ချဲလ်ဆီး အသင်း အနေနဲ့ အန်ဇိုဖာနန်ဒက် ကို လက်လွှင့်သင့်ရဲ့လား ?
အန်ဇိုဖာနန်ဒက် က ချဲလ်ဆီးအသင်းကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ချဲလ်ဆီး အသင်း ပိုင်ရှင်အသစ်တွေလက်ထက်စစချင်း ပြဿနာတွေများပြားနေတဲ့ အချိန်ကတည်းကနေ အခုချိန်ထိ အသင်းနဲ့ အတူတူ တိုက်ပွဲဝင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းကို Blue Co အုပ်စုက စတင်ဝယ်ယူလိုက်ပြီး ပြဿနာ ပေါင်းစုံ နဲ့ ရင်ဆိုင်နေရတဲ့ အချိန်ကတည်းက အန်ဇိုဖာနန်ဒက် ကအသင်းကို ဦးဆောင်မောင်းနှင်ခဲ့တာပဲဖြစ်ပါတယ် ။ အဲ့တာအပြင် ချဲလ်ဆီး အသင်း ရဲ့ ဆုဖလားတွေ သိမ်းပိုက်ခဲ့တဲ့ လမ်းကြောင်းမှာလဲ အသင်းအတွက် မရှိမဖြစ် ကစားသမားတစ်ဦးဖြစ်ခဲ့တာပါ ။ အန်ဇို ဖာနန်ဒက် ရဲ့ ချဲလ်ဆီးအသင်းအပေါ်ပေးဆပ်လိုစိတ် ၊ နိုင်လိုစိတ် ပြင်းပြမှု ၊ အသင်းကို ဦးဆောင်နိုင်စွမ်းတွေက တော်တော်ကြီးကို ကြီးမားပါတယ် ။
အန်ဇိုဖာနန်ဒက် က အန်ဇိုမာရက်စကာ ရဲ့ လက်အောက်မှာကစားခဲ့စဥ်တုန်းက ဂိုးသွင်းယူတဲ့ အပိုင်းတွေ ၊ သွင်းဂိုး ရရှိဖို့ နေရာယူတဲ့ ပုံစံတွေက သိသိသာသာတိုးတက်လာခဲ့သလို ကွင်းလယ်ကစားသမားတစ်ယောက် ပါဝင်ပတ်သတ်ရမယ့် သွင်းဂိုးအရေအတွက်ထက် သိသိသာသာပိုများအောင် သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေကို ပြုလုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ် ။ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာတော့ ပြင်သစ် ထိပ်သီးကလပ် အသင်းတစ်သင်းဖြစ်တဲ့ ပီအက်ဂျီ အသင်းက အန်ဇိုဖာနန်ဒက် ကို ခေါ်ယူဖို့အတွက် အနီးကပ်စောင့်ကြည့်နေတာပဲဖြစ်ပါတယ် ။ အန်ဇို ဖာနန်ဒက် ကို ခေါ်ယူချင်နေတာ ပီအက်ဂျီ အသင်းတစ်သင်းထဲတော့ မဟုတ်ပါဘူး ။ ဥရောပ ဘုရင်ကြီး ရီးရဲလ်မက်ဒရစ် အသင်းကလည်း အစောပိုင်း အချိန်တွေကတည်း က အန်ဇို ဖာနန်ဒက် ကို စိတ်ဝင်စားနေတာပဲဖြစ်ပါတယ် ။ ဒီအသင်းနှစ်သင်းလုံးက ချဲလ်ဆီး အသင်း အန်ဇိုဖာနန်ဒက် အတွက်တောင်းဆိုမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို သိပ့်ပြီးတော့ ဂရုစိုက်နေမယ့် အသင်းတွေတော့မဟုတ်ပါဘူး ။ အသင်းအောင်မြင်မှုအတွက်ဆို ငွေပုံပေးရမှာကို ဂရုမစိုက်တက်တဲ့ အသင်းတွေဖြစ်တာကြောင့် အန်ဇိုဖာနန်ဒက် ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ ခေါ် ယူသွားနိုင်ပါတယ် ။
ချဲလ်ဆီး အသင်းအနေနဲ့ရော အန်ဇိုဖာနန်ဒက် ကို လက်လွှတ်သင့်ရဲ့လား ။ အန်ဇို က ချဲလ်ဆီး အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင်ဖြစ်သလို အသင်းအတွက် မရှိမဖြစ် အရေးပါတဲ့ ကစားသမားတစ်ယောက်ဆိုလဲမမှားပါဘူး ။ ချဲလ်ဆီး အသင်းအနေနဲ့ ဒီလို ကစားသမား မျိုးကို လက်ရှိအသင်းမှာ ရှိတဲ့ အက်ဆိုဂူး တို့ အန်ဒရီ ဆန်းတို့စ် တို့နဲ့ အစားထိုးလို့မရ့ဘူး ။ အန်ဇို ဖာနန်ဒက်က ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးပါ ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ချဲလ်ဆီး အသင်းပိုင်ရှင် တွေအနေနဲ့ အန်ဇိုဖာနန်ဒက် ကို လက်လွှတ်သင့်ရဲ့လား ?။ ပရိတ်သတ်တွေရဲ့အမြင်ကိုကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#chelsea
#enzofernandez
#midfielder
#defensive
#attacking
#premierleague
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )