ကစားသမားတွေကို အလှည့်ကျသုံးနေတဲ့ အန်ဇိုမာရက်စကာ ကို ထောက်ခံနေတဲ့ Blue co
အန်ဇိုမာရက်စကာ က ချဲလ်ဆီး အသင်းကိုစတင်ရောက်ရှိတဲ့ ရာသီကတည်းက တောင်လိုယာလို ပုံနေတဲ့ ကစားသမားအစုအဖွဲ့ကြီးကို ပရီးမီးယားလိဂ် တစ်သင်း ၊ ကွန်းဖရင့်လိဂ် တစ်သင်း ၊ ပြည်တွင်းဖလားတွေမှာ တစ်သင်းနဲ့ ကောင်းကောင်းကြီး တိုင်တွယ်ပြခဲ့တယ် ။ သူက စတင်ရောက်ရှိတဲ့ ရာသီကတည်းက ချဲလ်ဆီး အသင်းရဲ့ ကစားသမားတွေကို အဓိကကစားသမား ဒေါင်ဒေါင်မြည် ၁၁ ယောက်ကို ပရီးမီးလိဂ် မှာ အသုံးပြုပြီး ပြည်တွင်းဖလားပွဲစဥ်တွေ နဲ့ ကွန်းဖရင့်လိဂ် ပွဲစဥ်တွေမှာဆိုရင် အရန်ကစားသမားတွေကို ပွဲကစားချိန်မိနစ်ပေးပြီး သူကြိုက်နှစ်သက်တဲ့ ကစားသမားဆိုရင် ပရီးမီးယားလိဂ် အချို့ပွဲစဥ်တွေမှာပါ ထုပ်သုံးလေ့ရှိတယ် ။ အန်ဇိုမာရက်စကာ အနေနဲ့ ဒီလို ကစားသမားအများကြီးကို ပွဲကစားချိန်ရရှိအောင် လုပ်ပေးနေတာက ချဲလ်ဆီး အသင်းပိုင်ရှင်တွေအတွက် ကြိုက်နှစ်သက်စရာဖြစ်တာပေါ့ ။
ချဲလ်ဆီး အသင်းပိုင်ရှင်တွေက အရည်အသွေးမြင့် လူငယ်ကစားသမားပေါင်းများစွာကို ခေါ်ယူထားခဲ့ပြီး အငှားစေလွှတ်ကာ ရောင်းချလို့ အမြတ်ရရင် အမြဲလိုလို ရောင်းချပြီး ကစားသမားလဲတဲ့ ပုံစံတွေလုပ်ရတာလည်း သိပ်ကိုကြိုက်နှစ်သက်တဲ့လူတွေပဲဖြစ်ပါတယ် ။ အန်ဇိုမာရက်စကာ က ကစားသမားအားလုံးကို ပွဲချိန်ရအောင် စီမံပေးခဲ့တာကြောင့် တော့ဘိုလေးတို့အနေနဲ့ ဒီအပြောင်းအရွှေ့ကာလမှာ အမြတ်တော်တော်လေးပေါ်ခဲ့တာပဲမလား ။ ဒီနှစ်ရာသီမှာလည်း မနှစ်ရာသီလိုပဲ ကစားသမားတွေကို ၂ ဖွဲ့ခွဲထားခဲ့ပြီး အရေးကြီးတဲ့ ပွဲစဥ်တွေမှာဆိုရင် အဓိကကစားသမား ၁၁ ယောက်သာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး အသင်းသေးတွေနဲ့ တွေ့တဲ့ အချိန်နဲ့ ပြည်တွင်းဖလား အချို့ပွဲစဥ် တွေမှာသာ အရန်ကစားသမား ၁၁ ယောက်ကို သုံးလေ့ရှိတယ် ။ ဒီလို လုပ်တာက ကောင်းကျိုးလည်းရှိသလို ၊ ဆိုးကျိုးလည်း အများကြီးရှိတယ် ။
ကစားသမားတိုင်းက ပွဲကစားချိန်ရရှိတာကြောင့် ခြေစွမ်းတဖြည်းဖြည်းပြသလာနိုင်တာမှန်ပေမယ့် တစ်ခါတစ်လေ ကြရင် အသင်းက ဟန်ချက်လုံးဝမညီတော့ပဲ ကောင်းမွန်တဲ့ ခြေစွမ်းကို တသက်မက်ထဲမပြသနိုင်တဲ့ အခြေအနေတွေကိုလည်း ရောက်ရှိသွားနိုင်တယ် ။ ဒါပေမယ့် အန်ဇိုမာရက်စကာ က သူ့ရဲ့ ပုံစံအတိုင်း ဒီလို ကစားသမား ၂ ဖွဲ့ခွဲကစားတဲ့ ပုံစံကို ဆက်လက်ကျင့်သုံးနေပြီး ဒီ ဆိုးကျိုးတွေကြောင့် အမှတ်ဆုံးရှုံးခဲ့ရတဲ့ ပွဲစဥ်တွေလည်းရှိလာခဲ့ပါတယ် ။ ဒါပေမယ့် တော့ဘိုလေးတို့အနေနဲ့ အန်ဇိုမာရက်စကာ ရဲ့ အခုလိုလုပ်ရက်အပေါ်ကို သူတို့ရဲ့ အကျိုးအမြတ်ကြောင့် ဆက်လက်ထောက်ခံနေတာပဲဖြစ်ပါတယ် ။ အဆုံးထိ ဖတ်ပေးကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။
#mmmedia
#chelsea
#enzomaresca
#coach
#premierleague
#blueco
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)