ရိုမီယို လာဗီးယား ရဲ့ ဒဏ်ရာပြဿနာကို သေချာကိုင်တွယ်ဖြေရှင်းရမယ့် ချဲလ်ဆီး
ချဲလ်ဆီး အသင်းက အပြောင်းအရွှေ့ကာလတွေမှာ အသင်းတစ်သင်းရဲ့ အရေးအပါဆုံးဖြစ်တဲ့ ကွင်းလယ်ပိုင်းအတွက် အသုံးစရိတ်တွေ များများစားစား အသုံးပြုကာ အကောင်းဆုံး ကွင်းလယ်အစုအဖွဲ့တစ်ခုကို အမြဲလိုလိုတည်ဆောက်လေ့ရှိတယ် ။ ကန်တီ ၊ ဂျော်ဂျင်ဟို ၊ ကိုဗာစစ် တို့ပြီးနောက် ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ်ကို ဦးဆောင်ပြီး ထိန်းကျောင်းကစားပေးမယ့် အန်ဇိုဖာနန်ဒက် ၊ ကိုင်စီဒို တို့လို အရည်အသွေးမြင့် လူငယ်ကစားသမားတွေကို ပေါင်သန်းရာကျော် အသုံးပြုပြီး အသင်းဆီကို မရမကခေါ်ယူခဲ့တယ် ။ အဲ့ဒီ အကျိုးဆက်တွေကို အခုချိန်မှာ ချဲလ်ဆီး အသင်းအနေနဲ့ ကောင်းကောင်းကြီး ခံစားနေရပြီ ကိုင်စီဒို ၊ အန်ဇို နှစ်ယောက်လုံးက အသင်းအတွက် မရှိမဖြစ်ကစားသမားတွေဖြစ်ကြတဲ့ အပြင် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးတွေကို ပွဲစဥ်တိုင်းလိုလိုပြသနေတာပဲဖြစ်ပါတယ် ။
ချဲလ်ဆီး အသင်းတာဝန်ရှိသူတွေအနေနဲ့ ကိုင်စီဒို ၊ အန်ဇို တို့နှစ်ယောက်လုံးက အသင်းအတွက် မရှိမဖြစ် ဒေါက်တိုင်ကစားသမားတွေဖြစ်တာကြောင့် ဒီကစားသမားတွေကို ဒဏ်ရာပြဿနာ မရရှိဖို့နဲ့ ပွဲပန်းတဲ့ ဒဏ်တွေကို လျော့ချနိုင်ဖို့အတွက် အန်ဒရီ ဆန်းတို့စ် ၊ ရိုမီယို လာဗီးယား ၊ အက်ဆိုဂူး တို့လို လူငယ်ကစားသမားတွေနဲ့ ဝန်းရံထားခဲ့တယ် ။ အန်ဒရီ ဆန်းတို့စ် က မနှစ်ကရာသီကတည်းက ချဲလ်ဆီး အသင်းရဲ့ မိတ်ဖက်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ စထရာဘော့စ် အသင်းမှာ အကောင်းမွန်ဆုံးခြေစွမ်းတွေကို ပြသထားနိုင်ခဲ့သလို ဒီရာသီချဲလ်ဆီး အသင်းမှာလည်း ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ဆက်လက်ပြသနိုင်တုန်းပဲဖြစ်ပါတယ် ။ အက်ဆိုဂူ ကလည်း ကုန်ကြမ်းသဘောမျိုးသာရှိသေးပြီး အန်ဇိုမာရက်စကာ အနေနဲ့ အများကြီး ပြုပြင်ပြောင်းလဲပေးဖို့လိုအပ်တာပဲဖြစ်ပါတယ် ။ ဒီကစားသမားတွေထဲမှာ ပြောစရာရှိတာက လာဗီးယားပဲ ။ ပရီးမီးယားလိဂ် နဲ့ အသားကျပြီးသား ကစားသမားတစ်ဦးဖြစ်တဲ့ အပြင် ပရီးမီးယားလိဂ် အတွေ့အကြုံများတာကြောင့် ချဲလ်ဆီး အသင်းမှာ အထိုင်ကျဖို့အတွက် သိပ်ပြီးတော့ အချိန်မပေးခဲ့ရဘူး ။ အရည်အသွေးမြင့်ပြီး အလားအလာရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်တာကြောင့် ချဲလ်ဆီး အသင်းက ပြောင်းရွှေ့ကြေး အများကြီးနဲ့ အရခေါ်ယူခဲ့တယ် ။
လာဗီးယား အနေနဲ့ ချဲလ်ဆီး အသင်းကို ရောက်ရှိလာတဲ့ ၃ ရာသီအတွင်းမှာ ခြေစွမ်းပြ ကစားတဲ့ ပွဲအရေအတွက်ထက် ဒဏ်ရာကြောင့် မကစားရတဲ့ ပွဲအရေအတွက် က ပိုများနေတာပဲဖြစ်ပါတယ် ။ လာဗီးယား အနေနဲ့ ဒဏ်ရာပြဿနာကြောင့် ပွဲ ၇၀ ကျော် ကို မကစားပေးနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ ဒီပြဿနာ က ခပ်သေးသေးမဟုတ်ပါဘူး ။ လစာငွေနည်းပါးတယ် ၊ အသက်အရွယ် ငယ်သေးတာမှန်ပေမယ့် ဒီလို ဒဏ်ရာမှတ်တမ်းဆိုးကြီးက လာဗီးယား ရဲ့ ကစားသမား ဘဝ ကို အနှောက်အယှက်ဖြစ်စေပါတယ် ။ ဒီပြဿနာ ကို ချဲလ်ဆီး အသင်းတာဝန်ရှိသူတွေအနေနဲ့ သေချာ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖြေရှင်းသင့်တာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#romeolavia
#injury
#midfielder
#premierleafue
LATEST NEWS
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )
Hull City Vs Chelsea (Post Match Review)