အက်စတာဗို ဝီလျံ ကို မှန်မှန်ကန်ကန် ကိုင်တွယ်ပြနေတဲ့ အန်ဇိုမာရက်စကာ
ချဲလ်ဆီး အသင်း က ဒီနှစ်အပြောင်းအရွှေ့ကာလမှာ သူတို့ရဲ့ ထုံးစံအတိုင်း အရည်အသွေးပြည့်ဝပြီး အလားအလာရှိတဲ့ လူငယ်ကြယ်ပွင့် ကစားသမားပေါင်းများစွာကို ခေါ်ယူခဲ့တယ် ။ အဲ့ဒီ ကစားသမားတွေထဲမှာ အက်စတာဗို ၊ ဂစ်တန် ၊ ဂါနာချို ၊ ဟာတို တို့လို ကြယ်ပွင့်ကစားသမားတွေ အများကြီးပါဝင်တယ် ။ အဲ့ဒီ လို အရည်အသွေးမြင့်ကစားသမားတွေ အများကြီးထဲမှာမှ ဘောလုံးပရိတ်သတ်တွေ စိတ်အဝင်စားဆုံး နဲ့ စောင့်ကြည့်ချင်စရာ အကောင်းဆုံး ကစားသမားကတော့ အက်စတာဗို ဝီလျံ ပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းက အက်စတာဗို ရဲ့ ခြေစွမ်းကို လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကြိုက်နှစ်သက်ခဲ့တာကြောင့် မြင့်မား တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် နဲ့ အရခေါ်ယူခဲ့တာပဲဖြစ်ပါတယ် ။ အက်စတာဗို တစ်ယောက် ဒီနှစ်ရာသီ ချဲလ်ဆီး အသင်းကို ရောက်ရှိလာတဲ့ အချိန်မှသာ ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသနိုင်တာမျိုးမဟုတ်ပဲ မနှစ်ကဘောလုံးရာသီကတည်းက ဘရာဇီး ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ပါးမီးရက် အသင်းမှာ မရှိမဖြစ်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းကောင်းတွေကို ပြသခဲ့တာပဲဖြစ်ပါတယ် ။
ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲတောက်လျောက် မှ အထူးခြေစွမ်းပြခဲ့ပြီး ဥရောပ ကလပ် အသင်းကြီး တော်တော်များများ ရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ် ။ ဆမ်ဘာသား ဖြစ်တာကြောင့် ဘောလုံး အခြေခံပိုင်း နဲ့ skill ပိုင်းမှာ အလွန်ကောင်းမွန်ပြီး အသက်အရွယ် နဲ့ မလိုက်အောင် ပွဲရှိန်နေတာတွေ ၊ ပွဲကြောက်တာတွေလည်း မရှိပါဘူး ။ အက်စတာဗို တစ်ယောက် အသက်အရွယ် ငယ်ငယ်လေးနဲ့ ရေခြားမြေခြား ၊ ဘာသာစကား မတူတဲ့ နေရာတစ်ခုကို လာရောက်ကစားရတဲ့ အပြင် သူလာရောက်ကစားတဲ့ လိဂ် ကလည်း ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး နဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ် ဖြစ်တာကြောင့် အစောပိုင်း အချိန်တွေမှာ ပုံမှန်ခြေစွမ်းမျိုး ပြနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပြီး ဒီနောက်ပိုင်း ပွဲစဥ်တွေမှာတော့ တော်တော်လးကို သိသိသာသာ တိုးတက်ကောင်းမွန်လာတာပဲဖြစ်ပါတယ် ။ တစ်ဦးချင်း ကျော်ဖြတ်ပုံတွေ အလွန်ကောင်းမွန်တဲ့ အပြင် သူ့ဆီကနေ တစ်ခုခုမျှော်လင့်လို့ ရတယ်ဆိုတဲ့ စိတ်ခံစားချက်ရအောင် ကစားနိုင်တဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ် ။ အက်စတာဗို ဒီလို အချိန်တိုလေးအတွင်းမှာ အသင်း နဲ့ရော လိဂ် နဲ့ပါ အသားကျသွားတဲ့အချက်မှာ နည်းပြ အန်ဇိုမာရက်စကာ ရဲ့ ပါးနပ်တဲ့ကိုင်တွယ်ပုံတွေကြောင့်ပဲဖြစ်ပါတယ် ။
အန်ဇိုမာရက်စကာ အနေနဲ့ အက်စတာဗို ကို ပွဲတိုင်းလိုလို အသုံးပြုနေတာမဟုတ်ပဲ အသက် ၁၈ နှစ်သာရှိသေးတဲ့ လူငယ်ကစားသမားလေးကို ယုံကြည်မှု မြင့်မားစေဖို့ နဲ့ ပုံမှန်ခြေစွမ်းမျိုး ပြန်ရရှိဖို့အတွက် ဇယားအောက်ခြေက အသင်းတွေ ၊ ပြည်တွင်းဖလား ပွဲစဥ်အချို့တွေ အဲ့လို ပွဲစဥ် တွေမှာသာ လွတ်လွတ်လပ်လပ် ဝင်ရောက်ကစားစေတဲ့ အပြင် ပရီးမီးယားလိဂ် အချို့ပွဲစဥ်တွေမှာလည်း လူစားဝင်ကစားသမားအဖြစ် လိဂ် နဲ့ အသားကျလာအောင် ပွဲကစားချိန် မိနစ်တွေ နည်းနည်းစီပေးနေတာပဲဖြစ်ပါတယ် ။ ဒါက အန်ဇိုမာရက်စကာ ရဲ့ အက်စတာဗို ကို ကိုင်တွယ်နေတဲ့ နည်းလမ်းအမှန်တစ်ခုပဲဖြစ်ပါတယ် ။ ဒီအချက်ကြောင့် အခုနောင်ပိုင်းမှာ အက်စတာဗို အနေနဲ့ ခြေစွမ်းတွေလည်း ပြသနေသလို သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေလည်း သိသိသာသာကြီး တိုးတက်လာခဲ့တာပဲဖြစ်ပါတယ် ။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#chelsea
#enzomaresca
#coach
#estevaowillian
#winger
#premierleague
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)