ချယ်ဆီးအသင်းကို အနိုင်ယူပြီး EFL CUP ဖိုင်နယ်ကို တက်ခဲ့တဲ့ အာဆင်နယ်
ဒီနှစ်ဘောလုံးရာသီမှာ အသင်းတိုင်းလိုလို က ပြောင်းလဲပြင်ဆင်မှုပေါင်းများစွာပြုလုပ်ခဲ့ကြတယ် ။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီစကတည်းက အသင်းကြီးတော်တော်များများ က အတက်အကျပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး တည်ငြိမ်တဲ့ ပုံစံကောင်းတစ်ခုကို ပြသဖို့အတွက်တော့ရုန်းကန်နေရတယ် ။ ဥပမာ လီပါပူး ၊ ချယ်ဆီး ၊ မန်ယူ ၊ မန်စီးတီး ၊စပါး စတဲ့အသင်းတွေကိုပဲကြည့် ဘောလုံးရာသီမစခင် က များပြားတဲ့ အသုံးစရိတ်တွေသုံးကာ အသင်းကို အကောင်းဆုံးတည်ဆောက်ခဲ့ကြပေမယ့် ခြေစွမ်းက ကောင်းလိုက်မကောင်းလိုက်နဲ့ တည်ငြိမ်တဲ့ ပုံစံတစ်ခုကိုတော့ မထိန်းထားနိုင်ပါ ။ ဒီနှစ်ဘောလုံးရာသီမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေကိုပြသနိုင်တဲ့ တသင်းထဲသော အသင်းက အာတီတာ ရဲ့ အာဆင်နယ် အသင်းပဲ ။ အာတီတာ ရဲ့ အာဆင်နယ် အသင်းက ဒီနှစ်ဘောလုံးရာသီမှာ အသင်းကို တော်တော်လေး အားဖြည့်ထားခဲ့တာကြောင့် ပရီမီးယားလိဂ်မှာလည်း ထိပ်ဆုံးက ဦးဆောင်နေသလို ချန်ပီယံလိဂ်မှာလည်း ပွဲတိုင်းကို အနိုင်ကစားထားပြီး 16 သင်းအဆင့်ကို တက်ရောက်သွားခဲ့တာပါ ။
အဲ့တာအပြင်ပြည်တွင်းဖလား ပြိုင်ပွဲတွေမှာလည်း အခုချိန်ထိ အနိုင်ရအောင်ကစားနိုင်ပြီး ဖလား 4 လုံးလမ်းကြောင်းပေါ်မှာ ရှိနေသေးတာပဲဖြစ်ပါတယ် ။ အာတီတာ ရဲ့ အာဆင်နယ် အသင်းက ဒီနှစ်ဘောလုံးရာသီမှာ ဆုဖလားတိုင်းကို စိန်ခေါ်နိုင်တဲ့ ခြေစွမ်းကို ပြသနေသလို သူတို့ ရဲ့ ပထမဆုံး ဆွတ်ခူးနိုင်တဲ့ EFL CUP ဆီမီးဖိုင်နယ် မှာလည်း လန်ဒန် ပြိုင်ဘက် ချယ်ဆီး အသင်းကို အကောင်းဆုံးကျော်ဖြတ်ပြီး EFL CUP ဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ် ။ အာဆင်နယ် အသင်းက လန်ဒန်ပြိုင်ဘက် ချယ်ဆီး အသင်းကို 2 ကျော့စလုံး အနိုင်ရရှိအောင် ကစားနိုင်ခဲ့ပြီး EFL CUP ဖိုင်နယ် ကို တက်လှမ်းသွားခဲ့တာပါ ။ အာဆင်နယ် အသင်းအနေနဲ့ ချယ်ဆီး အသင်းကို ပထမကျော့ ချယ်ဆီး အသင်းရဲ့ အိမ်ကွင်း မှာ 3 ဂိုး 2 ဂိုး ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူနိုင်ခဲ့ပြီး အာဆင်နယ် အသင်းရဲ့ အိမ်ကွင်းမှာလည်း အပြန်အလှန် ကစားခဲ့ပြီး နောက်ဆုံး မိနစ် မှာ ကိုင်ဟာဗက် ရဲ့ သွင်းဂိုး နဲ့ အတူ 1-0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့တာပဲဖြစ်ပါတယ် ။ ဒီ EFL CUP ကို အရသိမ်းပိုက်နိုင်ခဲ့ပါက ဒီနှစ်ဘောလုံးရာသီ အာဆင်နယ် အသင်းရဲ့ ပထမဆုံးသော ဆုဖလားဖြစ်လာမှာဖြစ်သလို အာတီတာအနေနဲ့လည်း 6 နှစ်အကြာမှာ အသင်းကို နောက်တစ်ကြိမ် EFL CUP ဆွတ်ခူးပေးနိုင်မှာပဲဖြစ်ပါတယ် ။
အာဆင်နယ် အသင်းအနေနဲ့ EFL CUP ကိုသာ သိမ်းပိုက်နိုင်ခဲ့ပါက နောက်ပြိုင်ပွဲတွေအတွက်လည်း စိတ်ဓာတ်တွေ ၊တိုက်ပွဲဝင်လိုစိတ်တွေ တော်တော်လေးမြင့်တက်သွားမှာဖြစ်တာကြောင့် ပြည်တွင်းဖလားဖြစ်နေပါစေ အသင်းအတွက် တော်တော်လေးအရေးကြီးတဲ့ ဆုဖလားတစ်လုံးပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် .
#mmmedia
#chelsea
#arsenal
#eflcup
#semifinal
#football
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)