ချဲလ်ဆီးအသင်း ရဲ့ ဂျိုကာ ကွင်းလယ်ကစားသမား (သို) အန်ဒရီဆန်းတိုစ်
ချဲလ်ဆီး အသင်းတာဝန်ရှိသူတွေ အနေနဲ့ နွေရာသီ အပြောင်းအရွှေ့ကာလတုန်း က သူတို့ရဲ့ ကွင်းလယ် ကို အားကောင်းအောင် အရည်အသွေးမြင့် လူငယ်ကစားတွေခေါ်ယူအားဖြည့်ခဲ့တယ် ။ အန်ဇို ဖာနန်ဒက် ၊ ကိုင်စီဒို တို့ရဲ့ ပွဲပန်းမှုဒဏ်တွေကို လျော့ချဖို့အတွက် အစောပိုင်းကာလတွေကတည်း က လာဗီယာကို ခေါ်ယူထားပေမယ့် လာဗီယာရဲ့ ဒဏ်ရာခနခန ရနေတဲ့ ပြဿနာကြောင့် ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ အက်ဆိုဂူ လို အရည်အသွေးမြင့် လူငယ်ကွင်းလယ်အဖြတ် ကစားသမားတစ်ယောက်ကို ခေါ်ယူခဲ့သလို ၊ ချဲလ်ဆီးအသင်းရဲ့ မိတ်ဖက် အသင်းတစ်သင်းဖြစ်တဲ့ စထရာဘော့စ် အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် စထရာဘော့စ် အသင်းမှာ တစ်ရာသီ ကွင်းလယ်နေရာစုံမှာ ခြေစွမ်းပြသွားခဲ့တဲ့ ချဲလ်ဆီး ကစားသမား အန်ဒရီ ဆန်းတို့စ် ကို အငှားမချတော့ပဲ ချဲလ်ဆီးအသင်းထံ ပြန်လည်ခေါ်ယူခဲ့တယ် ။
လာဗီယာ၊ အက်ဆိုဂူ ၊ အန်ဒရီ ဆန်းတို့စ် တို့လို အရည်အသွေးကောင်းမွန်တဲ့ လူငယ်ကစားသမားတွေကို ကိုင်စီဒို ၊ အန်ဇို တို့ရဲ့ အရန်အဖြစ် ထားရှိခဲ့တာကြောင့် ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ်က တော်တော်လေးကို အားကောင်းသွားခဲ့တယ် ။ ဒါပေမယ့် ဘောလုံးရာသီ အစပိုင်းမှာပဲ အက်ဆိုဂူ တစ်ယောက် နိုင်ငံ အသင်းနဲ့ ပွဲစဥ်မှာ ဒဏ်ရာရရှိသွားပြီး ရာသီဝက်လောက် အနားယူခဲ့ရသလို ၊ လာဗီယာ အနေနဲ့လည်း ပြီးခဲ့တဲ့ ရာသီတွေလိုပဲ ဒဏ်ရာပြဿနာကြောင့် အနားယူနေရတဲ့ ပွဲစဥ်တွေက ပိုများနေပါတယ် ။ ဒါကြောင့် နွေအပြောင်းအရွှေ့ကာလတုန်းက ချဲလ်ဆီး အသင်းအနေနဲ့ ကွင်းလယ်ကို ကောင်းကောင်းကြီး အားဖြည့်ခဲ့ပေမယ့် အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကိုင်စီဒို ၊ အန်ဇို တို့က အနားမရတာပဲဖြစ်ပါတယ် ။ အဲ့တာကြောင့် အန်ဇိုမာရက်စကာ အနေနဲ့ သူလုပ်နေကြအတိုင်း ဂူစတို ၊ ရီစီဂျိမ်း တို့ကို ကွင်းလယ်မှာတစ်ခါတစ်လေ ဝင်ရောက်ကစားစေခဲ့တာပဲဖြစ်ပါတယ် ။ ပြီးတော့ အန်ဒရီ ဆန်းတို့စ် က ချဲလ်ဆီးအသင်း ကွင်းလယ် ရဲ့ ဂျိုကာ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ် ။
ချဲလ်ဆီး အသင်း ကွင်းလယ် ရဲ့ နေရာစုံမှာ အန်ဇိုမာရက်စကာ က အသုံးပြုနေပြီး အန်ဒရီဆန်းတို့စ် အနေနဲ့လည်း N0.6 နဲ့ N0.8 နှစ်နေရာလုံးမှာ အကောင်းမွန်ဆုံးဖြစ်အောင် ကြိုးစားကစားပေးနေတာပဲဖြစ်ပါတယ် ။အန်ဒရီ ဆန်းတို့အနေနဲ့ အန်ဇိုဖာနန်ဒက် ကို နည်းပြက အနားပေးချင်တဲ့ ပွဲစဥ်တွေကြရင် N0. 8 နေရာမှာ အသုံးတော်ခံရပြီး တစ်ခါတစ်ရံ ကိုင်စီဒို ကို အနားပေးတဲ့ ပွဲစဥ်တွေဆိုရင် N0.6 နေရာမှာ ကစားပေးရတာပဲဖြစ်ပါတယ် ။ အန်ဒရီဆန်းတို့စ် အနေနဲ့ ကိုင်စီဒို ၊ အန်ဇို တို့ရဲ့ ခြေစွမ်းကို မမှီရင်တောင် ကျရာနေရာမှာ အကောင်းမွန်ဆုံး ကြိုးစားကစားပေးနေတဲ့ ဂျိုကာ တစ်ယောက်ပဲဖြစ်ပါတယ် ။ အန်ဒရီ ဆန်းတို့စ် ရှိတာကြောင့်လည်း အန်ဇိုမာရက်စကာအတွက် အများကြီး ခေါင်းခြောက်တာ သက်သာစေပြီး အကယ်လို့ လာဗီယာ ၊ အက်ဆိုဂူး နှစ်ယောက်ထဲနဲ့သာဆိုရင် အန်ဇိုမာရက်စကာအတွက် တော်တော်လေး လုပ်ရကိုင်ရခက်ခဲစေမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)