Chelsea အသင်းကြီး နဲ့အတူ လေ့ကျင့်ခန်းပြန်လည်ပြုလုပ်ခွင့်ရရှိခဲ့တဲ့ Disasi
ချဲလ်ဆီး အသင်းအနေနဲ့ ဒီနွေရာသီ အပြောင်းအရွှေ့ကာလမှာ အသင်းရဲ့ မလိုအပ်တဲ့ ကစားသမားတွေ အားလုံးနီးပါး ကို အသင်းကနေ များပြားတဲ့ ပြောင်းရွှေ့ကြေး နဲ့ ရှင်းထုပ်နိုင်ခဲ့တယ် ။ ချဲလ်ဆီး အသင်းပိုင်ရှင်အသစ်တွေဖြစ်တဲ့ တော့ဘိုလေ တို့ အနေနဲ့ ချဲလ်ဆီးအသင်းကိုဝယ်ယူပြီးပြီးချင်းမှာပဲ အလားအလာကောင်းပါတယ်ဆိုတဲ့လူငယ်ကစားသမားပေါင်းများစွာကို ခေါ်ယူခဲ့တယ် ။ အဲ့လို လူငယ်ကစားသမားများစွာကို ခေါ်ယူအားဖြည့်ခဲ့ပြီး အငှားချတာတွေများစွာကိုပြုလုပ်ခဲ့တယ် ။ အဲ့လိုခေါ်ယူထားတဲ့ လူငယ်ကစားသမားတွေထဲမှာ အသင်းအတွက် အကျိုးဖြစ်ထွန်းသွားတဲ့ ကိုလ်းပါမား လို ကစားသမားမျိုးတွေရှိသလို ဘယ်ရောက်လို့ ဘယ်ပေါက်သွားမှန်းမသိတဲ့ ကစားသမားတွေလည်းအများကြီးပါ ။ အဲ့လို အသင်းအတွက် မလိုအပ်တဲ့ ကစားသမားအားလုံးကို တော့ဘိုလေ တို့အနေနဲ့ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလတုန်းက အကုန်လုံးနီးပါးကို ရောင်းချနိုင်ခဲ့တယ် ။
ဒါပေမယ့် စတာလင် ၊ ဒီဆာဆီ တို့အပြင် အပြောင်းအရွှေ့နောက်ဆုံးအချိန်မှာ အပြောင်းအရွှေ့ ပျက်ပြယ်သွားတဲ့ ဂျော့တို့ကတော့ အသင်းမှာ မထင်မှတ်ထားပဲ ကျန်ရှိခဲ့တယ် ။ ဒီကစားသမား ၃ ယောက်ထဲမှာ ဂျော့ က ငယ်ရွယ်ပြီး အလားအလာကောင်းတွေရှိတာက တစ်ကြောင်း ၊ နည်းပြ အန်ဇိုမာရက်စကာ ကလည်း ဂျော့ ကို ကြိုက်နှစ်သက်တာကြောင့်လည်း အသင်းကြီးနဲ့ အတူအချို့ပွဲစဥ်တွေကို ကစားခွင့်ရရှိထားပေမယ့် စတာလင် နဲ့ ဒီဆာဆီ တို့ကတော့ အသင်းကြီးနဲ့ လေ့ကျင့်ခွင့်တောင်မရရှိခဲ့ပါဘူး ။ ဒီဆာဆီ အနေနဲ့ ဒီလို သီးခြားပြီး လေ့ကျင့်ခန်းအစီစဥ်တွေကို လုပ်နေရတာတောင် ပရော်ဖက်ရှင်နယ် ပီသစွာ အကောင်းဆုံးကြိုးစားလေ့ကျင့်နေတဲ့အပြင် လက်ရှိ ချဲလ်ဆီး အသင်းရဲ့ ဒဏ်ရာရ ဗဟိုခံစစ်ကစားသမား အရေအတွက်များတာကြောင့် ဒီဇင်ဘာ အင်တာနေရှင်နယ်လိဂ် မှာတော့ ဒီဆာဆီ အနေနဲ့ အသင်းကြီးနဲ့ အတူ လေ့ကျင့်ခွင့်တစ်ချို့ပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ် ။
ဒီအချက် က ဒဏ်ရာရ ခံစစ်ကစားသမား များနေတာကြောင့်လည်း ဖြစ်နိုင်သလို ဒီဇင်ဘာအပြောင်းအရွှေ့ကာလမှာ ရောင်ချနိုင်ဖို့အတွက် အသင်းကြီးနဲ့ အတူလေ့ကျင့်ခန်း ပြန်လည်လုပ်ဆောင်ခိုင်းခဲ့တာလည်းဖြစ်နိုင်ပါတယ် ။အလားတူ ဘက်တီရာရှီး ကိုလည်း အန်ဇိုမာရက်စကာ အနေနဲ့ ပြန်လည်နေရာပေးခဲ့သလို ဘက်တီရာရှီး အနေနဲ့ကလည်း အန်ဇိုမာရက်စကာ ရဲ့ အခွင့်အရေးကို အသုံးချနိုင်ခဲ့ပေမယ့် သူ့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့်သာ အသင်းက သူ့ကိုအသုံးမချနိုင်ခဲ့တာပါ ။ ဒီဆာဆီ အနေနဲ့လည်း ဒီတစ်ခေါက် နည်းပြ အန်ဇိုမာရက်က တကယ် လို့ အခွင့်အရေးပေးခဲ့ရင် အကောင်းဆုံး အသုံးချသွားမလား ဆိုတာတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#chelsea
#axeldisasi
#centreback
#enzomaresca
#premierleague
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)