တစ်ဦးချင်းလေ့ကျင့်ခန်းတွေကို ပြန်လည်ပြုလုပ်လာနိုင်တဲ့ ကိုလ်းပါမား
ချဲလ်ဆီး အသင်း အနေနဲ့ သူတို့ရဲ့ အကောင်းဆုံးကစားသမား အစုအဖွဲ့နဲ့ တည်ငြိမ်တဲ့ စွမ်းဆောင်ရည် တစ်ခုကို ပြသနိုင်ဖို့အတွက်တော့ ရုန်းကန်နေရပေမယ့် ပရီးမီးယားလိဂ် မှာတော့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ဇယားထိပ်ပိုင်းက အသင်းတွေကို ဖိအားပေးနေတာပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်း အနေနဲ့ နိုင်ပွဲတွေဆက်နေတယ် ၊ ကစားသမားတိုင်းခြေစွမ်းပြနေပေမယ့် မထင်မှတ်ထားလောက်အောင် အသင်းသေးလေးနဲ့ တွေ့ရင် ရှုံးသွားတက်တယ် ။ ဒါတွေကြောင့်ပဲ မလိုလားအပ်ပဲ ဆန်းဒါးလန်း ၊ ဘရိုက်တန် ၊ ကွာရာဘတ် တို့နဲ့ ပွဲစဥ်မှာ အမှတ်တွေဆုံးရှုံးခဲ့ရတယ် ။ ချဲလ်ဆီးအသင်းက သူတိုက် ကိုယ်တိုက် ဖွင့်ဆော့တဲ့ အသင်းတွေနဲ့ တွေ့ရင် တစ်ခုမဟုတ်တစ်ခု လုပ်ပြပြီး အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ပေမယ့် ၊ သရေတစ်မှတ်အတွက် ဦးတည်လာပြီး LOW BLOCK ၊ MID BLOCK နဲ့ ခံစစ်အသားပေးဆော့တက်တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာတော့ အမြဲလိုလို ရုန်းကန်ရလေ့ရှိတယ် ။
တစ်ချို့ပွဲတွေမှာသာ ကံကောင်းလို နိုင်သွားတက်ပြီး အမှတ်ဆုံးရှုံးတဲ့ ပွဲစဥ်တွေကလဲ မနည်းလှပါဘူး ။ ဒီလို ပြဿနာတွေ အားလုံးကို ရင်ဆိုင်နေရတဲ့ အဓိက အကြောင်းအရင်းကတော့ ချဲလ်ဆီး အသင်းတိုက်စစ်ပိုင်း ရဲ့ အသက်သွေးကြော ကစားသမားဖြစ်တဲ့ ကိုလ်းပါမား တစ်ယောက် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့်ပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းအနေနဲ့ တိုက်စစ်ပိုင်း အတွက် ကိုလ်းပါမား ကို အရမ်းအားကိုးရတာ လွန်ခဲ့တဲ့နှစ် ဘောလုံးရာသီတွေကတည်းကပါ ။ ဒီရာသီ အပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီး အသင်းအနေနဲ့ ကိုလ်းပါမား ရဲ့ အရံအတွက် ကစားသမားဖြည့်တင်းမှုကို ကောင်းကောင်းမလုပ်ခဲ့ပါဘူး ။ ဇာဗီ ဆီမွန် ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် လန်ဒန်ပြိုင်ဘက် အသင်းတစ်သင်းဖြစ်တဲ့ စပါးအသင်း ရဲ့ ကြားဖြတ်ခေါ်ယူခြင်းကို ခံခဲ့ရတာကြောင့် နောက်ဆုံး အပြောင်းအရွှေ့ကာလမပိတ်သိမ်းခင်မှာ မဖြစ်မနေကြောင့် လူငယ်ကစားသမားလေး ဘိုနာနေ့တေးကိုသာခေါ်ယူခဲ့တယ် ။ ကံဆိုးချင်တော့ ကိုလ်းပါမား အနေနဲ့ ဒဏ်ရာပြဿနာကြောင့် ဒီရာသီ အစောပိုင်းပွဲစဥ်တွေကို တောက်လျောက်လွဲချော်ခဲ့တယ် ။
အဲ့တာကြောင့်ပဲ ချဲလ်ဆီး အသင်းအနေနဲ့ ဒီရာသီ အစောပိုင်းပွဲစဥ်တွေမှာ တိုက်စစ်ပိုင်းအတွက် အနည်းငယ်ရုန်းကန်နေရတာပဲဖြစ်ပါတယ် ။ အန်ဇိုမာရက်စကာအတွက်လည်း တစ်ချိုု့ပွဲစဥ်တွေမှာ ကိုလ်းပါမား မရှိတာကြောင့် လုပ်ရကိုင်ရခက်ခဲနေပါတယ် ။ ဒါပေမယ့် ချဲလ်ဆီး အသင်းအတွက် ကံကောင်းခြင်းလား ၊ အန်ဇိုမာရက်စကာ ရဲ့ ခေါင်းခဲမှုတွေကို ဖြေဖျောက်ပေးမယ့် ဆေးတစ်ခွက်လားထင်ရလောက်အောင် ဒီဇင်ဘာပွဲကြပ်ကာလတွေမှာ ကိုလ်းပါမားအနေနဲ့ ချဲလ်ဆီး အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာပဲဖြစ်ပါတယ် ။ ကိုလ်းပါမား အနေနဲ့ လေ့ကျင့်ကွင်းတွေမှာ တစ်ဦးချင်းအပေါ့စား လေ့ကျင့်ခန်းတွေကို ပြန်လည်ပြုလုပ်လာနိုင်ပြီပဲဖြစ်ပါတယ် ။ ဒီဇင်ဘာ ပွဲကြပ်ကာလမှာ ကိုလ်းပါမား အနေနဲ့ ဒဏ်ရာပြဿနာကနေပြန်လာပြီး ချဲလ်ဆီး အသင်းကို ကယ်တင်ပေးသွားနိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#chelsea
#enzomaresca
#coach
#colepalmer
#midfielder
#pemierleague
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )