အရှေ့ကအမှားတွေကို သင်ခန်းစာကောင်းကောင်းယူပြီး ပြန်လည်ပြင်ဆင်နိုင်ခဲ့တဲ့ အန်ဇိုမာရက်စကာ
အန်ဇိုမာရက်စကာ အနေနဲ့ ချဲလ်ဆီး အသင်းကို စတင်ကိုင်တွယ်တဲ့ အချိန်တုန်းက ဝေဖန်မှုတွေကို တော်တော်လေးခံခဲ့ရတယ် ။ ဒါပေမယ့် အချိန်တစ်နှစ်အတွင်းမှာပဲ အဲ့ဒီ ဝေဖန်သံတွေကို ဆုဖလားတွေနဲ့ ပျောက်ကွယ်သွားအောင် စွမ်းဆောင်နိုင်ခဲ့တယ် ။ အန်ဇိုမာရက်စကာ အနေနဲ့ ပွဲစဥ်တစ်ပွဲကို ချဥ်းကပ်တဲ့ အပိုင်း ၊ ပြိုင်ဘက် အသင်းကို လေ့လာတဲ့ အပိုင်းတွေ မှာ အရမ်းကောင်းမွန်တဲ့ နည်းပြတစ်ယောက်ပါ ။ ရှင်းရှင်းပြောရရင် Pre Match Plan ကောင်းမွန်တဲ့ နည်းပြတစ်ယောက်ပဲဖြစ်ပါတယ် ။ အဲ့လိုပြောလို့ ပြီးပြည့်စုံနေတဲ့ နည်းပြတစ်ယောက်လားဆိုရင်တော့မဟုတ်ပါဘူး ။ အန်ဇိုမာရက်စကာ အနေနဲ့ Pre Match Plan ကောင်းမွန်ပေမယ့် ပွဲစဥ်အတွင်း ပြိုင်ဘက် အသင်းက သူ့ရဲ့ game plan ကို ဖြေရှင်းပြသွားတာမျိုးတို့ ၊ သူရဲ့ game plan က တစ်ခုခုပျက်စီးသွားခဲ့ပါက နောက်ထပ် တစ်မျိုး ၊ နောက်ထပ် game plan တစ်မျိုးကို ပွဲစဥ်ကို ချဥ်းကပ်တဲ့ အပိုင်းမှာတော့ လိုအပ်ချက်တွေ အများကြီးရှိသေးတယ် ။ အဲ့ဒီ ကိစ္စတွေကို အရှေ့က ဘိုင်ယန်မြူးနစ် ၊ မန်ချက်စတာယူနိုက်တက် ၊ ဘရိုက်တန် တို့ရဲ့ ပွဲစဥ်မှာမြင်တွေ့ခဲ့ရတယ် ။
ဘိုင်ယန်မြူးနစ် အသင်း နဲ့ ချန်ပီယံလိဂ် ပွဲစဥ်မှာလည်း အန်ဇိုမာရက်စကာ အနေနဲ့ ပီအက်ဂျီ ကို အနိုင်ယူပြခဲ့တဲ့ ကစားကွက် ၊ ကစားပုံ ၊ လူစာရင်း တစ်ပုံစံ ထဲ ထွက်လာပေမယ့် ဘိုင်ယန်မြူးနစ် အသင်းနည်းပြ ကွန်ပတီ အနေနဲ့ ဒီကစားပုံ ၊ ကစားကွက် ကို ဖြေရှင်းပြခဲ့တယ် ။ အန်ဇိုမာရက်စကာ က သူ့ရဲ့ game plan ပျက်စီးသွားတဲ့ အချိန်မှာ နောက်ထပ် ပုံစံ တစ်မျိုးနဲ့ ပွဲကို ချဥ်းကပ်ဖို့အတွက် အဖြေမရှာနိုင်ခဲ့ဘူး ။ အဲ့ပုံစံ အတိုင်းပဲ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ပွဲစဥ်မှာလည်း ပွဲအစပိုင်းမှာတင် ဂိုးသမား ဆန်းချက် အနီကဒ် နဲ့ ထုပ်ခံရတဲ့ အချိန် အန်ဇိုမာရက်စကာ ရဲ့ game plan က ပျက်စီးသွားခဲ့ပြီး လူစားလဲမှု အမှားတွေကိုလည်း ပြုလုပ်ခဲ့တယ် ။ အလားတူ ဘရိုက်တန်နဲ့ ပွဲစဥ်မှာလည်း အစပိုင်းကအနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ချာလိုဘာ အနီကဒ် နဲ့ ထုပ်ခံရတဲ့ အချိန် ပွဲကို ထိန်းချုပ်ကစားဖို့အတွက် game plan နောက်တစ်မျိုး မချမှတ်နိုင်ခဲ့ဘူး ။ အန်ဇိုမာရက်စကာ အနေနဲ့ ဒီလို အမှားတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့တယ် ။အန်ဇိုမာရက်စကာ အနေနဲ့လည်း သူ့ရဲ့ အမှားတွေကိုလည်း ဝန်ခံခဲ့တယ် ။ ရှင်းရှင်းပြောရရင် အန်ဇိုမာရက်စကာ က Pre Match Plan ကောင်းမွန်တဲ့နည်းပြတစ်ယောက်ဖြစ်ပေမယ့် ပွဲချိန်အတွင်း လူစားလဲမှုတွေ ၊ game plan နောက်တစ်မျိုးနဲ့ ပွဲစဥ်ကို ချဥ်းကပ်ရမယ့် အပိုင်းတွေမှာ သိပ်ကို အားနည်းလွန်းတယ် ။
ဒါပေမယ့် အန်ဇိုမာရက်စကာ အနေနဲ့ အရှေ့က သူလိုအပ်ချက်ရှိခဲ့တာတွေ ၊ အရှေ့မှာ သူလုပ်ခဲ့တဲ့ အမှားတွေကို သင်ခန်းစာ ကောင်းကောင်းယူကာ လီပါပူး နဲ့ ပွဲစဥ်မှာ အကောင်းဆုံးပြင်ဆင်နိုင်ခဲ့တယ် ။ အဓိက ခံစစ်မှူး တစ်ဦးမှ မရှိတဲ့ အချိန် အန်ဇိုမာရက်စကာ အတွက် လုပ်ရကိုင်ရခက်ခဲပေမယ့် ခက်ခဲတဲ့ ပြိုင်ဘက် အသင်းကို အနိုင်ရအောင် ကစားနိုင်ခဲ့တယ် ။ ဒီပွဲစဥ်မှာ အန်ဇိုမာရက်စကာ ရဲ့ လူစားလဲမှုတွေက ရာနှုန်းပြည့်မှန်ကန်ခဲ့ပြီး အရှေ့က အမှားတွေကို သင်ခန်းစားကောင်းကောင်းယူပြီး အစွမ်းကုန် ပြင်ဆင်လာခဲ့တယ်ဆိုတာ တွေ့မြင်ခဲ့ရတယ် ။ ဒါတွေက နည်းပြကောင်းတစ်ယောက်မှာ ရှိကိုရှိသင့်တဲ့ အရည်အချင်းတွေပဲဖြစ်ပါတယ် ။အန်ဇိုမာရက်စကာ အနေနဲ့လည်း အမှားတွေကနေ ကောင်းကောင်းသင်ခန်းစားယူပြီး တဖြည်းဖြည်း နဲ့ အကောင်းမွန်ဆုံးဖြစ်အောင် ပြင်ဆင်လာနိုင်ခဲ့ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#enzomaresca
#coach
#premierleague
#football
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)