အက်စတွန်ဗီလာ အသင်းကိုသာ ရွေးချယ်ခဲ့တဲ့ ဒေါက်ကလပ် လူးဝစ်
ဒီဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ကွင်းလယ်ပိုင်း လိုအပ်ချက်ရှိနေတဲ့ ပရီးမီးယားလိဂ် အသင်းတော်တော်များများက ဘရာဇီး ကွင်းလယ်ကစားသမား ဒေါက်ကလပ် လူးဝစ် ကို အငှားနဲ့ ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ကြတယ် ။ ဒေါက်ကလပ် လူးဝစ် က ဂျူဗင်ဒက် အသင်းထံကနေ တစ်ရာသီ အငှားနဲ့ နော်တင်ဟမ် ဖောရက် အသင်းထံ လာရောက်ကစားပေမယ့် နော်တင်ဟမ် အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသင်းပြောင်းဖို့အတွက် ဆုံးဖြတ်ခဲ့တယ် ။ ဒေါက်ကလပ် လူးဝစ် ကို ခေါ်ယူဖို့အတွက် ပထမဆုံး ကြိုးပမ်းတဲ့ အသင်းကတော့ ချဲလ်ဆီး အသင်းပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းက အသင်းနည်းပြအသစ် လီယန်ရိုစင်ညာ ကို ဒီဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ အရန် ကစားသမား လိုအပ်ချက်ရှိနေတဲ့ ကွင်းလယ်ပိုင်း ကို ကစားသမားတစ်ဦးခေါ်ယူပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ဒေါက်ကလပ် လူးဝစ် ကို ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့အတွက် ဆုံးဖြတ်ခဲ့တယ် ။
ချဲလ်ဆီး အသင်း က အန်ဇို ၊ ကိုင်စီဒို ၊ အန်ဒရီ ဆန်းတို့စ် တို့ရဲ့ ပွဲပမ်းမှု ဒဏ် ကို လျော့ချပေးဖို့အတွက် ကစားသမား အသစ်တစ်ဦးခေါ်ယူဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းနဲ့ နည်းတူ ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အက်စတွန်ဗီလာ အသင်းကလည်း သူတို့ရဲ့ ကစားသမားဟောင်း ဒေါက်ကလပ် လူးဝစ် ကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တယ် ။ အက်စတွန်ဗီလာ အသင်းက အသင်းရဲ့ ကွင်းလယ်ကစားသမား တော်တော်များများက ဒဏ်ရာပြဿနာ နဲ့ ကြုံတွေနေရသလို ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာအတွက်လည်း တိုက်ပွဲဝင်ရဦးမှာဖြစ်တာကြောင့် ကွင်းလယ်ကစားသမား ခေါ်ယူဖို့အတွက် စီစဥ်ခဲ့တာပဲဖြစ်ပါတယ် ။ ဒါပေမယ့် ချဲလ်ဆီး အသင်းရဲ့ ဒဏ်ရာရ ကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ ရိုမီယို လာဗီးယား က အသင်းနဲ အတူ လေ့ကျင့်ရေး အစီစဥ်တွေ ပြန်လည်ဆင်းနိုင်နေပြီဖြစ်သလို လူငယ်ကစားသမားလေး အက်ဆိုဂူ ကလည်း ဖေဖော်ဝါရီလ မှာ အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်တော့မှာဖြစ်တာကြောင့် ဒေါက်ကလပ် လူးဝစ် ကို ခေါ်ယူဖို့အတွက် အနည်းငယ် လျော့နည်းသွားခဲ့တယ် ။
အဲ့အချိန်မှာ အက်စတွန်ဗီလာ အသင်းက သူတို့ရဲ့ ကစားသမားဟောင်းကို တရားဝင် ချဥ်းကပ်မှုတွေပြုလုပ်ခဲ့ပြီး အရခေါ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ ဒေါက်ကလပ် လူးဝစ် အနေနဲ့လည်း အခြားကလပ် အသင်းတွေထက် သူ့ရဲ့ အသင်းဟောင်းဖြစ်တဲ့ အက်စတွန်ဗီလာ အသင်းထံကိုသာ ပြောင်းရွှေ့ဖို့အတွက် ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ် ။
#mmmedia
#chelsea
#astonvilla
#douglasluiz
#premierleague
#football
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)