုလုပ်ထားတဲ့ လီပါပူး အသင်းကို ပြောင်းရွှေ့ခဲ့တယ် ။ဇာဗီ ဆီမွန် ကတော့ ဒီရာသီမှ ပိုမိုကောင်းမွန်တဲ့ နည်းပြ ၊ ပိုမိုကောင်းမွန်တဲ့ ကစားသမား အစုအဖွဲ့ နဲ့ ပြန်လည်တည်ဆောက်နေတဲ့ တော်တင်ဟမ် စပါး အသင်းကို ပြောင်းရွှေ့ခဲ့ကြတယ် ။ ဒီကစားသမားနှစ်ယောက်ကို ဘောလုံးပရိတ်သတ်တော်တော်များများ က တော်တော်လေးကို မျှော်လင့်ခဲ့ကြတယ် ။ ဒါပေမယ့် အခုချိန်ထိတော့ ဒီကစားသမား နှစ်ယောက်လုံး အနေနဲ့ ခြေစွမ်းကောင်းတွေပြသဖို့အတွက်ရုန်းကန်နေရပြီး သူတို့ရဲ့ ပုံမှန်ခြေစွမ်းမျိုး ရရှိနိုင်ဖို့အတွက်တောင်ရုန်းကန်နေရတာပဲဖြစ်ပါတယ် ။ ပရီးမီးယားလိဂ် က ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အပြင် လျင်မြန်မှု နဲ့ ကြံ့ခိုင်မှုအသားပေး ကစားတဲ့ လိဂ်တစ်ခုဖြစ်တဲ့အပြင် ဖိအားအရမ်းကို များတာကြောင့် ကစားသမား အသစ်တွေအနေနဲ့ ရုန်းကန်နေရတာ ပုံမှန်လိုပါပဲ ။
ပရီးမီးယားလိဂ် ကို ရောက်လာပြီး ချက်ချင်းအသားကျသွားတဲ့ ကစားသမားတွေကမှ ထူးဆန်းတာပါ ။ ဘယ်လို ကစားသမားမျိုးပဲဖြစ်ဖြစ် ပရီးမီးယားလိဂ် ကို ရောက်ရောက်ချင်းမှာတော့ အနည်းနဲ့ အများရုန်းကန်ရမှာပါ ။ ဖလော်ရီယန်ဗာ့ဇ် နဲ့ ဇာဗီ ဆီမွန် နှစ်ယောက်လုံးက ပရီးမီးယားလိဂ် နဲ့ အသားကျဖို့ ၊ နည်းပြ သွားချင်နေတဲ့ SYSTEM နဲ့ အသားကျဖို့အတွက် အချိန်လိုအပ်သေးတာပဲဖြစ်ပါတယ် ။ ဖလော်ရီယန်ဗာ့ဇ် နဲ့ ဇာဗီ ဆီမွန် တို့နှစ်ယောက်လုံးရဲ့ ကိုယ်ရည်ကိုယ်သွေးက မွေးခွန်းထုပ်စရာ မရှိပေမယ့် ပရီးမီးယားလိဂ်မှာရောက်ရောက် ချင်းအချိန်မှာတော့ ရုန်းကန်နေရတာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#bundesliga
#premierleague
#xavisimons
#florianwirtz
#football
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)