ဂျရေမီဂျက်ကွက်စ် ကို ခေါ်ယူဖို့အဆင်မပြေခဲ့ပါက မာကိုဆန်နက်စီ ကို ခေါ်ယူသွားမယ့် ချဲလ်ဆီးအသင်း
ချဲလ်ဆီး အသင်းပိုင်ရှင်တွေက အန်ဇိုမာရက်စကာ ချဲလ်ဆီး အသင်းကို ကိုင်တွယ်ခဲ့စဥ် အချိန်တုန်းက အကြိမ်ကြိမ်တောင်းဆိုခဲ့တဲ့ ဗဟိုခံစစ် ကစားသမား ခေါ်ယူပေးဖို့ကို ငြင်းဆိုခဲ့ပေမယ့် အခုလက်ရှိ နည်းပြသစ် လီယန် ရိုစင်ညာ ကိုင်တွယ်နေတဲ့ အချိန်မှာတော့ ဗဟိုခံစစ်မှုး တစ်ယောက်ကို အခု ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူပေးသွားဖို့အတွက် စောင့်ကြည့်နေတာပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်း ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ကစားသမားတွေထဲမှာ အဖြစ်နိုင်ဆုံး အပြောင်းအရွှေ့ကတော့ ဂျရေမီဂျက်ကွက်စ် ပဲဖြစ်ပါတယ် ။ဂျရေမီဂျက်ကွက်စ် က အသက် 20 သာရှိသေးတဲ့ လူငယ်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တာကြောင့် ချဲလ်ဆီး အသင်းပိုင်ရှင်တွေရဲ့ ပရောဂျက်မှာ အသင့်တော်ဆုံးဖြစ်နေတာပါ ။
ချဲလ်ဆီး အသင်းအနေနဲ့ ရန်းနက်စ် အသင်းရဲ့ လူငယ် ကစားသမား ဂျရေမီဂျက်ကွက်စ် ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ အကုန်ရရှိပြီးပြီဆိုပေမယ့် ပြင်သစ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရန်းနက်စ် အသင်းရဲ့ တောင်းဆိုတဲ့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးကြောင့်သာ ဒီအပြောင်းအရွှေ့က ရပ်တန့်နေရတာပဲဖြစ်ပါတယ် ။ ရန်းနက်စ် အသင်းက ဂျရေမီဂျက်ကွက်စ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း 55 ၊ 60 လောက်အလိုရှိနေပေမယ့် ချဲလ်ဆီး အသင်းပိုင်ရှင်တွေကတော့ ဂျရေမီဂျက်ကွက်စ် အတွက် ပြောင်းရွှေ့ကြေးကို သန်း 40 ၊ 45 သန်းလောက်သာ ပေးအပ်ချင်နေတာပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းပိုင်ရှင်တွေအနေနဲ့ ဂျရေမီဂျက်ကွက်စ် ကို ခေါ်ယူဖို့အတွက် ရန်းနက်စ် အသင်းနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုန်းတဲ့ နေရာမှာ အဆင်မပြေဖြစ်ခဲ့ပါက ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကစားသမား တစ်ဦးကို ခေါ်ယူပေးဖို့အတွက် စောင့်ကြည့်နေတာပဲဖြစ်ပါတယ် ။ အဲ့ဒီကစားသမားကတော့ ပရီးမီးယားလဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဘုန်းမောက် အသင်းရဲ့ ခံစစ်ကစားသမား မာကို ဆန်နက်စီပဲဖြစ်ပါတယ် ။
မာကို ဆန်နက်စီ ကို ခေါ်ယူဖို့အတွက် စာရင်းထဲမှာထည့်ထားတယ် ဆိုပေမယ့် အခုချိန် ချဲလ်ဆီး အသင်းကို အရောက်လာနိုင်ဆုံးကစားသမားကတော့ ဂျရေမီဂျက်ကွက်စ် ဖြစ်နေဆဲပါပဲ ။ ချဲလ်ဆီး အသင်း တာဝန်ရှိသူတွေကလည်း ရန်းနက်စ် အသင်း နဲ့ ဂျရေမီဂျက်ကွက်စ် ရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိအောင် ကြိုးစားနေတာပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းတာဝန်ရှိသူတွေ အနေနဲ့ နွေရာသီ အပြောင်းအရွှေ့ကာလကတည်းက ခေါ်ယူဖို့လိုအပ်တဲ့ ဗဟိုခံစစ်နေရာကို အခု ဇန်နဝါရီ အပြောင်းအရွှေ့မှသာ အရခေါ်ယူပေးသွားမှာပဲဖြစ်ပါတယ် ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ချဲလ်ဆီး အသင်းပိုင်ရှင်တွေရဲ့ လုပ်ဆောင်မှုတွေက မှန်ကန်မှုရှိရဲ့လား ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကေျးဇူးအများကြီး တင်ရှိပါတယ် ။
#mmmedia
#chelsea
#liamrosenior
#coach
#jeremyjacques
#marcossennec
#centreback
LATEST NEWS
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)