အန်ဒရီ ဆန်းတို့စ် ကို ပွဲကစားချိန်ပိုပေးသင့် အန်ဇိုမာရက်စကာ
ချဲလ်ဆီး အသင်းအနေနဲ့ ဒီအပြောင်းအရွှေ့ကာလမှာ ကွင်းလယ်အတွက် ကစားသမားဖြည့်တင်းမှုတွေကိုပြုလုပ်ခဲ့တယ် ။ မိတ်ဖက် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ စထရာဘော့စ် အသင်းမှာ ခြေစွမ်းကောင်းတွေပြသခဲ့တဲ့ အန်ဒရီဆန်တို့စ် နဲ့ အက်ဆိုဂူ လို ကျောက်ရိုင်းတုံးလေး တစ်လုံးကိုလည်း အရခေါ်ယူအားဖြည့်ခဲ့တယ် ။ ကိုင်စီဒို ၊ အန်ဇို တို့ရဲ့ နေရာအတွက် အားကောင်းတဲ့ အားဖြည့်မှုတွေမဟုတ်ခဲ့ပေမယ့် ဒီဖြည့်တင်းမှုတွေက ထိုက်သင့်သလောက် အသုံးဝင်ခဲ့တယ် ။ အန်ဒရီ ဆန်းတို့စ် ကို ချဲလ်ဆီး အသင်းတာဝန်ရှိသူတွေက တော်တော်လေးကို မျှော်လင့်ထားကြတယ် ။ စထရာဘော့စ် အသင်းမှာ အသက်အရွယ် နဲ့ မလိုက်တဲ့ အသင်းအပေါ်ဦးဆောင်မှုမျိုးတွေ ၊ တည်ငြိမ်ကောင်းမွန်တဲ့ ခြေစွမ်းတွေ အပြင် အသင်းအပေါ်ပေးဆပ်ချင်စိတ်ကိုလည်း ကောင်းကောင်းကြီးမြင်တွေ့ခဲ့ကြတာကြောင့်လည်းဖြစ်ပါတယ် ။ အန်ဒရီ ဆန်ုးတို့စ် တစ်ယောက် ဒီရာသီ ချဲလ်ဆီး အသင်းကို ရောက်ရှိလာတဲ့ အချိန်မှာလည်း ပွဲကစားချိန် တစ်ချို့သာ ရရှိခဲ့ပေမယ့် ရရှိတဲ့ ကစားချိန်တိုင်းမှာ အကောင်းဆုံးလုပ်ပြနိုင်ပြီး ချဲလ်ဆီး နည်းပြ အန်ဇိုမာရက်စကာ ရဲ့ ကြိုက်နှစ်သက်မှုကို ရရှိခဲ့တယ် ။
အန်ဒရီ ဆန်းတို့စ် အနေနဲ့ ကလပ်ကမ္ဘာ့ဖလား အပြင် ခြေစွမ်းပွဲ အချို့ကိုလည်းပါဝင်ကစားခဲ့ရပြီး လက်ရှိပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ပွဲစဥ်အချို့မှာလည်း လူစားဝင်ကစားပြီး မျှော်လင့်ချင်စရာကောင်းတဲ့ ခြေစွမ်းအချို့ကို ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ အန်ဒရီ ဆန်းတို့စ် အနေနဲ့ ချဲလ်ဆီး အသင်းမှာ ဆက်နေရင် သူ့အတွက် ပွဲထွက်ခွင့် ရရှိဖို့ ခက်ခဲသလို ၊ တစ်ရာသီလုံး ပွဲကစားချိန် မိနစ် အနည်းငယ်သာ ရရှိမှာဖြစ်ပေမယ့် အပြောင်းအရွှေ့ကာလပိတ်သိမ်းခါနီး အန်ဒရီဆန်းတို့စ် က ဆော်ဒီ ကလပ်အသင်းတော်တော်များများ ရဲ့ ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပေမယ့် သူ့အနေနဲ့ ချဲလ်ဆီး အသင်းမှာပဲ ပွဲထွက်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းချက်များကို ပြတ်ပြတ်သားသားငြင်းဆန်ခဲ့တာပဲဖြစ်ပါတယ် ။ အန်ဇိုမာရက်စကာ အနေနဲ့လည်း ဒီနောက်ပိုင်းမှာ ပွဲပန်းဒဏ်ကို ခံစားနေရတဲ့ ကွင်းလယ်ကစားသမား ၂ ယောက်ဖြစ်တဲ့ ကိုင်စီဒို ၊ အန်ဇိုတို့ရဲ့ နေရာအတွက် အချို့သောပွဲစဥ်တွေမှာ အန်ဒရီ ဆန်းတို့စ် ကို နေရာပေးသင့်ပါတယ် ။ အန်ဒရီ ဆန်းတို့စ် က သူရဲ့ အရည်အသွေး ၊ သူရဲ့ ခြေစွမ်း ကို ပွဲကစားခွင့်ရရှိတဲ့ အချိန်အနည်းငယ်လေးမှာပဲ အကြိမ်ကြိမ်သက်သေပြပြီးပြီးပဲဖြစ်ပါတယ် ။
အန်ဒရီ ဆန်းတို့စ် က NO 8 နေရာမှာ ကောင်းကောင်းကြီး အသုံးတော်ခံနိုင်တာကြောင့် ဒီနောက်ပိုင်း ပွဲဆက်တွေများပြီး ပွဲပန်းဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားနေရပြီး အနားယူဖို့လိုအပ်နေတဲ့ အန်ဇိုဖာနန်ဒက် ရဲ့ နေရာကို ပြည်တွင်းဖလားပွဲစဥ်တွေ နဲ့ အချို့သော ပရီးမီးယားလိဂ် အလယ်လတ်တန်းစား အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန် အန်ဒရီ ဆန်းတို့စ် ကို အန်ဇိုမာရက်စကာ အနေနဲ့ ပွဲကစားချိန်တွေ ယခုထက် ပိုမိုပေးသင့်တာပဲဖြစ်ပါတယ် ။ အန်ဒရီ ဆန်းတို့စ် ရဲ့ အရည်အချင်းက ပွဲကစားခွင့်များများ ရရှိလာတာနဲ့အမျှ အများကြီး တိုးတက်လာမယ့် လူငယ်ကစားသမားလေးတစ်ဦးပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#enzomaresca
#andresantos
#leftback
#premierleague
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)