ဒဏ်ရာပြဿနာတွေ နဲ့ လုံးပန်းနေရတဲ့ ချဲလ်ဆီး အသင်း
ချဲလ်ဆီး အသင်းအနေနဲ့ အပြောင်းအရွှေ့ကာလတုန်းက ပြည်တွင်းဖလားတွေဆွတ်ခူးဖို့အတွက် နဲ့ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ အပိုင်စားရရှိစေဖို့အတွက် အသင်းကို အားကောင်းတဲ့ လူခေါ်ယူမှုတွေပြုလုပ်ခဲ့တယ် ။ ဒါပေမယ့် မာကျော ကျစ်လစ်မှု မရှိတဲ့ နောက်တန်းအတွက် အတွေ့အကြုံရင့် ကမ္ဘာ့အဆင့်မှီ ဗဟိုခံစစ်မှုး တစ်ဦးဝယ်ယူပေးဖို့အတွက်တော့ မေ့လျော့ခဲ့ပါတယ် ။ ချဲလ်ဆီး အသင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီ စပြီဆိုကတည်းက နောက်တန်း လုံခြုံမှု မရှိတဲ့ ပြဿနာကို ရင်ဆိုင်နေရပြီး နည်းပြအန်ဇိုမာရက်စကာ အတွက်တော့ တော်တော်လေးကို လုပ်ရကိုင်ရ ခက်ခဲစေခဲ့တယ် ။ ဒါပေမယ့် အန်ဇိုမာရက် စကာ အနေနဲ့ ရှိတဲ့ကစားသမား နဲ့ တက်နိုင်သလောက် အဆင်ပြေအောင် ထိန်းသိမ်းထားနိုင်ခဲ့တယ် ။ ဗဟို ခံစစ် နေရာ တစ်နေရာထဲကပဲ ချဲလ်ဆီး အသင်းကို အခက်တွေ့စေတာလားဆိုရင်တော့မဟုတ်ပါဘူး ။
အသင်းရဲ့ ခံစစ် အတွက် အားထားရတဲ့ လီဗိုင်း ကိုဝဲလ် ၊ တိုက်စစ် အသက်သွေးကြောဖြစ်တဲ့ ကိုလ်းပါမား ၊ တိုက်စစ်ကို ဦးဆောင်ဖို့အတွက် ဒီရာသီမှ အသင်းကို ခေါ်ယူထားတဲ့ လီယန် ဒီလပ် စတဲ့ အဓိက ကစားသမားတွေက ဒဏ်ရာပြဿနာကြောင့် အချိန်တစ်ခုကြာ အနားယူနေတာကြောင့် အန်ဇိုမာရက်စကာ အနေနဲ့ ချဲလ်ဆီး အသင်းရဲ့ အကောင်းဆုံး လူစာရင်းကို တည်လို့မရဖြစ်နေတာပါ ။ ဒီကြားထဲကမဘယ်ချိန် ဒဏ်ရာပြန်ရမလဲလို့ စိုးရိမ်တကြီး စောင့်ကြည့်နေရတဲ့ ကစားသမားတွေကလည်း ချဲလ်ဆီး အသင်းမှာ ၃ ယောက်လောက်တောင်ရှိပါတယ် ။ အခုဆိုရင် ကိုလ်းပါမား တစ်ယောက် ဒဏ်ရာက ခွဲစိတ်စရာမလိုအပ်ပေမယ့် အချိန် ၆ ပတ်လောက်အနားယူရအုံးမှာ ဖြစ်တဲ့ အပြင် ဟိုတလောကမှ ဒဏ်ရာပြဿနာကနေ ပြန်လည်သက်သာလာပြီး အသင်း နဲ့ အတူခြေစွမ်းပြသနေတဲ့ ဘတ်တီရာရှီး တစ်ယောက် ဒဏ်ရာပြဿနာ ပြန်လည်ကြုံတွေ့သွားခဲ့သလို ၊ အန်ဇိုဖာနန်ဒက် ၊ ကိုင်စီဒို ၊ နက်တို တို့ရဲ့ အခန်းကဏ္ဍ ကို လျော့ချပေးဖို့လည်း လိုအပ်ပါတယ် ။
အသင်းရဲ့ အဓိက အားထားရတဲ့ ကစားသမားတွေ အနေနဲ့ ဒီလိုပွဲပမ်းတဲ့ ဒဏ်ကို ရင်ဆိုင်နေရတဲ့ အပြင် အသင်းရဲ့ ကစားသမားတော်တော်များများ ဒဏ်ရာပြဿနာ ကို ရင်ဆိုင်နေရတာက အန်ဇိုမာရက်စကာကို ခေါင်းခဲစေပါတယ် ။ အခုနောက်ပိုင်း ကစားရတဲ့ ပွဲအရေအတွက်များတာရော ၊ အရင်ခေတ်နဲ့ မတူတော့ပဲ လက်ရှိ မော်ဒန်ဘောလုံးလောကမှာ ကစားသမားတစ်ယောက်က ၂ နေရာလောက် ကစားပေးနေရတာကြောင့် ပွဲပန်းဒဏ်ကို တော်တော်များများ ရင်ဆိုင်နေရပါတယ် ။ အခုလို ဒဏ်ရာရ ကစားသမားတွေ များနေခြင်းက ချဲလ်ဆီး အသင်း နည်းပြ အန်ဇိုမာရက်စကာ အတွက် အခက်တွေ့စေပါတယ် ။ ချဲလ်ဆီး အသင်းအနေနဲ့ ရာသီ အစမှာတင် ဒဏ်ရာရကစားသမားတွေ လုံးပန်းနေရတာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#championsleague
#defender
#enzomaresca
#coach
#premierleague
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )