အန်ဇိုမာရက်စကာ ဖြေရှင်းရအုံးမယ့် ပြဿနာတစ်ခု
ဒီနှစ်ဘောလုံးရာသီ အစကတည်း က အန်ဇိုမာရက်စကာ ရဲ့ ချဲလ်ဆီး အသင်းက အကောင်းဆုံး လူစာရင်းတစ်ခု နဲ့ ကောင်းကောင်းမွန်မွန်မကစားရသေးပါဘူး ။ ရာသီမစခင်ကတည်းက အသင်းရဲ့ ဗဟိုခံစစ် နေရာအတွက် သိပ်ကို အားကိုးရတဲ့ လီဗိုင်းကိုဝဲလ် တစ်ယောက် ACL ဒဏ်ရာပြဿနာ ရရှိသွားခဲ့ပြီး ကာလရှည်ကြာအနားယူခဲ့ရသလို ၊ ချဲလ်ဆီး အသင်း ရဲ့ တိုက်စစ်အသက်အသွေးကြော ဖြစ်တဲ့ ကိုလ်းပါမား အပြင် အထောင်တိုက်စစ်မှူးအတွက် ဒီရာသီမှ အသစ်ခေါ်ယူထားတဲ့ လီယန် ဒီလပ် တို့ကလည်း ဒဏ်ရာပြဿနာ ရရှိသွားခဲ့တာကြောင့် ချဲလ်ဆီး အသင်းရဲ့ အတောင့်တင်းဆုံး လူစာရင်းတစ်ခုကို မမြင်တွေ့ရသေးပါဘူး ။ ကိုလ်းပါမား မပါဝင်တဲ့ ချဲလ်ဆီး အသင်းက တိုက်စစ်ဆင်ရမှာ လိုအပ်ချက်တွေအများကြီး ရှိတယ်ဆိုတာ အစောပိုင်းပွဲစဥ် တွေကတည်းက သိသိသာသာမြင်တွေ့ရပြီးသားပါ ။ ဒီပြဿနာကို အန်ဇိုမာရက်စကာ အနေနဲ့ ဂါနာချို ၊ နက်တို ၊ ဂစ်တန် ၊ အက်စတာဗို တို့လို အရည်အသွေးမြင့်တောင်ပံ ကစားသမားတွေ နဲ့ အတက်နိုင်ဆုံး အစားထိုးခဲ့ပေမယ့် အဆင်ပြေသလောက်သာ ရှိခဲ့ပါတယ် ။
ချဲလ်ဆီး အသင်းက တန်ပြန်တိုက်စစ် တွေမှာ သိပ်ကို ကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်ပေမယ့် Low Block ၊ Mid Block တွေနဲ့ ခံစစ် ဦးစားပေးကစားတက်တဲ့ အသင်းတွေနဲ့တွေ့ရင် အမြဲလိုလို ရုန်းကန်ရလေ့ရှိတဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ် ။ အန်ဇိုမာရက်စကာ အနေနဲ့ အဓိကကစားသမားတွေ မပါဝင်တဲ့ အချိန် အစောပိုင်း ပွဲစဥ်တွေကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဆန်းဒါးလန်း နဲ့ အတွေ့မှာတော့ လက်မြှောက်အရှုံးပေးခဲ့ရတာပဲဖြစ်ပါတယ် ။ ဆန်းဒါးလန်း အသင်းနည်းပြ က ချဲလ်ဆီး အသင်းရဲ့ အားနည်းချက်ကို ကောင်းကောင်းကြီး နားလည်သဘောပေါက်တာကြောင့် ခံစစ် ၅ ယောက်တန်း နဲ့ ပွဲထွက်ခဲ့တယ် ။ ၅-၄-၁ ဆိုတဲ့ ကစားကွက် နဲ့ Low Block ၊ Mid Block တွေ ကောင်းကောင်းကစားပြီး ချဲလ်ဆီး အသင်း တိုက်စစ်ကို တော်တော်လေး ဒုက္ခပေးနိုင်ခဲ့တယ် ။ ချဲလ်ဆီး အသင်းအနေနဲ့ ပွဲစဥ်အစောပိုင်းကတည်းက ဂါနာချို ရဲ့ သွင်းဂိုးတစ်ဂိုးနဲ့ ဦးဆောင်ထားပေမယ့် နောက်ပိုင်းမှာ ဆန်းဒါးလန်း ရဲ့ ခံစစ်ကို ဘယ်လိုမှ မထိုးဖောက်နိုင်ခဲ့ပါဘူး ။ ချဲလ်ဆီး အသင်း နည်းပြ အန်ဇိုမာရက်စကာ အနေနဲ့ ဒီလို ခံစစ်ကို ဦးစားပေးကစားတက်တဲ့ အသင်းတွေနဲ့ တွေ့ဆုံတဲ့ အချိန်ကြရင် တိုက်စစ်ပိုင်းက အမြဲလိုလို ရုန်းကန်ရတဲ့ပြဿနာ တစ်ခုကို ဖြေရှင်းပေးဖို့လိုအပ်နေတာပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းက တိုက်စစ်ပိုင်း အားသာတဲ့ အသင်းတစ်သင်းဖြစ်ပြီး ခံစစ်ပိုင်းက အရမ်းကို အားနည်းလွန်းတဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် တိုက်စစ်ပိုင်းကသာ လိုအပ်တဲ့ ဂိုးတွေမသွင်းပေးနိုင်ခဲ့ရင် အဲ့ဒီပွဲစဥ်က ရှုံးမယ့်ရာခိုင်နှုန်းအတော်လေးများသွားခဲ့ပါပြီ ။
ချဲလ်ဆီး အသင်းရဲ့ ခံစစ်ပိုင်းက အမြဲလိုလို သွင်းဂိုးတွေကို လွယ်လင့်တကူ ခွင့်ပြုနေရပြီး တိုက်စစ်ပိုင်းက ဂိုးတွေ အများကြီး သွင်းယူပေးနေလို့သာ သိပ်မသိသာတာပါ ။ ဒီလို တိုက်စစ်က ရုန်းကန်ရတဲ့ ပွဲစဥ်တွေမှာဆိုရင်တော့ ချဲလ်ဆီး အသင်းက ရှုံးပွဲတစ်ပွဲနဲ့ ကြုံတွေဖို့ဆိုတာ ရာခိုင်နှုန်းများသွားပါပြီ ။ အန်ဇိုမာရက်စကာ အနေနဲ့ ချဲလ်ဆီး အသင်းကို ကိုင်တွယ်ပြီးတဲ့ အချိန်ကတည်း က ပြဿနာပေါင်းစုံကို ဖြေရှင်းပေးပြီးသားဖြစ်ပေမယ့် ဒီလို ခံစစ် အသားပေးပြီး မာမာထန်ထန် ကစားတက်တဲ့ အသင်းတွေနဲ့ တွေ့ရင် တိုက်စစ်ပိုင်းက ရုန်းကန်နေရတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းပေးဖို့လိုအပ်နေတာပဲဖြစ်ပါတယ် ။ ဒီပြဿနာကို မဖြေရှင်းပေးနိုင်သေးရင် ပလိုင်းအပေါက် နဲ့ ဖားကောက်သလို ဖြစ်နေဦးမှာဖြစ်ပြီး ရှုံးပွဲတွေနဲ့ ထပ်မံရင်ဆိုင်နေရဦးမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#chelsea
#enzomaresca
#coach
#colepalmer
#liamdelap
#levicolwill
#premierleague
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)