ရိုစင်ညာ တစ်ယောက် ချဲလ်ဆီး အသင်းကို ဘယ်လောက်ထိ ထမ်းတင်ပေးနိုင်မလဲ ?
ချဲလ်ဆီး အသင်း က နည်းပြအသစ်အဖြစ် လီယန် ရိုစင်ညာ ကို ခန့်အပ်လိုက်ပြီးကတည်း ချဲလ်ဆီး အသင်း ပရိတ်သတ်တွေရဲ့ ဝေဖန်မှုကို ချဲလ်ဆီးအသင်းပိုင်ရှင်တွေဖြစ်ကြတဲ့ Blue Co အဖွဲ့အနေနဲ့ တော်တော်လေးကို ခံလိုက်ရတယ် ။ ဒါတွေက Blue Co သွားနေတဲ့ ပရောဂျက် က ချဲလ်ဆီး အသင်းနဲ့ ကိုက်ညီမှု မရှိနေလို့ပဲ ။ အရင်ခေတ်တွေကဆိုရင် တစ်နည်းအားဖြင့် ချဲလ်ဆီး အသင်းရဲ့ အရင်အသင်းပိုင်ရှင်ဟောင်း ရိုမန် အေဗရာမိုဗစ်ချ် လက်ထက်တုန်းကဆိုရင် ကောင်းလှပါတယ်ဆိုတဲ့ အရည်အသွေးပြည့်ဝတဲ့ ဒိတ်ဒိတ်ကြဲ နည်းပြကြီးတွေကိုပဲ အသင်းကို ကိုင်တွယ်စေပြီး ဆုဖလားမြောက်များစွား သိမ်းပိုက်ခဲ့ကြပေမယ့် အခုလက်ရှိ ချဲလ်ဆီး အသင်းပိုင်ရှင်တွေဖြစ်တဲ့ Blue Co အဖွဲ့အနေနဲ့ကတော့ သူတို့ကောင်းကောင်းကြီး ထိန်းချုပ်လို့ရမယ့် နည်းပြတွေကိုသာ နည်းပြအဖြစ်ခန့်အပ်ခဲ့တယ် ။
ချဲလ်ဆီး အသင်း ပရိတ်သတ်တွေ အနေနဲ့ အန်ဇိုမာရက်စကာ အသင်းကထွက်ခွာသွားတဲ့ အချိန်မှာ ဝါရင့် သဘာရင့် ထိပ်တန်းနည်းပြ တစ်ဦးကို မျှော်လင့်ခဲ့ကြပေမယ့် Blue Co အဖွဲ့ကတော့ ချဲလ်ဆီး အသင်း ရဲ့ မိတ်ဖက် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ စထရာဘော့စ် အသင်းရဲ့ နည်းပြ လီယန် ရိုစင်ညာ ကိုသာ ချဲလ်ဆီး အသင်း နည်းပြအဖြစ်ခန့်အပ်ခဲ့တယ် ။ လီယန် ရိုစင်ညာက ဟားစီးတီး နဲ့ စထရာဘော့စ် တို့လို အသင်းတွေကိုသာ ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတစ်ယောက်ဖြစ်ပြီး အတွေ့အကြုံရင့်ကျက်မှု နည်းသေးတဲ့ နည်းပြတစ်ယောက်ဖြစ်တာကြောင့် ချဲလ်ဆီး အသင်း ပရိတ်သတ်တော်တော်များများက မကြိုက်နှစ်သက်ခဲ့ကြပါဘူး ။ ဒါပေမယ့် ရီယန် ရိုစင်ညာ အနေနဲ့ ချဲလ်ဆီး အသင်းကို စတင်ကိုင်တွယ်တဲ့ ပွဲစဥ်ကို အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ အပြင် ကာရာဘောင် ဖလားပြိုင်ပွဲမှာလည်း အာဆင်နယ် အသင်းကို အကောင်းဆုံးရင်ဆိုင်ခဲ့တယ် ။ အခုမှ အသင်းကို စတင်ကိုင်တွယ်တာ အချိန်ဘယ်လောက်မှ မကြာသေးတဲ့အပြင် အသင်းရဲ့ အဓိက ကစားသမားတော်တော်များများ မပါဝင်တာတောင် အာဆင်နယ် အသင်းကို ဒီလောက်ထိ ကစားနိုင်ခဲ့တယ်ဆိုတာ လီယန် ရိုစင်ညာ ကို ချီးကျူးရမှာပဲဖြစ်ပါတယ် ။
ရီယန် ရိုစင်ညာကလည်း အန်ဇိုမာရက်စကာလိုပဲ ချဲလ်ဆီး အသင်းပရိတ်သတ်တွေ အများကြီး မမျှော်လင့်ထားတဲ့ နည်းပြတစ်ယောက်ပါ ။ အန်ဇိုမာရက်စကာ ကလည်း ဒီလို ဖိအားတွေကြားထဲကနေ သူ့ရဲ့ အရည်အချင်းတွေကို အကောင်းဆုံးထုတ်ပြပြီး ဆုဖလားအောင်မြင်မှုတွေ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာပဲမလား ။ အခုနည်းပြ အသစ် လီယန် ရိုင်ညာ ရော အန်ဇိုမာရက်စကာလို အသင်းကို အောင်မြင်အောင်စွမ်းဆောင်နိုင်ပါ့မလား ? ။ ရိုစင်ညာ တစ်ယောက် ချဲလ်ဆီး အသင်းကို ဘယ်လောက်ထိ ထမ်းတင်ပေးသွားနိုင်မလဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#enzomaresca
#coach
#liamrosenior
#blueco
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)