စပါး အသင်းကို ငယ်နိုင်လိုဖြစ်နေတဲ့ ချဲလ်ဆီး အသင်း
ချဲလ်ဆီး အသင်းအနေနဲ့ အခုနောက်ပိုင်းရလာဒ်ပိုင်းတွေ ကောင်းမွန်နေတဲ့ စပါး အသင်း နဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။ ချဲလ်ဆီး အသင်းရော စပါးအသင်းရော နှစ်သင်းလုံးရဲ့ အဓိက ကစားသမားတော်တော်များများက ဒဏ်ရာပြဿနာ နဲ့ ရင်ဆိုင်နေရတာကြောင့် နည်းပြနှစ်ယောက်လုံးအနေနဲ့ အကောင်းမွန်ဆုံးဖြစ်မယ့် လူစာရင်း တစ်ခုနဲ့ ပွဲထွက်လာခဲ့တယ် ။ စပါး အသင်းက ချဲလ်ဆီး အသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံးကို ရှုံးနိမ့်ထားခဲ့တာပဲဖြစ်ပါတယ် ။ ဒါပေမယ့် ဒီရာသီမှာ ချဲလ်ဆီး အသင်းအနေနဲ့ အရင်နှစ်တွေလို လွယ်လွယ်ကူကူ အနိုင်ရရှိဖို့အတွက် ခက်ခဲလိမ့်မယ်လို မျှော်လင့်ခဲ့ကြတယ် ။ ဘာလို့လဲ ဆိုရင် တော်တင်ဟမ် စပါးအသင်း အနေနဲ့ ဒီအပြောင်းအရွှေ့ကာလမှာ အပြောင်းအလဲများစွာကို ပြုလုပ်ခဲ့တယ် ။ နည်းပြနေရာအတွက်လည်း ခံစစ်ကို ကျစ်ကျစ်လျစ်လျစ် ကစားပြီးတန်ပြန်တိုက်စစ်တွေ ၊ အမြင့်ဘောတွေနဲ့ ပြိုင်ဘက်ကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တဲ့ နည်းပြကြီး သောမက်ဖရန့်ကို ခန့်အပ်ခဲ့သလို ၊ အရည်အသွေးမြင့်ကစားသမားပေါင်းများစွာကိုလည်း ခေါ်ယူအားဖြည့်ပေးခဲ့တယ် ။
အဲ့တာကြောင့် ချဲလ်ဆီး အသင်းအနေနဲ့ စပါးအသင်းကို ပြီးခဲ့တဲ့ နှစ်တွေကလို လွယ်လင့်တကူ အနိုင်ရရှိဖို့အတွက် ခက်ခဲလိမ့်မယ်လို့မျှော်လင့်ခဲ့ကြတယ် ။ ဒါပေမယ့် Pre Match Plan ရော ပွဲအတွင်းချဥ်းကပ်တဲ့ ပုံစံတွေမှာရော စပါးနည်းပြ သောမက်ဖရန့် အနေနဲ့ အန်ဇိုမာရက်စကာ ကို အရှုံးပေးခဲ့ရတယ် ။ အန်ဇိုမာရက်စကာ အနေနဲ့ Pre Match Plan ကောင်းမွန်တဲ့ နည်းပြတစ်ယောက်ဖြစ်တာကြောင့် စပါးအသင်းကို ခက်ခဲအောင်ကစားနိုင်ခဲ့တယ် ။ အန်ဇိုမာရက်စကာ အနေနဲ့ စပါး အသင်း ရဲ့ တိုက်စစ်အသက်သွေးကြော ကစားသမားဖြစ်တဲ့ မိုဟာမက် ခူဒက် ကို ကစားပေါက်ခက်ခဲအောင် ကူကူရယ်လာကို 1 Vs 1 လူကပ်ကစားခိုင်းခဲ့တယ် ။ ပြီးတော့ မယ်လိုဂူစတို ကို သူ့ရဲ့ စိတ်ကြိုက်နေရာ ဖြစ်တဲ့ overlapping fullback အဖြစ် ကစားစေခဲ့တာကြောင့် မယ်လိုဂူစတို အနေနဲ့ အကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်ခဲ့တယ် ။ ဒီပွဲစဥ်မှာ စပါး အသင်းအနေနဲ့ ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ်ကို ဘယ်လိုမှ ယှဥ်ပြိုင်ပြီးမကစားနိုင်ခဲ့ပါဘူး ။
ချဲလ်ဆီး အသင်း အနေနဲ့ ကွင်းလယ်မှာ ရီစီဂျိမ်းကို တက်ကစားစေခဲ့ပြီး အန်ဇိုဖာနန်ဒက်ကို no 10 နေရာမှာကစားခိုင်းခဲ့တာကြောင့် ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ်က တော်တော်လေးကို အားကောင်းသွားခဲ့တယ် ။ စပါး အသင်းအနေနဲ့ ဒီရှုံးပွဲအပါအဝင် ချဲလ်ဆီး အသင်း နဲ့ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၄ ပွဲစလုံးကို အနိုင်ရရှိအောင် မကစားနိုင်ခဲ့ပါဘူး ။ ချဲလ်ဆီး အသင်းအနေနဲ့ စပါးအသင်းနဲ့ တွေ့ဆုံတိုင်း ဘယ်လောက်ခက်ခဲနေပါစေ အနိုင်ရရှိအောင်ကစားနိုင်သလို တော်တင်ဟမ် စပါး အသင်းအနေနဲ့လည်း ချဲလ်ဆီး အသင်းနဲ့ ရင်ဆိုင်ရတဲ့ အချိန်တိုင်းမှာ ရုန်းကန်နေရတာ ပုံမှန်လိုတောင်ဖြစ်နေပါပြီ ။ အမှန်တကယ်ပဲ စပါးအသင်း ကချဲလ်ဆီး အသင်းရဲ့ ငယ်နိုင်အသင်းတစ်သင်းဖြစ်ပြီလား ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#chelsea
#enzomaresca
#tottenhamhotspur
#premierleague
#football
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)