အဓိကကစားသမား(၂)ဦးမပါဝင်တာတောင်အသင်းကိုအကောင်းဆုံးတည်ဆောက်နေတဲ့ အန်ဇိုမာရက်စကာ
အန်ဇိုမာရက်စကာ ရဲ့ ချဲလ်ဆီး အသင်းက မနှစ်ကဘောလုံးရာသီပြီးဆုံးသွားတဲ့ အချိန်မှာ အောင်မြင်မှုတစ်ချို့ကို ရရှိခဲ့တယ် ။ ကွန်းဖရင့်လိဂ် ဖလား အပြင် ကလပ်ကမ္ဘာ့ဖလားကိုလည်း ရရှိခဲ့တယ် ။ ပြီးတော့ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာကိုလည်း ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တယ် ။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီ မစခင်မှာပဲ အသင်းခံစစ် ကို အဓိက ဦးဆောင်မောင်းနှင်ပေးနေတဲ့ လီဗိုင်း ကိုလ်ဝဲလ် က ကစားသမားတိုင်းကြောက်ရတဲ့ ACL ဒဏ်ရာနဲ့ ကြုံတွေခဲ့ရပြီး ရာသီဝက်လောက် အနားယူခဲ့ရသလို ရာသီအစပိုင်းမှာပဲ အသင်းတစ်သင်းလုံးရဲ့ အကောင်းဆုံးကစားသမားလည်းဖြစ် ၊ အသင်းရဲ့ တိုက်စစ်အသက်သွေးကြောလည်းဖြစ်တဲ့ ကိုလ်းပါမား ကိုလည်း ဒဏ်ရာပြဿနာကြောင့် ၂လလောက် ဆုံးရှုံးခဲ့ရတယ် ။ လီဗိုင်းကိုလ်ဝဲလ် နေရာအတွက် အန်ဇိုမာရက်စကာ က ဗဟိုခံစစ်မှုး တစ်ယောက် ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပေမယ့် ချဲလ်ဆီး အသင်းတာဝန်ရှိသူတွေကတော့ လျစ်လျူရှုခဲ့ကြပါတယ် ။
အဲ့တာကြောင့် ချဲလ်ဆီး အသင်းရဲ့ ခံစစ် က မာကျောကျစ်လစ်မှု မရှိတော့ပဲ တော်တော်ကို ရုန်းကန်ခဲ့ရတာပဲဖြစ်ပါတယ် ။ ခံစစ်က မာကျောကျစ်လစ် မှု မရှိတဲ့အပြင် အသင်းရဲ့ တိုက်စစ်အသက်သွေးကြောဖြစ်တဲ့ ကိုလ်းပါမား ကပါ ၂ လလောက်အနားယူခဲ့ရတာကြောင့် အသင်းရဲ့ တိုက်စစ် က လည်း အနည်းနဲ့ အများရုန်းကန်ခဲ့ရတယ် ။ ကိုလ်းပါမား မပါဝင်တာကြောင့် ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး ၂ ယောက်ဖြစ်တဲ့ ဂျာအို ပက်ဒရို နဲ့ လီယန် ဒီလပ် အနေနဲ့ တော်တော်လေးကို ရုန်းကန်ခဲ့ရတယ် ။ ကိုလ်းပါမား ပါဝင်တဲ့ အချိန် အသင်းရဲ့ အထောင်တိုက်စစ်မှူး ၂ ယောက်ဖြစ်တဲ့ ဂျာအို ပက်ဒရို နဲ့ လီယန် ဒီလပ် တို့က ကစားပေါက် ချောင်စေခဲ့ပြီး ကိုလ်းပါမား ရဲ့ မှော်ဆန်တဲ့ ဖန်တီးမှုတွေကြောင့်လည်း သူတို့ဂိုးသွင်းယူနိုင်ဖို့အတွက် လွယ်ကူစေခဲ့တယ် ။ ဒါပေမယ့် ကိုလ်းပါမား မပါဝင်တဲ့ အချိန် Low Block ၊ Mid Block ကို ကောင်းကောင်းကစားတက်တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန် ချဲလ်ဆီး အသင်းတိုက်စစ် က ရုန်းကန်ခဲ့ရတယ် ။ ဒီလို အသင်းရဲ့ အားထားရတဲ့ အဓိက ကစားသမား ၂ ဦးကို လက်လွှတ်ဆုံးရှုံးခဲ့ရပေမယ့် နည်းပြ အန်ဇိုမာရက်စကာ က အခြားထောက်တိုင် ကစားသမားတွေနဲ့သာ အဆင်ပြေသလို ရှေ့ဆက်ခဲ့ပြီး အကောင်းမွန်ဆုံး ရလဒ်တွေထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့တယ် ။
အန်ဇိုမာရက်စကာ အနေနဲ့ ချန်ပီယံလိဂ်မှာလည်း သင့်တင့်တဲ့ နေရာတစ်နေရာကို အပိုင်စားရယူထားသလို ပရီးမီးယားလိဂ်မှာလည်း အဆင့် ၂ နေရာမှာရပ်တည်နိုင်ခဲ့တယ် ။ ဒီနောက်ပိုင်း ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်က အားနည်းနေသေးပေမယ့် တောင်ပံ ကစားသမားတွေရဲ့ တိုးအား ၊ ရုန်းအား နဲ့ ဂိုးသွင်းအားကို အရင်ချိန်တွေကထက် ပိုမိုမြင်တွေ့ခဲ့ရသလို တဖြည်းဖြည်း နဲ့ အသင်းရဲ့ ခံစစ်ကလည်း အဆင်ပြေလာတာကို သတိထားမိတယ် ။ နောက်ပိုင်းပွဲစဥ်တွေမှာ Clean Sheet တွေလည်း ဆက်တိုက်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ခက်ခဲတဲ့ ပွဲစဥ်တွေကိုလည်း အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ပါတယ် ။ အသင်းရဲ့ အဓိက ကစားသမား ၂ ကို မပါဝင်တဲ့ အချိန် အသင်းကို အကောင်းဆုံး ထမ်းတင်ပေးနေတဲ့ နည်းပြကြီး အန်ဇိုမာရက်စကာ ကို ချီးကျူးရမှာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#chelsea
#levicolwill
#colepalmer
#midfielder
#premierleague
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )