စပိန် အသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာပါဝင်နိုင်ဖို့အတွက် ပွဲကစားချိန်ပိုမိုလိုအပ်နေတဲ့ မက်ဂီယူ
ဒီအပြောင်းအရွှေ့ကာလမှာ မက်ဂီယူ အနေနဲ့ ချဲလ်ဆီး အသင်းဆီကနေ ဒီရာသီမှ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ ဆန်းဒါးလန်း အသင်းထံ တစ်ရာသီ အငှားသွားရောက်ခဲ့တယ် ။ ဆန်းဒါးလန်း အသင်းမှာ ထိုက်သင့်သလောက် ခြေစွမ်းတွေပြသနေသလို ၊ သွင်းဂိုးတွေ ရရှိအောင်လည်းစွမ်းဆောင်နိုင်ခဲ့တယ် ။ အဲ့အချိန်မှာပဲ ချဲလ်ဆီး အသင်းအနေနဲ့ အထောင်တိုက်စစ်နေရာအတွက် ဒီအပြောင်းအရွှေ့ကာလမှ ခေါ်ယူထားတဲ့ လီယန် ဒီလပ် တစ်ယောက် အပြောင်းအရွှေ့ကာလမပိတ်သိမ်းခင် အချိန်ကာလ ကြာမြင့်စွာ အနားယူရမယ့် ဒဏ်ရာပြဿနာ ရရှိသွားခဲ့တာကြောင့် ချဲလ်ဆီး အသင်းအနေနဲ့ လိုအပ်နေတဲ့ အထောင်တိုက်စစ်မှူးနေရာအတွက် ဘိုင်ယန်မြူးနစ် အသင်း ထံ ဆေးစစ်ဖို့သွားရောက်နေတဲ့ ဂျက်ဆင် ကို ပြန်လည်ခေါ်ယူခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့တာကြောင့် ဆန်းဒါးလန်း အသင်းထံ အငှားသွားရောက် ကစားနေတဲ့ မက်ဂီယူ ကိုသာ အသင်းထံ ပြန်လည်ခေါ်ယူခဲ့တယ် ။
ဒီလိုနဲ့ပဲ မက်ဂီယူတစ်ယောက် ချဲလ်ဆီး အသင်းထံ ကို ပြန်လည်ရောက်ရှိခဲ့တယ် ။ မက်ဂီယူ က အတိုးအလှုပ်ကောင်းကောင်း နဲ့ တိုက်စစ်မှာ ပြိုင်ဘက် ကစားသမားတွေကို ဖိအားကောင်းကောင်းပေးနိုင်သလို ၊ သွင်းဂိုးတွေလည်း အမြဲလိုလိုရရှိအောင် စွမ်းဆောင်နိုင်တဲ့ လူငယ်တိုက်စစ်မှူးတစ်ဦးဖြစ်တယ်ဆိုတာကို မနှစ်ကဘောလုံးရာသီကတည်းက သက်သေပြပြီးသားပါ ။ မက်ဂီယူ အနေနဲ့ ပွဲထွက်ခွင့်ရရှိတဲ့ အချိန်တိုင်းမှာ အကောင်းမွန်ဆုံးခြေစွမ်းတွေ ၊ မဆုတ်မနှစ်ကြိုးစားမှုတွေကိုပြသနိုင်ခဲ့တယ် ။ ဒီရာသီ အသင်းရဲ့ တိုက်စစ်အတွက် ချဲလ်ဆီး အသင်းကို ပြန်လည်ရောက်ရှိလာခဲ့ပေမယ့် အစောပိုင်းအချိန်တွေမှာတော့ နည်းပြ အန်ဇိုမာရက်စကာ အနေနဲ့ တိုက်စစ်နေရာအတွက် မက်ဂီယူ ကို ချန်လှပ်ထားခဲ့ပေပြီး ဂျော့ ကိုသာ အသုံးပြုခဲ့တယ် ။ ဒါပေမယ့် အဆင်မပြေခဲ့ပါဘူး ။ အန်ဇိုမာရက်စကာ ရဲ့ ကစားကွက်မှာ အထောင်တိုက်စစ်မှုးတစ်ဦးရဲ့ အခန်းကဏ္ဍ နဲ့ တာဝန်တွေက သိပ်ကိုကြီးမားလွန်းပါတယ် ။ တစ်ဖက် ပြိုင်ဘက်တွေကို ဖိအားပေးကစားရမှာဖြစ်သလို ၊ link up play ၊ Hold Up Play လည်း ကောင်းကောင်းကစားနိုင်ရမယ် ။ ကိုယ့်ရဲ့ တောင်ပံ ကစားသမားတွေအတွက်လည်း နေရာအလွတ်တွေအများကြီး ရှာဖွေပေးနိုင်ရမယ် ။
ဒီအချက်တွေကို ဂျော့ လို လူငယ်တောင်ပံ ကစားသမားတစ်ယောက်အနေနဲ့ အကောင်းမွန်ဆုံးဖြစ်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး ။ချဲလ်ဆီး အသင်းအနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ လီပါပူး ၊ နော်တင်ဟမ် နှစ်ပွဲလုံးမှာ မက်ဂီယူ ကို လူစားလဲခဲ့ပြီးမှ အနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့သလို ၊ မက်ဂီယူ ရဲ့ အရေးပါပုံကိုလည်း သဲသဲကွဲကွဲ မြင်တွေ့ခဲ့ရတယ် ။ ဒီပုံစံ အတိုင်းဆိုရင် နောက်လာမယ့် ပွဲစဥ် တွေမှာလည်း အန်ဇိုမာရက်စကာ အနေနဲ့ မက်ဂီယူကို ပွဲကစားချိန်ပိုမိုပေးနိုင်တယ် ။ စပိန် လက်ရွေးစင် အသင်းအနေနဲ့ကလည်း လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ လူစာရင်းမှာ မက်ဂီယူ ကို အခြားလူငယ်ကစားသမားတွေနည်းတူ အခွင့်အရေးပေးသွားဖို့ စဥ်းစားနေပြီး မက်ဂီယူ အနေနဲ့ လက်ရှိခြေစွမ်းကို ဆက်လက်တိုးတက်အောင် ကြိုးစားနေရဦးမယ့် အပြင် လက်ရှိရရှိနေတဲ့ ပွဲကစားချိန်တွေထက် ပိုမိုများပြားတဲ့ ကစားခွင့်တွေကို ရရှိဖို့တော့ လိုအပ်နေတာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#spain
#worldcup
#marcguiu
#striker
#premierleague
LATEST NEWS
Top 5 Football Clubs with the Highest Average Matchday Revenue in the 21st Century
Kai Havertz set to miss another three weeks with hamstring injuryKai Havertz set to miss another three weeks with hamstring injury
Chelsea to make changes to goalkeeper and striker in summer
Atletico Madrid Vs Barcelona ( Post Match Review )