မျှော်လင့်ထားသလို ဘာစီလိုနာနဲ့ ပွဲမှာ ပြန်လည်ကစားပေးနိုင်မှာမဟုတ်တဲ့ ကိုလ်းပါမား
ချဲလ်ဆီး အသင်းအနေနဲ့ ကိုလ်းပါမား ဒဏ်ရာပြဿနာကြောင့် နားနေရတဲ့ အချိန် ၂ လကျော်လောက်ကို တော်တော်လေးရုန်းကန်ခဲ့ရပေမယ့် ကောင်းမွန်တဲ့ ရလဒ်တွေထွက်ပေါ်အောင်တော့ သေသေချာချာလေး ကစားနိုင်ခဲ့တယ် ။ ကိုလ်းပါမား မပါဝင်တဲ့ ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်က Low Block ၊ Mid Block နဲ့ ကစားတဲ့ အသင်းတွေနဲ့ တွေ့ရင် အနည်းငယ်ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းပွဲစဥ်တွေမှာတော့ ဂါနာချို ၊ အက်စတာဗို တို့က အသင်းနဲ့ တဖြည်းဖြည်း အသားကျလာခဲ့တာကြောင့် တောင်ပံကစားသမားတွေဆီက သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေ မြင်တွေ့လာရတာကြောင့် ချဲလ်ဆီး အသင်းအနေနဲ့ ကိုလ်းပါမား မပါဝင်တဲ့ အချိန် ၂ လ ကျော်ကို အကောင်းဆုံးဖြတ်သန်းနိုင်ခဲ့တယ်လို့ပဲပြောရမယ် ။ ကိုလ်းပါမား မပါဝင်တဲ့ အချိန် ချဲလ်ဆီးအသင်းအနေနဲ့ ပရီးမီးယားလိဂ် အဆင့် ၃ မှာ ရပ်တည်နိုင်ခဲ့သလို အပေါ်က အာဆင်နယ် ၊ မန်စီးတီး စတဲ့ အသင်းတွေကိုလည်း ဖိအားပေးနိုင်ခဲ့တယ် ။
ပြီးတော့ လာမယ့် ပွဲကြပ်ကာလ တစ်ခုမှာ အခြားအသင်းတွေလောက် ပွဲကြပ်တွေမများတာက တစ်ကြောင်း ၊ အသင်းရဲ့ အဓိက အားထားရတဲ့ ကိုလ်းပါမား တစ်ယောက် ဒဏ်ရာပြဿနာ ကနေ ပြန်လည်ကောင်းမွန်လာမှာက တစ်ကြောင်း နဲ့ ဒီရာသီ ချဲလ်ဆီးအသင်းက ဒီနှစ်ဒီဇင်ဘာ ပွဲကြပ်ကာလကို အကောင်းဆုံးဖြတ်ကျော်နိုင်ဖို့ မျှော်လင့်ခဲ့ကြတယ် ။ ဒဏ်ရာပြဿနာကြောင့် အချိန်အတော်ကြာအနားယူနေရတဲ့ ချဲလ်ဆီး အသင်းရဲ့ အဓိက ကစားသမား ကိုလ်းပါမား အနေနဲ့ ဟိုရက်ပိုင်းက တစ်ဦးချင်းလေ့ကျင့်ခန်းတွေကို ပြုလုပ်နေပြီး လာမယ့် ချန်ပီယံလိဂ် ဘာစီလိုနာ နဲ့ ပွဲစဥ်နဲ့ လန်ဒန် ဒါဘီ အာဆင်နယ် အသင်းတို့ ရဲ့ ပွဲစဥ်မှာ ပြန်လည်ပါဝင်နိုင်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တယ် ။ ဒီလို သတင်းတွေကြောင့်ပဲ ချဲလ်ဆီးအသင်းရဲ့ ပရိတ်သတ်တော်တော်များများ ဝမ်းသာခဲ့ရတယ် ။ ဒါပေမယ့် မနေ့က သတင်းစာရှင်းလင်းပွဲမှာ အန်ဇိုမာရက်စကာ က ကိုလ်းပါမား အနေနဲ့ နေအိမ်မှာ မတော်တဆ ခြေချောင်းဒဏ်ရာ ရရှိသွားတာကြောင့် ဘာစီလိုနာ နဲ့ အာဆင်နယ် အသင်းတို့ရဲ့ ပွဲစဥ်မှာ ပြန်လည်ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ပြောကြားသွားခဲ့ပါတယ် ။
ချယ်ဆီးအသင်းအနေနဲ့ ကိုလ်းပါမား ရဲ့ ဒဏ်ရာပြဿနာ ကို သက်သာစေမယ့် သီးသန့်ထုပ်လုပ် ဖိနပ်တစ်ခုစီစဥ်ပေးမယ်လို့ သတင်းတစ်ချို့ထွက်ပေါ်ခဲ့ပေမယ့် အခြေအနေတွေကတော့ ဘာဖြစ်လာမယ်မှန်းမသိသေးပါဘူး ။ ကိုလ်းပါမား ပြန်လည်ပါဝင်လာမယ့် ချဲလ်ဆီးအသင်းက ပိုမိုအားကောင်းသွားနိုင်သလို ၊ ဒဏ်ရာပြဿနာကြောင့် အချိန်အတော်ကြာအနားယူနေရတဲ့ ကိုလ်းပါမား တစ်ယောက် ပြန်လည်သက်သာလာချိန်မှာ ချက်ချင်းခြေစွမ်းပြနိုင်ဖို့ဆိုတာကလည်း မဖြစ်နိုင်သလို အချိန်တစ်ခုပေးရဦးမှာပဲဖြစ်ပါတယ် ။ကိုလ်းပါမား တစ်ယောက် ဘာစီလိုနာ ၊ အာဆင်နယ် အသင်းတို့နဲ့ ပွဲစဥ်တွေမှာ ပြန်လည်ပါဝင်လာနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။
#mmmedia
#chelsea
#colepalmer
#midfielder
#premierleague
#injury
#barcelona
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)