ရိုစင်ညာ လက်ထက်မှာ သိသိသာသာ တိုးတက်လာတဲ့ ဂျာအိုပက်ဒရို
ချဲလ်ဆီး အသင်း က ဒီနှစ်ဘောလုံးရာသီမှာ အသင်းရဲ့ တိုက်စစ်အတွက် အပြောင်းအလဲတော်တော်လေးပြုလုပ်ခဲ့တယ် ။ မနှစ်ကဘောလုံးရာသီ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်တဲ့ နီကိုလပ် ဂျက်ဆင် ၊ အန်ကူကူ တို့ကို အသင်းကနေရောင်းချခဲ့ပြီး တိုက်စစ်မှူး အသစ်တွေဖြစ်တဲ့ လီယန် ဒီလပ် ၊ ဂျာအို ပက်ဒရို တို့နဲ့ အသင်းရဲ့ တိုက်စ်ပိုင်းကို တော်တော်လေး ပြောင်းလဲပြင်ဆင်ခဲ့တယ် ။ ဒါပေမယ့် အန်ဇိုမာရက်စကာ လက်ထက်မှာ ချဲလ်ဆီး အသင်းရဲ့ တိုက်စစ် ကသိသိသာသာ တိုးတက်လာတာမျိုးကိုတော့မတွေ့ရပါဘူး ။ လီယန် ဒီလပ် ရော ဂျာအို ပက်ဒရို ရော နှစ်ယောက်စလုံး ခြေစွမ်းပြဖို့အတွက် တော်တော်လေးရုန်းကန်နေခဲ့ရတာပဲဖြစ်ပါတယ် ။ ဒါပေမယ့် နည်းပြအသစ် လီယန် ရိုစင်ညာ ရဲ့ လက်ထက်မှာတော့ တဖြည်းဖြည်း နဲ့ တိုက်စစ်ပိုင်းက အလုပ်ဖြစ်လာခဲ့တယ် ။ ဒီလပ် ၊ ဂျာအိုပက်ဒရို တို့အပြင် လူငယ်ကစားသမားလေး မက်ဂီယူး ပါ တိုးတက်လာခဲ့တာကို သတိထားမိတယ် ။
တိုက်စစ်မှုးသုံးယောက်လုံးက နည်းပြအသစ် လက်ထက်မှာ ပိုပြီး လွတ်လွတ်လပ်လပ် ကစားလာနိုင်တာကလည်း ကောင်းတဲ့ အချက်တစ်ချက်လို့ပဲပြောရမယ် ။ အဲ့ထဲမှာ အသိသာဆုံးကစားသမားကတော့ ဂျာအို ပက်ဒရို ပဲ ။ ဂျာအို ပက်ဒရို က ချဲလ်ဆီး အသင်းကို ရောက်ရောက်ချင်းတုန်းက အကောင်းမွန်ဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး သွင်းဂိုးတွေ ဆက်တိုက်ရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဥ်တွေမှာတော့ တဖြည်းဖြည်းနဲ့ ခြေစွမ်းတွေ ကျဆင်းလာခဲ့တယ် ။ အသင်းနဲ့ လိုက်ပါစီမျှောတဲ့ အပိုင်းတွေမှာလည်း ညံ့ဖျင်းလာခဲ့သလို တစ်ယောက်ထဲ ကစားနေရသလိုကြီးဖြစ်နေခဲ့တယ် ။ ဒါပေမယ့် နည်းပြအသစ် လက်ထက်မှာတော့ ဂျာအို ပက်ဒရို က ယုံကြည်မှု ပိုမိုမြင့်မားလာခဲ့သလို ပွဲတိုင်းလိုလို လဲ သွင်းဂိုးတွေ ရရှိအောင်စွမ်းဆောင်လာတာပဲဖြစ်ပါတယ် ။ ဂျာအိုပက်ဒရို အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ 3 ပွဲမှာ 3ပွဲဆက် ဂိုးတွေသွင်းနိုင်ခဲ့သလို အသင်း နဲ့လည်း တော်တော်လေး အချိတ်အဆက်မိမိ ကစားလာနိုင်ခဲ့ပါတယ် ။
နောက်ပိုင်း ပွဲစဥ်တွေမှာ ဂျာအိုပက်ဒရို ရဲ့ လှပသေသပ်တဲ့ သွင်းဂိုးတွေကို ဆက်တိုက်မြင်တွေ့နေခဲ့ရပါတယ် ။ ဒါက နည်းပြအသစ် လီယန် ရိုစင်ညာ နဲ့ အများကြီး သက်ဆိုင်ပါတယ် ။ အန်ဇိုမာရက်စကာ ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့တဲ့ ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်ကို နည်းပြအသစ် လီယန် ရိုစင်ညာ က ကောင်းကောင်းမွန်မွန် ကိုင်တွယ်ပြသနေတာပဲဖြစ်ပါတယ် ။ ဂျာအို ပက်ဒရို တစ်ယောက် နည်းပြအသစ် လီယန် ရိုစင်ညာ လက်ထက်မှာ ဘယ်လောက်အထိ ခြေစွမ်းပြသွားမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ် ။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ် ။
#mmmedia
#chelsea
#liamrosenior
#coach
#joaopedro
#footballer
#premierleague
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )