အန်ဒရီ ဆန်းတို့စ် က ရိုစီညာ ရဲ့ ဝှက်ဖဲတစ်ချပ်လား ?
အန်ဇိုမာရက်စကာ ကိုင်တွယ်ခဲ့တဲ့ ချယ်ဆီး အသင်းထက် အခုလက်ရှိနည်းပြ လီယန်ရိုစင်ညာ လက်ထက် ကိုင်တွယ်နေတဲ့ ချယ်ဆီး အသင်းက ကွင်းလယ်ပိုင်း ပိုပြီးတော့ တောင့်တင်းနေတာကို သတိထားမိမှာပါ ။ အန်ဇိုမာရက်စကာ လက်ထက် က အန်ဇို ၊ ကိုင်စီဒို ၊ ပါးမား တို့ 3 ယောက်ကွင်းလယ်မှာ အန်ဇို နဲ့ ပါးမား က တိုက်စစ်ပိုင်းကို ပိုမိုလိုက်ပါကစားပြီး ခံစစ်ပိုင်းအတွက်ကတော့ ကိုင်စီဒို တစ်ယောက်တည်းက ကာကွယ်ပေးနေရတာပဲဖြစ်ပါတယ် ။ အဲ့တာကြောင့် ဘောလုံးကို ကိုင်ထားတဲ့ အခြေအနေကတော့ ရုတ်တရက် ဘောလုံးဆုံးရှုံးသွားပြီ ဆိုရင် ချယ်ဆီး အသင်းက ခံစစ်က လျော့တိလျော့ရဲ ဖြစ်နေတာပါ ။ အဲ့ပြဿနာကို လီယန်ရိုစင်ညာ က သူ့ရဲ့ တပည့် အရင်းဖြစ်တဲ့ အန်ဒရီ ဆန်းတို့စ် နဲ့ ကောင်းကောင်းကြီး ဖြေရှင်းပြခဲ့တယ် ။
ကိုင်စီဒို နဲ့ အန်ဒရီ ဆန်းတို့ကို Double Pivot ထိုင်ခိုင်းပြီး ပါးမား နဲ့ အန်ဇို ကို တိုက်စစ်ဦးစားပေးကစားစေခဲ့တယ် ။ ကိုင်စီဒို ကတော့ ပုံမှန်အတိုင်း ခံစစ်ကို အားပြုကစားပြီး အန်ဒရီ ဆန်းတို့စ် အနေနဲ့ကတော့ စထရာဘော့စ် အသင်းမှာ ကစားခဲ့တဲ့ အတိုင်း box to box ပုံစံနဲ့ ကစားတယ် ။ အဲ့လိုဖြေရှင်းလိုက်တာကြောင့် ကိုင်စီဒို အနေနဲ့လည်း အရင်လို ခံစစ်ကူတဲ့ အပိုင်းမှာ တစ်ယောက်ထဲဖြစ်မနေတော့ပဲ အများကြီး သက်သောင့်သက်သာဖြစ်သွားစေခဲ့တယ် ။ အန်ဇို ကတော့ အရင်အတိုင်း တစ်ကွင်းလုံးကို လိုက်ဖြည့်ဆော့ပေးတာကြောင့် လီယန်ရိုစင်ညာ လက်ထက်မှာ ချယ်ဆီး အသင်းရဲ့ ကွင်းလယ်က သိသိသာသာမာကျောလာခဲ့တယ် ။ အရင်ထက်လည်း ပြိုင်ဘက်အသင်းရဲ့ ကွင်းလယ်ကို စိုးမိုးတဲ့ အပိုင်းမှာ ပိုမိုအားကောင်းလာခဲ့သလို တိုက်စစ်အတွက်လည်း လှပတဲ့ passing ကို အမြဲလိုလိုပေးနိုင်နေတာကြောင့် တိုက်စစ်ပိုင်းအတွက်လည်း အများကြီး အထောက်အကူပြုခဲ့တယ် ။ အရင်နည်းပြဟောင်း အန်ဇိုမာရက်စကာ လက်ထက် မှာတော့ အန်ဒရီ ဆန်းတို့စ် အနေနဲ့ ထင်ထားသလောက် အလုပ်မဖြစ်ခဲ့ပါဘူး ။ အန်ဇို မာရက်စကာ ကလည်း အန်ဒရီ ဆန်းတို့စ် က သူ့ရဲ့ စိတ်ကြိုက်ကစားသမား မဟုတ်တာကြောင့် နေရာတစ်နေရာမပေးခဲ့ပါဘူး ။
ဒါပေမယ့် နည်းပြအသစ် လီယန် ရိုစင်ညာ ကတော့ သူ့တပည့် ရဲ့ အရည်အသွေးကို စထရာဘော့စ် အသင်းမှာကတည်းက ကောင်းကောင်းကြီး သဘောပေါက်တာကြောင့် ချယ်ဆီး အသင်း နည်းပြဖြစ်လာချိန်မှာလည်း နေရာတစ်နေရာကိုအပိုင်စားပေးခဲ့တာပဲဖြစ်ပါတယ် ။ လာဗီးယား ၊ အက်စ်ဆိုဂူ တို့ကလည်း မကြာခင် ဒဏ်ရာပြဿနာကနေ ပြန်လည်ကောင်းမွန်လာတော့မှာဖြစ်တာကြောင့် ချယ်ဆီး အသင်းရဲ့ ကွင်းလယ်က တော်တော်လေးကို ကျစ်လစ်သွားမှာပဲဖြစ်ပါတယ် ။ အန်ဇိုမာရက်စကာ လက်ထပ် အမြဲလိုလို မေးခွန်းထုပ်စရာဖြစ်နေခဲ့တဲ့ ချယ်ဆီး အသင်းရဲ့ ကွင်းလယ်ကို လီယန်ရိုစီညာကတော့ အန်ဒရီဆန်းတို့စ် နဲ့ ဖြေရှင်းပြလိုက်ပြီဖြစ်ပါတယ် ။ ဒီအတိုင်းဆိုရင် အန်ဒရီ ဆန်းတို့စ် က ရိုစီညာ ရဲ့ ဝှက်ဖဲတစ်ချပ် ဖြစ်နေမလား ။ ပရိသတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#chelsea
#liamrosenior
#coach
#andreysantos
#midfielder
#premierleague
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)