ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခံစစ်မှူးတစ်ယောက် ဝယ်ကိုဝယ်ယူသင့်တဲ့ ချဲလ်ဆီးအသင်း
ချဲလ်ဆီးအသင်းရဲ့ ခံစစ်အစုအဖွဲ့က မနှစ်ကဘောလုံးရာသီကတည်းက ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့အတွက် လုံလောက်မှုမရှိပါဘူး ။ ချဲလ်ဆီးအသင်း ရဲ့ ခံစစ်တန်းက လိုအပ်ချက်တစ်ခုရှိနေပြီး ကမ္ဘာ့အဆင့်မှီ ခံစစ်ကစားသမား တစ်ယောက်လောက် ပေါင်းထည့်ပေးဖို့လိုအပ်နေတာပဲဖြစ်ပါတယ် ။ ပြီးတော့ ရာသီမစခင် အသင်းရဲ့ အဓိက ခံစစ်ကို ဦးဆောင်တဲ့ လီဗိုင်းကိုလ်ဝဲလ် က ကစားသမားတိုင်း ကြောက်ရတဲ့ ACLဒဏ်ရာပြဿနာကြောင့် ဘောလုံးရာသီတစ်ဝက်လောက် မကစားနိုင်ပဲ ဇန်နဝါရီလလောက်ထိ အနားယူရမှာဖြစ်တာကြောင့် နည်းပြကြီး အန်ဇိုမာရက်စကာ အနေနဲ့ ခံစစ်မှူးတစ်ယောက် ခေါ်ယူဖို့အတွက် အပြောင်းအရွှေ့ကာလ မပိတ်သိမ်းခင်အချိန်ကတည်းက ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေထံကို အကြိမ်ကြိမ်တောင်းဆိုခဲ့တာပဲဖြစ်ပါတယ် ။
ဒါပေမယ့် ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေအနေနဲ့ကတော့ အန်ဇိုမာရက်စကာ ရဲ့ တောင်းဆိုချက်တွေကို လျစ်လျူရှုခဲ့ပြီး ဗဟိုခံစစ် ကစားသမားတစ်ဦးခေါ်ယူပေးဖို့အတွက်ကို ငြင်းဆန်ခဲ့တယ် ။ ဘတ်တီရာရှီုး ၊ ဖိုဖာနာ တို့လို အမြဲလိုလိုဒဏ်ရာရရှိနေတဲ့ ကစားသမားတွေအပြင် ၊ အတွေ့အကြုံ အများကြီးလိုအပ်သေးတဲ့ အာချဥ်ပေါင် ၊ ဆုံးဖြတ်ချက် အမှာတွေကို အမြဲလိုလို ချမှတ်တက်တဲ့ တိုဆင် တို့ရှိနေတာကြောင့် ချဲလ်ဆီးအသင်း ရဲ့ ဗဟိုခံစစ်မှာ ကစားသမား ၆ ယောက်လောက်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေက ဗဟိုခံစစ်မှူးတစ်ဦးခေါ်ယူပေးဖို့ကို ငြင်းဆန်ခဲ့တာပဲဖြစ်ပါတယ် ။ အဲ့အကျိုးဆက်ကိုချဲလ်ဆီးအသင်း အနေနဲ့ အခုချိန်မှာ ရင်ဆိုင်နေရပြီး ခံစစ်တန်းက တစ်နေ့ရွှေ တစ်နေ့ငွေဖြစ်နေတာပဲဖြစ်ပါတယ် ။ အခုချိန်မှာ ချဲလ်ဆီးအသင်း ရဲ့ ခံစစ်က ချာလိုဘာ နဲ့ ဖိုဖားနား ဦးဆောင်ကစားမှသာ တည်ငြိမ်မှုရှိပြီး အခြားကစားသမားတွေ ဝင်ရောက်ကစားတဲ့အခါ အမှားတွေများနေခဲ့ပြီး သွင်းဂိုးတွေ အမြဲလိုလို ခွင့်ယူနေရတာပဲဖြစ်ပါတယ် ။
ဖိုဖားနား အနေနဲ့လည် ပွဲစဥ်တိုင်း ပါဝင်ကစားနိုင်ဖို့အတွက် ကြံ့ခိုင်မှု မပြည့်ဝပါဘူး ။ အဲ့တာကြောင့် အန်ဇိုမာရက်စကာ အနေနဲ့ ချာလိုဘာ ဖိုဖားနား ၊ ချာလိုဘာ တိုဆင် စသဖြင့် အဆင်ပြေသလို အသုံးပြုနေရတာပဲဖြစ်ပါတယ် ။ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ လိဒ် နဲ့ ပွဲစဥ်မှာ တိုဆင် ဘတ်တီရာရှီး အတွဲကိုထုပ်သုံးပြီး နှစ်ယောက်လုံးက တည်ငြိမ်မှုမရှိပဲ အမှားတွေဆက်တိုက်ပြုလုပ်ခဲ့သလို သူတို့ရဲ့ တစ်ဦးချင်းအမှားတွေကြောင့်ပဲ သွင်းဂိုးတွေခွင့်ပြုခဲ့ရပြီး အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ် ။ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေအနေနဲ့ ချဲလ်ဆီးအသင်းကို ဒီထက်ပိုကောင်းတဲ့ အသင်းတစ်သင်းဖြစ်ချင်တယ် ၊ ဆုဖလားအားလုံးကို စိန်ခေါ်ချင်တယ်ဆိုရင်တော့ ကမ္ဘာ့အဆင့်မှီ ခံစစ်မှူး တစ်ဦးကို မဖြစ်မနေခေါ်ယူပေးဖို့လိုအပ်နေတာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#chelsea
#defender
#enzomaresca
#coach
#football
#premierleague
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )