ချဲလ်ဆီး အသင်းရဲ့ ပေးဂိုးအနည်းဆုံး စံချိန်ကို အာဆင်နယ်အသင်း ချိုးဖျက်သွားနိုင်မလား
၂၀၀၄-၀၅ ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းက သိပ်ကိုကြောက်စရာကောင်းတဲ့ အသင်းတစ်သင်းဖြစ်ခဲ့တယ် ။ နည်းပြကြီး မော်ရင်ဟို ရဲ့ အကောင်းဆုံး ခံစစ်ကစားပုံ နဲ့ အတူ ပရီးမီးယားလိဂ် ဖလားကြီးကို ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ် ။ အဲ့နှစ်ဘောလုံးရာသီမှာပဲ ချဲလ်ဆီး အသင်း အနေနဲ့ အခြားအသင်းတွေ ချိုးဖျက်ရခက်ခဲတဲ့ စံချိန်တစ်ခုကို တင်နိုင်ခဲ့တယ် ။ အဲ့ဒီ စံချိန်ကတော့ ဘောလုံးရာသီ တစ်ရာသီလုံးမှာ ပေးဂိုး ၁၅ ဂိုးသာခွင့်ပြုခဲ့ရတဲ့ စံချိန်ပဲဖြစ်ပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ ပရီးမီးယားလိဂ်မှာ ပွဲစဥ် ၃၈ ပွဲကစားပြီး ပေးဂိုးအနေနဲ့ ၁၅ ဂိုးသာခွင့်ပြုခဲ့ရတာက မယုံနိုင်စရာ ကိစ္စတစ်ခုပဲဖြစ်ပါတယ် ။ အဲ့ချိန်တုန်းက ချဲလ်ဆီး အသင်းရဲ့ ခံစစ်ကို ဂျွန်တယ်ရီ ၊ ကာဗယ်ဟို တို့က အဓိက ဦးဆောင်ထိန်းကြောင်းပေးပြီး ဂိုးသမား ပီတာချက် အနေနဲ့လည်း တစ်ရာသီလုံးမှာ အံဩစရာလက်စွမ်းတွေကိုပြသနိုင်ခဲ့တယ် ။
အဲ့ချိန်တုန်းက ချဲလ်ဆီး အသင်း နဲ့ ရင်ဆိုင်ရတဲ့ အသင်းတိုင်းက ချဲလ်ဆီး အသင်းရဲ့ ခံစစ်ကို ဖောက်ထွက်နိုင်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုစားခဲ့ပေမယ့် တော်တော်လေးကို ခက်ခဲခဲ့တယ် ။ ဒီစံချိန်ကို ဘယ်အသင်းမှ ထပ်ပြီး မချိုးဖျက်နိုင်ခဲ့တာက ၁၀ စုနှစ်တစ်ခုလောက်ကြာမြင့်ခဲ့ပါပြီ ။ ဒီနှစ်ဘောလုံးရာသီမှာလည်း အာတီတာ ရဲ့ အာဆင်နယ် အသင်းက ခံစစ်ကို အဓိက အားဖြည့်မှုတွေပြုလုပ်ခဲ့တဲ့ အပြင် ကွင်းလယ်ကစားမားတွေလည်း အရင်နှစ်ဘောလုံးရာသီတွေထက် ခံစစ်ကိုပိုမို လိုက်လံဖြည့်ကစားစေခဲ့တယ် ။ အဲ့တာကြောင့်ပဲ ဒီရာသီ အာဆင်နယ် အသင်းရဲ့ ခံစစ် က ကျစ်လစ်မာကျော သလို ၁၁ ပွဲ ကစားပြီးတဲ့ အချိန်မှာ ပေးဂိုးအနေနဲ့ ၅ ဂိုးသာခွင့်ပြုထားရတာပဲဖြစ်ပါတယ် ။ အခြားပရီးမီးယားလိဂ် အသင်းတော်တော်များ အနေနဲ့ ခံစစ် ပြဿနာ ကို ဆိုးဆိုးဝါးဝါ ကြုံတွေနေရတဲ့ အချိန် အပြောင်းအရွှေ့ကာလမှာ ခံစစ်ကို အကောင်းဆုံး အားဖြည့်မှုတွေပြုလုပ်ခဲ့တဲ့ အာဆင်နယ် အသင်းရဲ့ ခံစစ် က သိပ်ကိုကောင်းမွန်နေပါတယ် ။ ဒီအချက်ကြောင့်ပဲ အာဆင်နယ် အသင်းအနေနဲ့ ပရီးမီးယားလိဂ် ကို ဦးဆောင်နေပြီး အခြားအသင်းတွေကို အမှတ်ဖြတ်ထားနိုင်တာပဲဖြစ်ပါတယ် ။
အာတီတာ ရဲ့ အာဆင်နယ် အသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီမှာ ၁၀ စုနှစ် တစ်ခုကြာ စံချိန်တင်ထားတဲ့ ချဲလ်ဆီးအသင်းရဲ့ တစ်ရာသီလုံး ပေးဂိုး ၁၅ ဂိုးသာခွင့်ပြုခဲ့ရတဲ့ စံချိန်ကို ချိုးဖျက်နိုင်သွားမလားဆိုတာကတော့ စိတ်ဝင်စားစရာ ကိစ္စတစ်ခုပဲဖြစ်ပါတယ် ။ ပွဲစဥ် ၁၁ ပွဲမှာ ၅ ဂိုးသာခွင့်ပြုခဲ့ရပေမယ့် နောက်လက်ကျန်ပွဲစဥ်တွေမှာ အာဆင်နယ် အသင်းအနေနဲ့ အခုလက်ရှိ ခံစစ် အစုအဖွဲ့ ရဲ့ မာကျော ကျစ်လစ် မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့မယ်ဆိုရင် ဒီစံချိန်ကို ချိုးဖျက်နိုင်ပါတယ် ။ ဒါပေမယ့် ဒီကိစ္စ က လွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး ။ အာဆင်နယ် အသင်းအနေနဲ့ အမှန်တကယ် ချိုးဖျက်သွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#chelsea
#arsenal
#mourinho
#enzomaresca
#coach
#goals
#premierleague
#football
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)